မင်္ဂလာပါ။ steemit platform ၏ SMTs အတွက် နည်းပညာများ နောက်ကျ နေသော်လည်း Steem Hunt အနေဖြင့် မိမိ တို့ Hunt Token များအား ဈေးကွက်ဖေါက်ရန် တာစူးနေပြီ ဖြစ်ပါသည်။ ယမန်နေ့က Steem Hunt ၏ ကြေညာ ချက်အရ Steem Hunt အနေဖြင့် မိမိတို့ Hunt platform အောင်မြင်ရန် အတွက် လိုအပ်သော ငွေရင်းများအား ရှာဖွေရန် မိမိတို့ Hunt token များအား ဈေးကွက်တွင် ချရောင်းပေးတော့မည် ဖြစ်ပါသည်။
Initial Exchange Offering ( IEO ) မှာ ၂၀၁၉ ခုနှစ်အတွက် ICO ပုံစံသစ်ဖြစ်၍ ယခင် ICO များကဲ့သို့ ရှုပ်ထွေးသော Ether wallet များအား အားကိုးရန် မလိုတော့ပါ။ Exchange Site များတွင် မိမိတို့ coin ၊ token များအား wallet ဖွင့်၍ ဝယ်ယူထားခြင်း ဖြင့် ထို coin များ ဈေးကွက် ဖွင့်သောအခါ အလွယ် တကူပင် ဈေးကွက် အတွင်းသို့ ချရောင်းနိုင်ပါသည်။ ခန့်မှန်းရသည်မှာ လက်ရှိ Hunt token အနေဖြင့် ကိုးရီးယာ Exchange site တခုဖြစ်သော IDCM တွင် March 14-18 လေးရက်တာ Hunt token သန်း ၅၀၀ ချရောင်းမည် ဖြစ်ပါသည်။
Hunt token တခုအား USD 0.02$ သတ်မှတ်ထားပါသည်။ Steem နှင့် နှိုင်းယှဉ်မည် ဆိုပါက လက်ရှိ Steem ဈေးဖြင့် 1 Steem = 22 hunt token လောက်ရမည် ဖြစ်ပါသည်။ ၏ IDCM Exchange Site တွင် Hunt platform အနေဖြင့် Hunt token များအား ဒေါ်လာ ၁ သန်း ဖိုးချရောင်းမည် ဖြစ်ပါသည်။ IDCM Exchange site အနေဖြင့် Steem အားလက်ခံထား ခြင်း မရှိသေးရာ Hunt token အား ဝယ်ယူလိုပါက အခြား သော BTC နှင့် ETH , USDT ကဲ့သို့သော coin များ ဖြင့် ဝယ်ယူရမည် ဖြစ်ပါသည်။
၏ IDCM တွင် Hunt token ရောင်းချမှု အောင်မြင်သွားပါက ဒုတိယ အကြိမ် အရောင်း အဖြစ် ကိုးရီးယား Exchange Site ဖြစ်သော Probit တွင် နောက်ထပ် ဒေါ်လာ ၁ သန်းဖိုး ထပ်မံ ချရောင်း ပါလိမ့်မည်။ တတိယ အကြိမ် နှင့် စတုတ္ထ အကြိမ် အရောင်းအတွက် Exchange များအား ကြေညာခြင်း မရှိသေးပါ။ Probit Exchange အနေဖြင့် Steem အား လက်ခံထားပြီး ဖြစ်ရာ ဤ IEO တွင် Hunt token အား Steem ဖြင့် တိုက်ရိုက် ဝယ်ယူနိုင်မည် ဖြစ်ပါသည်။
IDCM နှင့် Probit Exchange Site များ အား လေ့လာကြည့် ရာ ကျွန်တော့ အနေဖြင့် IDCM အား ပိုသဘောကျပါသည်။ အဘယ်ကြောင့် ဆိုသော် Security ခိုင်မာမှုနှင့် informations မျှဝေမှုတွင် မြန်ဆန်ပါသည်။ ကျွန်တော့ အနေဖြင့် IDCM team အား သိလိုသည်များ မေးမြန်ရာ ချက်ချင်း email ဖြင့် အကြောင်း ပြန်လာ သော်လည်း Probit မှာ email ပြန်ကြားခြင်း မရှိပါ။
ထို့ အပြင် IDCM အနေဖြင့် