Cheetah..... cheetah သည် မြန်မာ Steemit များနှင့် အလွန်ရင်းနှီးသော comment ဖြစ်သည်။ cheetah အကြောင်းမပြောခင် Steemit policy အကြောင်းအနည်းငယ်ရှင်းပြလိုပါသည်။ Steemit Platform သည် social media ဖြစ်သော်လည်း copyright ကို လေးစားလိုက်နာသော platform ဖြစ်သည်။ copyright အကြောင်းပြောရလျင် တနည်းအားဖြင့် မိမိ ဖန်တီးထားသော နည်းပညာ, အနုပညာ , ဥစ္စာပစ္စည်း များကို မိမိသည် ပထမဦးဆုံးဖန်တီးသူအဖြစ်မူပိုင် တင်ထားသော ဥပဒေဖြစ်သည်။ တိုးတက်ပြီးသော နိုင်ငံကြီးသာတိုင်းက ဤcopyright ဥပဒေကို အလွန်လေးစားသလို ချိုးဖောက်သူများကိုလည်းမညာမတာ အရေးယူကြပါသည်။ လွန်ခဲ့သော နှစ် ၂၀၁၂ နှစ်တွင် apple မှ Samsung သို့ mobile phone design copyright နှင့် ပါတ်သက်ပြီး ဒေါ်လာ 2 billion လျော်ကြေးရလိုမှုဖြင့် တရားစွဲခဲ့သည်ကို မှတ်မိကြအုံးမည်ဖြစ်ပါသည်။ ထို့ကြောင့် နောက်နိုင်ငံသားတို့သည် copyright ဥပဒေကိုလေးစားကြသလို Facebook ကဲ့သို့သော open social media ကဲ့သို့သော နေရာတွင်ပင် ဤဥပဒေကို လေးစာလိုက်နာကြပါသည်။ သူတပါး ရေးထားသော ဆောင်းပါများကို share သာ ပြုလုပ်လိုက်မည်, မိမိ နာမည်အောက်သို့ credit ပေး၍ ပြန်မကူးထည့်ကြပါ။ မိမိ တို့ မြန်မာနိုင်ငံအပါအဝင် အထူးသဖြင့်တရုတ်နိုင်ငံသည် copyright ဥပဒေကို လေးစားရမှန် မသိကြ၍ သော်လည်းကောင်း တမင်တကာ လစ်လျူရှူ၍သော် လည်းကောင်း , သူတပါး၏ အောင်မြင်မှူတွင် အတု ပြုလုပ်ရန် ဝန်မလေးကြချေ။ ဤcopyright ဥပဒေကို ချိုးဖောက်ကြသူများသည် တနည်းအားဖြင့် မိမိတို့ mindset ဟုခေါ်သော အတွေးအခေါ်နှင့် များစွာဆိုင်သလို ဥပဒေ၏ အကျိုးသက်ရောက်မှူနှင့်လည်း များစွာဆက်စပ်လျက်ရှိပါသည်။
မိမိတို့ မြန်မာလူမျိုးများတွင် ရှိသောအတွေးမှာ ဒါလေးယူသုံးတာဘားမှ မဖြစ်လောက်ပါဘူးဟူသောပေါ့ပေါ့လေး တွေးခြင်းဖြစ်သည်။ စာ, ဆောင်းပါ တို့ကို copy ယူကြသည်, သီချင်းများ copy ဆိုကြသည်, ရုပ်ရှင်များလည်း copy ရိုက်ကြသည်။ society တခုလုံး copy များဖြင့်သာ လည်ပတ် နေကြသဖြင့် copy ယူတာ ဘားမှ မဖြစ်လောက်ပါဘူး ဟူသော အတွေးများကို ဝင်စေပါသည်။ ထို့ကြောင့် တိုးတက်ချင်လျင် copy ယူသင့်သည် ဆိုသော အတွေးများထိ ရောက်ရှိလာစေပါသည်။ ဤသည်မှာ ကျွှန်တော့ အမြင်တွင် ( ကျွှန်တော့ အထင်သာဖြစ်ပါသည် အားလုံးကို