Steemit Platform နှင့်ပါတ်သက်၍ ဆောင်းပါးများ အတော်များများရေးခဲ့ပြီးပြီ ဖြစ်၍ ထွေထွေထူးထူး ရေပြရန်တော့မရှိပါ။ သို့ သော် များမကြာမှီ ပြန်လည်အသက် ဝင်လာမည့် promotion နှင့်ပါတ်သက်၍ အသိပေးလိုပါသည်။ အားလုံးသိသည့် အတိုင်း SBD သည် တန်ဖိုးရှိသောငွေကြေးတရပ်အဖြစ်ရပ်တည် နေပြီဖြစ်သည်။
Steem အတွက်လည်း စိတ်ပူရန်မရှိပါ။ မိမိတို့ ပူရမည်မှာ ဤကဲ့သို့ promotion ဖြင့် အကူအညီ ပေးသူများမရှိသည့် အခါ မိမိတို့ ရှိသော SP များဖြင့် မည်သို့ ရပ်တည်ကြမည်ကို သာ စိတ်ပူစေချင်ပါသည်။ Steem ဈေးကျခြင်းနှင့် အတူ promotion အရနည်း လာသည့် နောက်တွင် MSC တွင် post တင်ကြသူများသိသိသာသာ နည်းသွာကြပါသည်။
အကြောင်းအမျိုးမျိုးကြောင့်ရပ်သွားသူများလည်းရှိပါလိမ့်မည်။ ယခင်က မိမိတို့ MSC သည် Steemit Platform tag list ၏ ထိပ်တန်း ၅၀ တွင်တနေရာရှိခဲ့ပါသည်။ သို့သော် promotion နည်းလာသောအခါ post တင်ကြသူနည်းပါးလာ၍ ယခုတော့ ထိပ်တန်း ၅၀ နားပင်မကပ်နိုင်တော့ပါ။
SBD ဈေးတက်လာပြီး နောက် post တင်ကြသူများလာသလို ယခုကဲ့သို့ promotion များပြန်လည် ရလာလျင် စာရေးသားခြင်း ရပ်နားထားသူများ ပြန်လည် ဝင်ရောက်လာပါလိမ့်မည်။ ဤတွင် promotion နှင့်ပါတ်သက်၍ အနည်းငယ်အသိပေးလိုပါသည်။ post promotion မှာ အားလုံးကို တန်းတူ ရစေချင်သော စေတနာကြောင့် မိမိတို့ admin များ အပင်ပန်းခံ၍ပြုလုပ်ပေးနေခြင်းဖြစ်ပါသည်။
အဘယ်ကြောင့်ဆိုသော် promotion ရလာပြီဆိုသည်နှင့် အချောင်လိုချင်သူ သူခိုးများလည်း ပါလာကြတော့မည်။ promotion post တိုင်းအား Admin များက စီစစ်ရတော့မည်။ မစစ်၍ မရပါ ။ မိမိတို့ အား အကူအညီပေး၍ vote ပေးနေကြသူများသည် အခြားနိုင်ငံများမှ ဖြစ်ပါသည်။ promotion တင်လာသော post တွင် cheetah ပါလာပါက မိမိတို့ အား အလွန်ပင်အထင်သေးပါသည်။
ထို့အတူ cheetah ထိထားသောဆောင်းပါးအား မည်သူမျှ vote မပေးချင်ပါ။ Reputation ထိခိုက်၍ ဖြစ်ပါသည်။ မိမိတို့ MSC admin များအနေဖြင့်လည်း အလွန်ပင် အလုပ်များရပါသည်။ မိမိတို့ ဆောင်းပါးလည်း ရေးရ ၊ အခြားသူ ဆောင်းပါးများလည်း မဖြစ်မနေ လိုက်ဖတ်ရ၊ သံသယ ဖြစ်ဖွယ် ဆောင်းပါးပါလာလျင် ရင်းမြစ်လိုက်ရှာရနှင့် အလွန်ပင် ပင်ပန်းလှပါသည်။
