လက်ရှိ Myanmar Steemit community တွင်ဖြစ်ပေါ်နေသော ပြသနာမှာ လူသစ်များဝင်လာလျင် ဘယ်ကဘယ်လို စရမည်မှန်း မသိ , သူငယ်ချင်းများအား လိုက်မေး ၍ post တင်လျင် ပိုက်ဆံရမည် လောက်သာ သိသည်။ သေသေချာချာ ရှင်းပြပေးသူများမရှိပါ။ ကျွှန်တော် ရေးသားထားခဲ့သော Steemit Platform ပေါ်တွင် ရောက်ရှိနေသော မြန်မာလူငယ်များ အတွက် ဆောင်းပါး ၁-၇ ထိရှိပါသည်။ အသေးစိတ် မဟုတ်တောင် , အတန်အတင့် တော့ newbie များအတွက် အထောက်အကူဖြစ်ပါသည်။ မရှာတတ်၍လား သို့မဟုတ်, မဖတ်ခြင်၍လား တော့ မသိပါ။ ယခု နောက်ပိုင်း တက်လာကြသော newbie များ၏ introducing post မှစ၍ အမှားများစွာရှိနေသေးသည်။ introducing post မှာ တကယ်ကောင်းလျင် ပထဦးဆုံး ပိုက်ဆံ အများဆုံး ရသော , ကိုယ်ကို လူသိစေသော post ဖြစ်ပါသည်။ ယခုမှာ ထို အခွင့်အရေးကို ဆုံးရှုံးလျက်ရှိပါသည်။ ဤတွင်လက်ရှိဖြစ်နေသော အနေအထားအား အနည်းငယ် ရှင်းပြလိုပါသည်။ ဆရာကြီးလုပ်သည်တော့ မဟုတ်ပါ။
မိမိတို့သည် Steemit ကို Facebook မှ တဆင့် အများသိစေရန် လုပ်ဆောင်လိုက်သောအခါ, တလ အတွင်း member ၂၅၀ ကျော်သွားပြီဖြစ်ပါသည်။ ဤတွင် members အမျိုးအစား လေးမျိုးခွဲထွက်သွားပါသည်။ ပထမ အမျိုးအစားမှာ , cryptocurrency ကိုသိပြီးဖြစ်သော, mining လည်း ပြုလုပ်ပြီး poloniex ကဲ့သို့ သော market တွင်လည်း ရောင်းဝယ် တတ်သောသူများဖြစ်ပါသည်။ ထိုသူများမှာ digital currency နှင့် ရင်းနှီးပြီးနေသူ ဖြစ်၍ အများကြီး guide လုပ်စရာမလိုပါ။ သူဖာသာသူ research ပြုလုပ်၍ တက်သွားမည်ဖြစ်ပါသည်။ ဒုတိယ အမျိုးအစားမှာ , digital currency ကို သိနေပြီး ဈေးကွက်ရှိနေသည်ကိုလည်းသိနေပါသည်။ သို့သော် အသိ ဗဟုဟုတ အားနည်းနေမှုကြောင့် မည်က စရမည်ကို မသိပဲ စမ်းလုပ်နေကြသူများဖြစ်ပါသည်။ ဤဒုတိယ အမျိုးအစားမှာ အမှန်ပင် guide လုပ်ပေးရန်လိုအပ်သဖြင့် ကျွှန်တော် ဆောင်းပါးများ ကြိုးစားပြီးရေးသားနေရခြင်းဖြစ်ပါသည်။ ထို့ ကြောင့် ကျွှန်တော့ ဆောင်းပါများသည်, Steemit ကို မည်သို့ စရမည်မှ မည်သို့ ပိုက်ဆံထုတ်ယူရမည် ထိ ဖေါ်ပြပြီးဖြစ်သည်။ တတိယအမျိုးအစားမှာ digital currency ကိုလည်းမသိသေး post တင်လျင် ပိုက်ဆံရနိုင်သည်ဟူ၍ လက်တည့်စမ်းနေကြသူများဖြစ်သည်။ ထိုသူများအတွက်တော့ အစအဆုံး အသေးစိတ် သင်ပေးမှ ဖြစ်ပါမည်။ တတိယအမျိုးအစားမှာ လက်တည့်စမ်းသူများဖြစ်ကြသဖြင့် တင်ချင်ရာတင် လုပ်ချင်ရာလုပ် ပြုလုပ်ကြသဖြင့်cheetah comment ထိလည်းဂရုမစိုက် , steem cleaner ဝင်ရောက် ရှင်း ထုတ် လာရသည်အထိ ဖြစ်ပေါ်လာပါသည်။ steem cleaner အဆင့်ထိရောက်လာလျင် အခြေအနေတော်တော်ဆိုးနေပြီ ဖြစ်သဖြင့် မိမိ account အားထိန်းချုပ်လိုက်ပြီ ဖြစ်ပါသည်။ မိမိ ပိုက်ဆံအား ပြန်လိုချင်လျင် လုံလောက်သော ရှင်းပြမှုများပြန်လုပ်ရပါမည်။ cheetah အကြိမ်ကြိမ် ထိထားသူများ အင်မတန် သတိထားရပါမည်။