သိမ်းကြုံးမဆိုလိုပါ) copyright ဥပဒေကို တလွဲနားလည် နေကြခြင်းသာဖြစ်သည်။ အမှန်မှာ copyright မူပိုင်ခွင့်သည် creation ဟူသော ဖန်တီးခြင်း များအား မူပိုင်ခွင့် ရှိစေခြင်းမဟုတ်ပဲ created ဖန်တီးခံရသော အရာများ, ဥပမာ သီချင်း, စာပေ, နည်းပညာ, ပန်ချီ.. စသည်စသည်ဖြင့် .... မိမိဖန်တီးနိုင်လျင် ဖန်တီးခွင့်ရှိသည်, သို့ သော် မိမိဖန်တီးမှု သည် အခြားသူများ ဖန်တီးထားသော အရာများ နှင့် ကွဲပြားနေရပါမည်။ ဥပမာ ဂျာမနီနိုင်ငံ BMW ကားကုမဏီမှ BMW ဟူသော တံဆိပ်နှင့် ကားထုပ်လုပ်ပါသည်။ သည့် အတွက် အခြားဘယ်နိုင်ငံမှ ကားကို တီထွင် ဖန်တီး ထုတ်လုပ်ခြင်းမရှိစေရ ဟူ သော ဥပဒေပြဒါန်းခွင့်မရှိပါ။ အခြားနိုင်ငံများမှလည်း တီထွင်ထုတ်လုပ်ခွင့်ရှိပါသည်။ သို့သော် BMW ဟူသော နာမည်နှင့် သူထုတ်လုပ်ခဲ့သော ကားdesign ပုံစံတူကားများကိုတော့ ထုတ်လုပ်ခွင့် မရှိပါ။ copyright ဖြင့်မူပိုင်လုပ်ထားခြင်းဖြင့် မိမိတို့၏ ဖန်တီးထားသောအရာများသည် quality , original နှင့် reputation တို့ကို ထိန်းသိမ်းရာရောက်ပါသည်။
အမလေး.. ကိုယ်တိုင်စာမရေးတတ်လို့ SBD လေးများရမလား ဆောင်းပါးတွေ ကူးတင်ပါတယ် Henry Aung က လူကို သူခိုးလို့ မပြောရုံတမယ်ပဲ , ကြီးကျယ်လိုက်တာဟု အပြစ်တင်လျင်လည်း တောင်းပန်ပါသည်, ကျွှန်တော် ကတော့ ဘားမှ ဖြစ်မသွားပါ, သို့ပေမင့် Steemit policy အရ cheetah နှင့် steem cleaner တို့ကတော့ အလွတ်ပေးမည်မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် Steemit က သူ၏policy တွင် copyright ကို မချိုးဖောက်မိစေရန် သတိပေးထား၍ဖြစ်ပါသည်။ ဤတွင် copy တွေလုံးဝ တင်လို့မရဘူးလား မေးလာလျင် ရပါသည်။ သို့သော် မူရင်းပိုင်ရှင်၏ ခွင်ပြုချက်ရရန်လိုပါသည်။ တလောက steemit account တခု အေးဝတ်ရည်သောင်း ၏ photos များကို post အဖြစ်တင်ပါသည်။ ထို့အတူ သူနှင့် အေးဝတ်ရည်သောင်းနှင့် chatting ပြုလုပ်ထားသော SS တနည်းအားဖြင့် ကာရကံရှင်မှ မိမိ photo အားအသုံးပြုနိုင်ကြောင်း ခွင့်ပြုချက်ရရှိထားပါသည်။ ဆိုလိုသည်မှာ ထိုကဲ့သို့ ပိုင်ရှင်၏ ခွင့်ပြုချက်ရထားလျင် ပြသနာ တက်လာနိုင်စရာ အကြောင်းမရှိပါ။ အဘယ့်ကြောင့် ဤသို့ ရှင်းပြနေရသနည်းဆိုသော် စာ, ဆောင်းပါးများသာမဟုတ် on line , web site များတွင် တင်ထားသော