မိမိတို့ internet bill အကုန်ခံ၍ အခြားသူ များအတွက် စေတနာ့ ဝန်ထမ်းရသည်မှာ အတော်ပင်မလွယ်ပါ။ ဤသည်ကို အခွင့်ကောင်းယူ၍ ခိုးယူ ကူးယူထားသောဆောင်းပါးများဖြင့် promotion ပေါ်လာတင်ထားလျင် အလွန်လည်း ဒေါသထွက်ရပါသည်။ ထို့ ကြောင့် ခိုးယူ ကူးယူထားသော ဆောင်းပါးများဖြင့် promotion ရယူထားကြောင်း သက်သေပြနိုင်လျင် MSC မှ ထုတ်ပယ်ခံရမည် အပြင် Myanmar Steemit Community Facebook ပေါ်မှ ဓါတ်ပုံ နှင့်တကွ အရှက်ခွဲခံရမည်ဖြစ်ကြောင်းလည်း အသိပေးလိုပါသည်။
ဤကဲ့သို့ ဆောင်းပါးများရေး၍ SBD ရှာဖွေရာတွင် အများသူငှာများရ သလို မိမိ ရချင်လျင် အများကဲ့သို့ ကြိုးစားရန် လည်းတိုက်တွန်းလိုပါသည်။ လက်ရှိအခြေအနေမှာ SBD ဈေးတက်သွား၍ Steemit Platform ကို လူအများစိတ်ဝင်စားလာကြခြင်းဖြစ်ပါသည်။ ၂၀၁၈ နှစ်ဆန်းပိုင်းလောက်တွင် SMT project များ ဝင်ရောက်လာသောအခါ Steem ကလည်း မဖြစ်မနေ ဈေးထိုးတက်သွားပါလိမ့်မည်။
ဤကဲ့သို့ Steemit Platform တွင် reputation နှင့် နေရာတခု ရယူနိုင်ရန် မိမိကြိုးစားအားထုတ်မှုမပါပဲမဖြစ်နိုင်ပါ။ ယခု SBD ၏ တန်ဖိုးသည် USD1$ ထက်အဖိုးတန်သောနေရာတွင်ရှိနေပြီ ဖြစ်၍ မိမိတို့ ၏ SBD ပြားကဏန်းတိုင်းသည်လည်း တန်ဖိုး မြှင့်တက်လာနေပြီုဖြစ်သည်။ ယခု promotion တွင် ဆောင်းပါးများသာမက , ဓါတ်ပုံ၊ ပန်းချီ၊ ကာတွန်း နှင့် ကဗျာ များလည်း ထည့်သွင်း ပေးသွားမည်ဖြစ်ပါသည်။
သို့ သော် Steemit Platform ၏ မူအရ မိမိကိုယ်တိုင်ဖန်တီးထားသော ၊ ပြုလုပ်ထားသော အရာ၊ အနုပညာများ ဖြစ်ရပါမည်။ ဓါတ်ပုံ ဟု ဆိုရာ၌ မိမိဖုန်းဖြင့် တွေကရာများရိုက်၍ promotion တင်ခြင်းကို လက်မခံပါ။ မည်သည့် camera အမျိုးအစား ၊ မည်သည့် မှန်ဘီလူး အမျိုးအစားများ ဖြင့် ဤဓါတ်ပုံ တခု ဖြစ်ပေါ်လာစေရန် ဖန်တီးလိုက်သော တနည်းအားဖြင့် မိမိ၏ အချိန် လုပ်အား အသုံးပြုလိုက်ပုံ တို့ ဖြင့် သေချာရှင်းပြနိုင်ရပါမည်။
ဤသို့ မဟုတ်လျင် MSC members များအားလုံး smart phone ကိုယ်စီရှိ၍ ဓါတ်ပုံပညာရှင်များ ဖြစ်ကုန်ပါလိမ့်မည်။ ပန်းချီနှင့် ကာတွန်းမှာလည်း ထိုနည်း လည်းကောင်းသာ။ မိမိ ကိုယ်တိုင် ဖန်တီး ယူသောအနုပညာ ဖြစ်ရပါသည်။ မည်သို့ မည်မျှ ပင် စည်းကမ်းချက် ချထားသော်လည်း မလိမ့်တပတ်ဖြင့် promotion ကို အချောင်ရယူုကြသူများ ရှိနေအုံးမည်သာဖြစ်ပါသည်။
