မင်္ဂလာပါ။ ကျွန်တော့ အနေဖြင့် steemit platform အကြောင်း ဆောင်းပါးများ မပြတ်ရေးသားနေရာ လက်ရှိအချိန်တွင် steemit အနေဖြင့် စောင့်ကြည့် နေရမည့် အချိန်အခါသို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် steemit platform နှင့် ပါတ်သက်သော အကြောင်း အရာများအား ခေတ္တ ရပ်ထား၍ အခြားသော ဗဟုသုတ ရဖွယ်ရာ အကြောင်းအရာများအား ဆက်လက် ဖေါ်ပြပေးပါမည်။
ကျွန်တော့ ယခင် ဆောင်းပါးတွင် ဖေါ်ပြပေးခဲ့ပြီး ဖြစ်သည့် အတိုင်း လွန်ခဲ့သော ရက်အနည်းငယ်က ကျွန်တော့ အနေဖြင့် လက်ရှိ ကျွန်တော် အလုပ်လုပ်နေသော ကုမ္ပဏီ ၏ ISO certifying အတွက် Audit လုပ်နေခဲ့ရပါသည်။ ISO ( international Standard Organisation )ဆိုသည်မှာ လက်ရှိ နိုင်ငံတကာမှ ပညာရှင်များ စုပေါင်း၍ နိုင်ငံတကာ အဆင့်မှီ စံညွန်းစံထားမျာ သတ်မှတ်ပေးသော အဖွဲ့ အစည်း ဖြစ်ပါသည်။
ဥပမာ ပြရလျင် ISO 9001 ဆိုသည်မှာ နိုင်ငံတကာ အဆင့်မှီ Management System ဖြစ်ပါသည်။ ထို့ အတူ ISO 14001 ဆိုသည်မှာ သဘာဝပါတ်ဝန်းကျင် ဆိုင်ရာ လိုက်နာရသော စံနှုန်းဖြစ် ပါသည်။ ထို့အတူ စားသောက်ကုန် ၊ အလှကုန် ထုတ်လုပ်မှုများ သာမက ဆေးဝါး ထုတ်လုပ်မှု ၊ chemical ပစ္စည်းများ စသည်တို့ အပါအဝင် လုပ်ငန်းတိုင်း ၊ ထုတ်လုပ်မှုတိုင်း အတွက် နိုင်ငံတကာ စံညွန်း စံထား များ သတ်မှတ်ပြီး ဖြစ်ပါသည်။
ဤသို့ နိုင်ငံတကာ အဆင့်မှီ စံညွန်းစံထားများ လိုက်နာထားပါမှ မိမိ ၏ ကုန်ပစ္စည်း များ နိုင်ငံတကာ အဆင့်မှီကြောင်း သတ်မှတ်ထားကြပါသည်။ ISO auditor ဟူသော စာရင်း စစ်များမှာ ထိုနိုင်ငံတကာမှ သတ်မှတ်ထားသော စံညွန်း စံထားများအား လိုက်နာမှု ရှိမရှိ လိုက်လံ စာရင်းစစ်ပေးကြသူများ ဖြစ်ပါသည်။ ဤ ဆောင်းပါးတွင် ထိုနိုင်ငံတကာ အဆင့်မှီ စံနှုန်းထားများ အကြောင်း ဖေါ်ပြပေးရန် မဟုတ်သော်လည်း ဗဟုသုတအနေဖြင့် အနည်းငယ် ဖေါ်ပြပေးချင်ပါသည်။
လက်ရှိ ကျွန်တော် အလုပ်လုပ်နေသော ကုမ္ပဏီမှာ ယန္တယားကြီးများ ၊ ကရိန်းများ ငှားရမ်းသော ကုမ္ပဏီ ဖစ်သဖြင့် နိုင်ငံတကာနှင့် ယှဉ်ဘောင်တန်း အလုပ်လုပ်နိုင်ရန် ISO certificate ၃ ခုရယူထားရပါသည်။ ISO 9001 ( Quality Management System ) ISO 14001 ( Environmental Management System ) နှင့် OHSAS 18001 ( Occupational health and Safety Management System ) တို့ ဖြစ်ပါသည်။ အကျယ်သိလိုလျင် တခုချင်းစီအား Google တွင် ရိုက်ရှာ၍ ဖတ်ရှုနိုင်ပါသည်။