photo များသည် အများအားဖြင့် မိမိနာမည် သို့ မဟုတ် website ဖြင့် register ပြုလုပ်ထားပြီးဖြစ်ကြပါသည်။ ထိုပုံများကို ယူသုံးမိလျင် copyright law ဖြင့် ညှိပါသည်။ဤသည်မှာ copyright ဥပဒေကို မိမိ နားလည်သလောက် ရှင်းပြခြင်း ဖြစ်ပါသည်။ ကျွှနိတော်မှာ ဥပဒေ ပညာရှင် မဟုတ်၍အမှားရှိလျင်လည်း ကျွှန်တော့ ထက် နားလည်သူများမှ ပြန်လည် တည့်မတ် ပေးစေလိုပါသည်။
google image အတွင်းရှိပုံများအား သုံးခြင်လျင် search tool အတွင်းရှိ usage right ထဲမှ labeled for reuse ဖြင့် ရွေချယ်ပါက copyright ဖြင့် လွတ်သော ပုံများကို ရရှိနိုင်ပါသည်။ အောက်တွင် copyright နှင့် လွတ်သော ပုံများ ရယူနိုင်သော website များကို မိမိ သိသလောက် ဖေါ်ပြပေးလိုက်ပါသည်။ pixaby , picography, pexels, stockup တို့တွင်မိမိဖာသာဝင်ကြည့်၍ လေ့လာရယူပါလေ။ ဤသည်မှာ Plagiarism ဟုခေါ်သော ခိုးယူကူးချခြင်းနှင့် ပတ်သက်၍ copyright အကြောင်းကို ရှင်းပြရခြင်းဖြစ်သည်။ နောက်တမျိုး Steemit policy ကတားမြစ်ထားသည်မှာ Spam and abuse ဖြစ်ပါသည်။ spam ကိုအနီးစပ်ဆုံးဘာသာပြန်ရလျင် ရင်းမြစ်ခိုင်မှာမှူမရှိသော သတင်းများ အကြောင်းအရာများကို ဖွခြင်း ပြန်ကားစေခြင်း ဖြစ်ပါသည်။ ဥပမာ ဤသတင်းကို ရှယ်လိုက်ပါ ထီပေါက်ပါလိမ့်မည် , ဤ စာကို ကူး၍ လူ၁၀၀ အား ရှယ်လိုက်ပါ , ရှယ်လိုက်သူ မည်သူ မည်ဝါ သည် ထီပေါက်သွား၍ မရှယ်သူ မည်သူမည်ဝါကတော့ ကားတိုက်သွားပါသည် စသည်ဖြင့် အခြေအမြစ်မရှိသော အကြောင်းအရာများ ကိုဆိုလိုသည်။ ဤတွင် တခု သတိထားရမည်မှာ... မိမိသည် digital currency coin များကို လေ့လာထားပြီး နားလည်၍ ထို coin များအကြောင်းကို အများနားလည်အောင် ပြန်ရေးပြလျင် ဆောင်းပါးဖြစ်ပါသည်။ သို့သော် မိမိသည် အလွန်တော်သော trader ဖြစ်၍ တလလျင် coin မည်မျှဝယ်စုနိုင်ပါသည်, မိမိ account အတွင်းသို့ ငွေတရာ လွှဲပေးထားလျင် တပတ်အတွင်း ငွေ နှစ်ရာဖြစ်အောင် ပြုလုပ်ပေးနိုင်ပါသည်။ သို့ မဟုတ် မိမိ လက်အောက်တွင် referral အဖြစ်နေ၍ နောက်ထပ် လူမည်မျှ ခေါ်ထည့် နိုင်လျှင် ဘယ်လောက် ရပါမည် စသည်ဖြင့် referral ရှာသော အကြောင်းအရာများ ကိုရေးသားထားလျင် spam အဖြစ်သတ်မှတ်ပါသည်။