အဘယ့်ကြောင့်ဆိုသော် စာရေးခြင်း ၊ ဆောင်းပါး ရေးခြင်း ၊ ပန်းချီ ကာတွန်းဆွဲခြင်း နှင့် အနုပညာဖန်တီး ခြင်းတို့တွင် ပါရမီနှင့် ဝါသနာ အရင်းခံလိုအပ်သလို ထိုအရာတို့ အပေါ်၌ လေးစားစိတ်ရှိမှ ပြုလုပ်နိုင်သောအရာဖြစ်ပါသည်။ သို့သော် ပိုက်ဆံရှာခြင်း အပေါ်၌ မူ သင့်တော်၏ မသင့်တော် ၏ အသာထား ငါပိုက်ဆံရဖို့ အရေးကြီးတယ် ဟူသော စိတ်ထားသူများအဖို့ ကာ စည်းကမ်း ချက်များ မှာအသုံးမဝင်လှပါ။
ပိုက်ဆံရလျင် မိမိ အရှက်ကွဲလည်း အရေးမကြီး ဟုခံယူကြသူများသာဖြစ်ကြပါသည်။ promotion post ထဲတွင် ထိုသူများ ပါဝင်လာပါက သေချာပေါက်အရှက်ရမည်ဖြစ်ကြောင်းလည်း ပြောလိုပါသည်။
ကျွန်တော့ အနေဖြင့် အကြိမ်ကြိမ် ပြောခဲ့ပြီး ဖြစ်သော ဤစကားအား ထပ်မံပြောရပါလိမ့်မည်။ မိမိ အနေဖြင့် မြန်မာလူငယ်တယောက် အနေဖြင့် အစွမ်းအစ ရှိနေချိန်တွင် သူများထက် ၂ ဆ ကြိုးစားပြလိုက်မယ်ဟူသော စိတ်ဓါတ်များ ထွက်မလာပဲ သူများလောက်လုပ်စရာမလို ပဲ ဘယ်လို အချောင် ရနိုင်မလဲ စဉ်းစားကြသူလူ ငယ်များအဖို့ MSC မှ အရှက်တကွဲ အထုတ်မခံရမှီ ကြိုတင် စဉ်စား၍ မိမိကိုယ်တိုင်ရေးသားထားသော post ဟုတ်ပါသလား ၊ ကူးယူထားသော ဆောင်းပါး ဖြစ်ပါသလား ဆိုသည်မှာ မိမိကိုယ်တိုင်အသိဆုံးသာဖြစ်ပါသည်။
အချုပ်ဆိုရသော် ဤ promotion ဟူသောအရာမှာ မိမိ တို့ မြန်မာလူမျိုး အထူသဖြင့် အင်္ဂလိပ်စာကို အသုံးမပြု သည့် နိုင်ငံတွင်လည်း Steemit Platform ပေါ်တွင် အောင်မြင်လိုကြသူများတကယ်ရှိသောကြောင့် ဤ မိမိ ကိုယ်ပိုင်အရည်အချင်းကို ပြသနေကြသော မြန်မာလူငယ်မောင်မယ်များအား တတ်အားသမျှကူညီကြပါရန် နိုင်ငံတကာသို့ တောင်းခံထားသော အကူအညီ ဖြစ်ပါသည်။ မည်မျှရမည် မည်သည့် အချိန်အထိ ရရှိနေမည်မှာ မသေချာလှပါ။
အဘယ့်ကြောင့် ဤသို့ အောက်ကျ နောက်ကျခံ၍ အကူအညီတောင်းရပါသနည်း ဟု ဆိုလျင် မိမိ တို့တွင် Steemit Platform တွင် ရင်းနှီးမြုပ်နှံထားသော လုပ်ငန်းရှင် တယောက်မျှမရှိပါ။ မိမိတို့အား လက်တွဲခေါ်မြင့်တင်ပေးမည့် SP မြင့်မားသော မြန်မာများမရှိ၍ မိမိတို့မှာ ကိုယ်လျှောက်ရမည့်လမ်း ကိုယ်ဖေါ်က်နေရခြင်းဖြစ်ပါသည်။
ထို့ ကြောင့် ဤ ကောက်ရိုးတမျှင် ဖြစ်သော promotion အကူအညီ ပေးနေသူများရှိတုန်ုး အတတ်နိုင်ဆုံး စောင့်ရှောက်ပါရန်နှင့် အကျိုးရှိစွာ အသုံးချပါမည့် အကြောင်း သတိပေးလိုက်ရပါသည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Photos credit; Google Image
Author : Henry Aung ( Kachin )
MSC : 001