ကျွန်တော်တို့ ကုမ္ပဏီ အနေုဖြင့် နိုင်ငံတကာ အဆင့် တန်းမှီ အလုပ်လုပ်နိုင်ရန် ထို ISO certificate ၃ ခု မဖြစ်မနေလိုအပ်ပါသည်။ နိုင်ငံတကာမှ စင်္ကပူတွင် လာရောက်ရင်းနှီးမှု ပြုလုပ်ကြသော ကုမ္ပဏီကြီးများကလည်း သူတို့နှင့် လက်တွဲ၍ အလုပ်လုပ်မည်ဖြစ်သော ပြည်တွင်း ကုမ္ပဏီများ နိုင်ငံတကာ အဆင့်မှီမမှီ ကို ကြည့်၍ လက်တွဲလုပ်ဆောင်ကြပါသည်။
ဤသို့ နိုင်ငံတကာ စံနှုန်းတခုတည်းကိုသာ လိုက်နာကြသဖြင့် အလုပ်လုပ်၍ လည်း အလွန်အဆင်ပြေပါသည်။ နှောင် အလျင်သင့်လျင် ထို ISO စံနှုန်း စံထား တို့အား အကျယ်ချဲ့၍ ရှင်းပြပေးပါမည်။ ဤ ဆောင်းပါးမှာ ထို ISO Audit နှင့် ပါတ်သက်၍ ကျွန်တော် ရခဲ့သော ဗဟုသုတအား ဖေါ်ပြပေးလိုရင်း ဖြစ်ပါသည်။
ဆိုခဲ့သည့် အတိုင်း ကျွန်တော်တို့ ISO Audit လုပ်နေသောရက်များတွင် Auditor တယောက်ဖြစ်သူ Mr.Chan ဆိုသူနှင့် ခင်မင်ခွင့် ရခဲ့ပါသည်။ Mr. Chan မှာ စကားပြောကောင်းသူ တယောက်ဖြစ်သည့် အပြင် ယနေ့ခေတ်စားနေသော blockchain နည်းပညာ နှင့် cryptocurrency ကို နားလည်နေသည့် အပြင် steemit platform အကြောင်းလည်း ကောင်းကောင်း သိနေသူတယောက် ဖြစ်ပါသည်။
ကျွန်တော်တို့ ကုမ္ပဏီ အနေဖြင့် အလုပ်လုပ်မှု မြန်ဆန် လွယ်ကူစေရန် တရုံး လုံး SAP software အားသုံး၍ အလုပ်လုပ်ကြပါသည်။ SAP system software မှာ အနည်းငယ် အကျယ်ချဲ့၍ ရှင်းပြရလျင် ( System Application and Product in data processing) မိမိ ၏ customers လိုအပ်ချက်များ နှင့် ကုမ္ပဏီ တခုလုံး၏ လုပ်ငန်း ဆောင်တာများ ချိတ်ဆက်ပေးသော software ဖြစ်ပါသည်။
ဥပမာ ပြရလျင် customer မှ ယန္တယား တစီး ငှားရန်း ရန်အတွက် Order ပေးပို့လိုက်လျင် ပထမဦးဆုံး Sale Department မှ Order processing စတင်ပါသည်။ system အတွင်းသို့ မည်သည့် customer မှ မည်သည့်နေ့ရက်တွင် မည်သို့သော ယန္တယား ငှားရမ်းလိုကြောင်းနှင့် ငှားရမ်ခ တန်ဖိုး နှင့်တကွ ရိုက်ထည့်လိုက်ပါသည်။