Abuse မှာ လူမျိုးရေး , ဘာသာရေး , ခွဲခြားထားသောအရေးအသားများ , စွပ်စွဲထားသောအရေးအသား, တစုံတယောက်၏ အရှက် သိက္ခာတို့ကို ထိပါးစော်ကားထားသော အရေးအသားများ ပုံများ , လိင်မှုကိစ္စ, 18+ အရေးအသား များ ပုံများ စသည်ဖြင့် အကျုံးဝင်ပါသည်။ လိင်မှုကိစ္စ 18+ အရေးအသားများနှင့် ပုံများကို တင်ခွင့်ရှိပါသည် သို့သော် NSFW ( not suitable/safe for work) tag list အောက်တွင်သာတင်ခွင့်ရှိသည်။tag list ထဲတွင် nsfw ထည့်ပေးရပါမည်။ nsfw မပါ၍ အခြား tag list များပေါ်သို့ ရောက်သွားလျင် steem cleaner နှင့်တွေ့ပါမည်။ ဤတွင် cheetah bot အကြောင်းကို ဖေါ်ပြရန်လိုလာပါသည်။ cheetah bot သည် အထက်တွင်ဖေါ်ပြထားသော plagiarism , တနည်းအားဖြင့် copyright နှင့် ညှိနေသော post များကို ဖမ်းရန်အတွက် တီထွင်ထားခြင်းဖြစ်ပါသည်။ မည့်သည့် ဘာသာစကားဖြင့် ရေးထားသည်ဖြစ်စေ ဝင်ရောက် နိုင်ပါသည်။Cheetah ၏တာဝန်မှာ မိမိရေးသားထားသောစာ, ဆောင်းပါး တို့အား အရေးအသား တပုံစံတည်း ဤသည်မရွေးတူနေသော စာများ, ဆောင်းပါများ အခြား website တွင်တင်ထားပါသည်ဟု အသိပေးခြင်းဖြစ်သည်။ မည်သူမည်ဝါက ပိုင်ရှင်ဖြစ်ပါသည်ဟု ဆုံးဖြတ်ချက်မပေးပါ။ ဤသို့ အသိပေးခြင်းသည်, copy သမားများကို ထိုစာများ မိမိ ဘယ်ကူးလာကြောင်းကို သိစေပါသည်။ ထိုသို့ မလုပ်ရန် သတိပေးခြင်းဖြစ်ပါသည်။ ဤသို့ သတိပေးနေသည့်ကြားမှ အကြိမ်ကြိမ် copy လုပ်၍ cheetah comment ထိတာများလာလျင် မိမိ copy လုပ်၍တင်ထားသော post မှ SBD များကို downvote ပြုလုပ်လိုက်ပါသည်။ downvote ပြုလုပ်ခြင်းဆိုသည်မှာ မိမိရရှိထားစော SBD ကို ရရှိရန် မထိုက်တန်ဟူ၍ ဖယ်ရှားပေးလိုက်ခြင်းဖြစ်ပါသည်။ အများအားဖြင့် cheetah comment တကြိမ်မျှထိရုံမျှဖြင့် downvote မဖြစ်ပါ, မိမိ post တင်လိုက်တိုင်း cheetah ထိနေပါက , cheetah bot မှ ထို account ကို spam account အဖြစ် black list ပေးပါတော့သည်။ မိမိ အကောင့် blacklist ဖြစ်သွားလျင် မိမိ အကောင့်သည် reputation အနုတ်ပြသွားသလို မည်သည့် post မှလည်း တင်မရတော့ပါ။ အကောင့် လွင်ပြစ်ရုံသာရှိပါသည်။
နောက်တင်မည့် post တွင် , cheetah bot, steem cleaner နှင့် account reputation တို့ ဆက်စပ် နေပုံကို အသေးစိတ် ဖေါ်ပြပေးပါမည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Photos credit; Google Image
Henry Aung ( Kachin )