နောက်တခု အရေးကြီးသည်မှာ Steemit သည် reputation နှင့် သွားကြသော system ဖြစ်ပါသည်။ open social media ဖြစ်ပါသည်။ Steemit Platform တွင် steem power ရှိပြီးသောသူများသည်, မိမိ vote ပေးမည့် post သာမက မိမိ account ကိုစိတ်ဝင်စားလျင် မိမိ blog အထိ ဝင်ရောက် စာဖတ်ကြပါသည်။ မိမိကိုလည်း လေ့လာပါသည်။ မည်သည့် စာ အမျိုးအစား ရေးသည် ကိုလ့လာပါသည်။ သူတို့ ကျေနပ်လျင် မိမိ ကို follow လုပ်ကြပါသည်။ ထို့ကြောင့် ယခုမှ အစဝင်လာကြသော newbie များသည် မိမိ တို့ reputation ပြနိုင်ရန်အလွန်အရေးကြီးပါသည်။ စ တင်သည့် introducing post မှ စပြီး cheetah ထိနေလလျင်တော့လည်း မပြောပြတတ်တော့ပါ။ စတုထ္တ အမျိုးအစားမှာ ငါနင့်ထက်ပိုတတ်တယ်, ဘာမှ လာရှင်းပြစရာမလိုဘူး ဟူသော အမျိုးအစားဖြစ်ပါသည်။ ငါပိုင်တဲ့ blog မို့ ငါတင်ချင်ရာတင်မယ် ဟူသောသူများဖြစ်ပါသည်။ ထိုသူများအတွက်တော့ ကျွှန်တော့တွင် နည်းလမ်းမရှိသေးပါ။ ဝမ်းနည်းပါသည်ဟုသာ။ ကျွှန်တော်တို့ မြန်မာ လူငယ်များသည် (အားလုံးကို မဆိုလိုပါ) အများအားဖြင့် အရေမရအဖတ်မရ အတင်းအဖြင်း သတင်းများ အကြောင်း အရာများသာ ဖတ်လိုကြသည်။ နည်ပညာအကြောင်း , အကျိုးတစုံတရာ ရရှိမည့် ကြောင်းဆိုလျင် ကျော်သွားတတ်ကြပါသည်။ အထူးသဖြင့် စာရှည်ရှည်ရေးထားသော အကြောင်းအရာဆိုလျင် ပို၍တောင် မဖတ်လိုကြပါ။ မိမိကိုယ်ကို research လုပ်ရမည်ကို အလွန်ဝန်လေးတတ်ကြသည်။ ကိစ္စမရှိပါ , ယခု ကျွှန်တော်တို့ ပြောဆို လုပ်ကိုင် ရှာဖွေနေသော digital currency ဆိုသည်မှာ အနာဂါတ် ငွေကြေးဖြစ်ပါသည်။ မိမိ လေ့လာမှုအားနည်း၍ မလေ့လာပဲ နေလျင် မိမိ သာ ကျန်ခဲ့မည်ဖြစ်ပါသည်။ တနည်းအားဖြင့် စကားကြီးစကားကျယ်ဖြင့် ပြောရလျင် ကျွှန်တော်တို့မှာ ငွေကြေး ခေတ်ပြောင်း တော်လှန်ရေးကာလတွင်ရောက်ရှိနေကြပါသည်။ အစဦးတွင် လူတို့ ပစ္စည်းချင်း ဖလှယ်ကြသည်။ နောက် ရွှေတုံး, ငွေ တုံး , ရွှေပြား ငွေပြား, ကြေးပြား, ထို့ နောက် စက္ကူဖြင့် ရိုက်နှိပ် ထုတ်ဝေသော ငွေကြေး , ထို့ နောက် ယခု ကိုင်တွယ်စရာ မလိုသော , အရာရာ တွင် scan ဖတ်၍ ဝယ်ယူ ရောင်းဝယ် နိုင်သော digital currency ခေတ်ကို ဦးတည်နေကြသော အခါကာလဖြစ်ပါသည်။ ယခု အချိန်အခါကို အနောက်နိုင်ငံမှ လူများက cryptocurrency gold rush ဟုခေါ်ကြပါသည်။