ထို့နောက် ထို Order မှ သက်ဆိုင်ရာ ကွန်ပြူတာ အသီးသီးသို့ ရောက်ရှိသွား၍ Operations Department မှ ထို ယန္တယား ၏ Data များ ၊ လိုအပ်သော လူအင်အား ၊ လိုက်ပါ ဆောင်ရွက် ရမည့် တာဝန် ဝတ္တရား များ စသည် အချက်အလက်များ ထပ်မံ ဖြည့်စွက် လိုက်ပါသည်။ ထို့ နောက် Safety Department မှ ထို ယန္တယား အတွက် လိုအပ်သော စင်္ကပူ ဥပဒေ ဆိုင်ရာ လိုက်နာထားသော ၊ လိုက်နာရမည် ဖြစ်သော customers requirements ဖြစ်သော စာရွက်စာတမ်းများ လက်မှတ်ရေးထိုး၍ ထပ်မံ ဖြည့် စွက် လိုက်ပါသည်။
ဤ သို့ လိုအပ်သော Data များ ပြည့်စုံသွားလျင် Sale Department မှ Order processing data များကို လိုအပ်သည့် ရက်တွင် ယန္တယား နှင့် တကွ customers ထံသို့ ပေးပို့ လိုက်ပါသည်။ ထို့ နောက် အလုပ်ပြီး၍ ပြန်ရောက်လာသည်နှင့် Operation Department မှ ယန္တယာ ပြန်လည် ရောက်ရှိလာကြောင် Order complete လုပ်လိုက်လျင် Financial Department မှ လိုအပ်သလို bank များ ဖြင့် ချိတ်ဆက်၍ ငှားရမ်း ခ ငွေ တောင်းရန် ဆက်လက် ဆောင်ရွက် ရပါသည်။
ဆိုခဲ့သည့် အတိုင်း Order လက်ခံ သည် မှ နောက်ဆုံး ငွေတောင်ခံသည် အထိ system တခုတည်းအောက်တွင် အလုပ်လုပ်ကြသဖြင့် အလုပ်လုပ်ရ အင်မတန်လွယ်ကူ ချောမွေ့ပါသည်။ လိုအပ်သည်မှာ သက်ဆိုင်ရာ Department မှ မိမိတို့နှင့် သက်ဆိုင်သော Data များ ရိုက်ထည့်ပေးရုံသာ ဖြစ်ပါသည်။
ဆိုခဲ့သည့် အတိုင်း မိမိတို့ ကုမ္ပဏီ မှ ထို SAP system software သုံးကြောင်း Mr.Chan သိသွားသောအခါ ကျွန်တော့အား ထို software အကြောင်း အကျယ်တဝင့် ရှင်းပြပါသည်။ သူ ရှင်းပြတော့မှ ထို software မှာ blockchain နည်းပညာ ဖြစ်ကြောင်း သိရပါတော့သည်။ ယနေ့ ကျွန်တော်တို့ခေတ် computer internet အသုံးချ နေကြသော ခေတ်ပြီးနောက် smart phone များ နှင့် နွယ်သော social media ခေတ် အလွန်တွင် နောက်ထပ် ပေါ်ပေါက်လာသော နည်းပညာ မှာ blockchain ဖြစ်ပါသည်။
Mr.Chan နှင့် နေ့လည်စာ စားရင်း စကားစမြည်း ပြောကြသောအခါ Internet ပေါ်လာပြီး နောက်ပိုင်း ခေတ်ပြောင်း ကာလများမှာ တဖြည်း ဖြည်း တိုးတောင်း လာကြောင်း နှင့် နည်းပညာ ၏ အံ့မခန်း ရှိမှုများ အကြောင်း စကားစမြည်း ပြောဖြစ်ကြပါသည်။ ယခင်က လက်မှု လယ်ယာမှ စက်မှု လယ်ယာသို့ ပြောင်းလည်း လာသော အခါ ရာစုဝက်နီးပါး ကြာမြင့် ခဲ့ပါသည်။
ထို့ အတူ လက်မှု လုပ်ငန်း ( အလုပ်သမား အသုံးပြု ရသော လုပ်ငန်း ) မှ စက်မှု ခေတ်ပြောင်း ကာလသည်လည်း ရာစုနှစ် နီးပါး ကြာမြင့်ခဲ့ပါသည်။ သို့သော် Internet ပေါ်လာပြီးနောက် Information Technology ခေတ် ၊ digital ခေတ် ၊ smart phone နှင့် social media ခေတ် ပြောင်းလည်း မှုတို့မှာ ဆယ်စုနှစ် တခု ခန့်သာ ခြားနား လာကြပါတော့သည်။
ကျွန်တော် ၏ ယခင် ဆောင်းပါး များတွင်လည်း ဖေါ်ပြပေးဘူးပါသည်။ ယခု ယနေ့ မျက်မှောက်ခေတ် သည် currency revaluation ငွေကြေး ခေတ်ပြောင်း ကာလ ဖြစ်သော်လည်း ဤ cryptocurrency ဟူသော ငွေကြေးမှာ သိမ်မွေ့လွန်း သဖြင့် လူအများ သတိမထား မိကြခြင်း ဖြစ်ပါသည်။
ထို့ အတူ ကျွန်တော်တို့သည် ရှုပ်ထွေးသော ငွေကြေးလည်ပါတ်ပုံ စနစ်တွင် အသားကျ နေသူများ ဖြစ်သည့် အပြင် ဤ cryptocurrency ဟူသော ငွေကြေးမှာ တိုးတက်ပြီး နိုင်ငံ လူတိုင်းနီးပါး computer internet အလွယ်တကူ အသုံး ပြုနိုင်ကြသူများ အဖို့ အခက်အခဲ မရှိနိုင်သော်လည်း မြန်မာ ပြည်ကဲ့သို့ LDC နိုင်ငံများအဖို့ တော့ ဤ ခေတ်ပြောင်း တော်လှန်ရေး တွင် အခြား နိုင်ငံများနည်းတူ ပါဝင်စီးမျောရန် အိမ်မက်ပမာသာ ရှိပါသေးသည်။
ထို့ အပြင် လက်ရှိ ကျွန်တော်တို့ မြင်နေကြသည်မှာ blockchain ဟု ဆိုလိုက်သည်နှင့် cryptocurrency ကို တွဲလျက် မြင်နေကြပါသည်။ အမှန်မှာ Blockchain သည် နည်းပညာသာ ဖြစ်၍ cryptocurrency မှာ ထုတ်ကုန် တခုသာ ဖြစ်ပါသည်။ မှန်ပါသည် Blockchain မရှိလျင် Cryptocurrency ဟူ၍ ဖြစ်မလာပါ။
သို့ သော် Cryptocurrency မရှိလည်း Blockchain နည်းပညာ ရှိနေနိုင်ပါသည်။ ယနေ့ ကျွန်တော်တို့ အလုပ်များ လွယ်ကူစွာ လုပ်ဆောင်နိုင်ရန် တီထွင်ထားကြသော SAP system မှာ blockchain နည်းပညာ ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတကာ အနေဖြင့် cryptocurrency အား လက်မခံ လိုသော်လည်း blockchain နည်းပညာကိုတော့ လက်ခံနေကြရပြီ ဖြစ်ပါသည်။
အချုပ် ဆိုရလျင် နည်းပညာ ခေတ် ပြောင်းလည်း မှု တခုဖြစ်တိုင်း ထို ပြောင်းလည်း လာသော နည်းပညာမှာ မြန်ဆန်မှု ၊ အသုံးပြုရလွယ်ကူမှု ၊ လုပ်အား ဝန်ကျဉ်း လာမှုတို့ အပေါ် ဦးတည်နေကြပါသည်။