အရင်ဦးသူများက ဖေါ်စား၍ အကျိုးအမြတ်တွေရနေကြပါသည်။ ဤတွင် ကျွှန်တော်တို့ မြန်မာလူမျိုးများလည်း များစွာ နောက် မကျ သေးပါ။ လက်ရှိ ကျွှန်တော်တို့ စတင်သူများမှာ အပင် စိုက်သူများ ဖြစ်ကြပါသည်။ ယခုမှစ၍ ကြိုးစား လုပ်ဆောင်သွားလျင် နောက်နှစ် လောက်တွင် လူတိုင်တွင် steem power 1000 လောက်တော့ရှိနေလောက်ပါပြီ။ နောင်လူတို့အား လက်တွဲခေါ်သွားရုံသာ။ ပြသနာမှာ စာရေးတင်ရသော blog ဖြစ်သဖြင့် ဘာတွေ ရေးတင်ရမတုန်း ဟူသောပြသနာဖြစ်ပါသည်။ လူတိုင်း စာ ရေး ကောင်းသော စာရေးစရာများ မဖြစ်နိုင်ပါ။ post သုံးလေးခု ရေးပြီးသွားလျင် ရေးစရာရှာမရတော့ပါ။ ဤတွင်ကျွှန်တော် အကြံပေးလိုသည်မှာ Steemit homepage ထဲရှိ tags and topics ထဲတွင် ဝင်ရောက်၍ မိမိ ဘယ်အရာကို ဝါသနာပါသည်, ဘယ်အကြောင်းအရာကို တော့ မိမိ အားသန်သည်ကို ရှာဖွေပါ။ မိမိနှင့် ဝါသနာတူရာသူငယ်ချင်းများကို မိတ်ဖွဲ့ပါ။ သူတောင်ဒီအကြောင်းအရာ ဒီလိုရေးနိုင်ရင် ငါသိထားတာလည်း ဒီလိုရှိတယ်ဟူ သော အတွေးများခေါ်င်းထဲမှာ ပေါ်လာပါလိမ့်မည်။ဤသည်မှာ ဝါသနာကို အခြေခံ၍ မိမိအားသန်ရာလိုင်းကို ဝင်ရောက်ခြင်းဖြစ်ပါသည်။ နောက်တခုမှာ မိမိ ၏ profession ကို လိုက်၍ , engineer , doctor , nurse , ကိုယ်ပိုင် အတွေ့အကြုံ ကို ရေးသား ဖေါ်ပြခြင်း ဖြစ်သည်။ ကိုယ်ပိုင် အရေးအသားလည်း ဖြစ်သလို ဖတ်သူများလည်းဗဟုသုတ ရစေပါသည်။ ပညာရှင် အဆင့်ဆိုလျင်တော့ အထူးပြောနေစရာမလိုတော့ပါ။ အချို့က ဓါတ်ပုံ ကို အားသာသည်။ အချို့က ပန်းချီ , ကိစ္စမရှိပါ။ မိမိအားသန်ရာလိုင်းတွင် အများနှင့်မတူ တမူထူးခြားစွာ လုပ်ပြနိုင်လျင် အောင်မြင်လာပါလိမ့်မည်။
နောက်ဆုံးအနေဖြင့် အကြံပေးလိုသည်မှာ newbie များ post တင်ရန်သာ စိတ်မစောပါနှင့် , အခြားသော နိုင်ငံမှ newbie များ introducing post ကို မည်သို့တင်၍ လူအများ၏ attention ကိုမည်သို့ ရယူကြသည်ကိုလေ့လာပါ။ ထိုသူများ၏ အင်္ဂလိပ်စာ အရေးအသားကို အတုယူပါ။ မိမိ photo ကို attach လုပ်ပါ။ မိမိ blog profile ကို အကောင်းဆုံး ပုံကိုသုံးပါ။ post profile ပုံ မဖြစ်မနေ သုံးပါ။ သို့မှသာ မိမိ post တင်လိုက်တိုင်း မိမိ သူငယ်ချင်းများမှ မှတ်မိနေမည် ဖြစ်ပါသည်။ ကျွှန်တော်ရေးသာခဲ့ပြီးသော မြန်မာလူငယ်များအတွက် post များ , အခြားသူများ ရေးသားထားသော Steemit beginner guide များ Facebook Myanmar Steemit community group page ထဲတွင် ဝင်ရောက်လေ့လာပါ။ မသိသည်များကို group ထဲတွင်မေးမြန်ပါ။ နားလည်ပြီးနေသူများမှ ဖြေကြားပေးပါလိမ့်မည်။ Steemit ကို silent user အဖြစ်သာ သုံးလိုပါသည်ဆိုရင်တော့ professional အရေးအသား ကောင်းသူ ဖြစ်ဖို့တော့ လိုပါသည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Henry Aung ( Kachin )