Mr.Chan ၏ အဆို အရ လက်မှုမှ စက်မှု ခေတ်သို့ ပြောင်းသောအခါ လူအတော်များများ အလုပ်လက်မဲ့ ဖြစ်သွားကြပါသည်။ လက်နှိပ်စက်ခေတ်မှ computer ခေတ် ပြောင်းသွားသော အခါ စာရေးစာချီ အတော်များ များ အလုပ်ပြုတ်သွားကြပါသည်။ စာရေး ၁၀ ယောက် လုပ်နိုင်အား အား computer တလုံ ရှိယုံ ဖြင့် လုပ်နိုင်သော ကြောင့် ဖြစ်ပါသည်။
ထို့ နောက် Digital ခေတ် မှ Smart Phone , Social Media ခေတ် သို့ ပြောင်းလည်း လာသော အခါ TV နှင့် Camera ခေတ်ကို ပြောင်းလည်း သွားစေ၍ ထိုအရာများနှင့် ပါတ်သက်သော အလုပ်များ နည်းပါး သွားကြပါသည်။ အောက်စက်ဟု ခေါ်သော ခွေ ၊ VCD ခွေ ထိုးကြည့် ရသည့် ခေတ်တခေတ် ကို လုံးဝ ကုန်ဆုံး သွားစေပါသည်။ ဆိုလိုသည်မှာ လက်ရှိ လူနေမှုစရိုက်တွင် TV သည် အသုံး မလိုအပ်တော့ပါ။
သတင်းကြည့် ရန် ဇာတ်ကား ကြည့် ရန် ၊ အခြားသော အရာများ ကြည့် ရှုရန် Social Media ပေါ်တွင် အားလုံး လုပ်ဆောင် နိုင်သောကြောင့် ဖြစ်ပါသည်။ TV တလုံး ရှိရန်ထက် Smart phone တလုံး ရှိရန်သာ လိုအပ်ပါသည်။ ဆိုခဲ့သည့် အတိုင်း နည်းပညာ အပြောင်း အလည်း သည် မသိမသာ ဖြင့် ညင်သာ စွာပြောင်းလည်း သွား၍ ကျွန်တော် တို့၏ အလုပ်အကိုင်များအား ခြိမ်းခြောက်လျက် ရှိပါသည်။
သိပ္ပံနှင့် AI ( Artificial Intelligences) ဟုခေါ်သော စက်ရုပ်များ အသုံးဝင်လာကြသောအခါ သာမန် လက်လုပ်လက်စားများအတွက် အလုပ်ရရန် ပိုမို ခက်ခဲလာနေကြပြီ ဖြစ်ပါသည်။
ထို့ ကြောင့် ကျွန်တော်တို့ အနေဖြင့် မိမိ တို့ ခေတ်တွင် အခြားသူငှာ များကဲ့သို့ နည်းပညာ ခေတ်ပြောင်း ကာလများတွင် အကျိုး အမြတ် ရယူ ရှာဖွေယူ တတ်စေရန် နည်းပညာ နှင့် ပါတ်သက်သော အသိပညာ အတတ်ပညာ ဗဟုသုတများ ရှိနေရန် မဖြစ်မနေ လိုအပ်နေပြီ ဖြစ်ပါသည်။
Mr. Chan ပြောသကဲ့သို့ နောက်ထပ် မျိုးဆက် ၂ ဆက်လောက်တွင် ကျွန်တော်တို့ အနေဖြင့် စက်ရုပ်များ မလုပ်နိုင်သော အလုပ်များကို ရှာဖွေ လုပ်ကိုင်နေကြရပါလိမ့်မည်။ ကျွန်တော် စဉ်းစားကြည့်ပါသည် ။ စက်ရုပ်များ မလုပ်နိုင်သော အလုပ် ဟူ၍ အဘယ်အလုပ်ရှိပါသေးသနည်း။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Photo Credit : Original Source
Author : Henry Aung ( Kachin )
MSC : 001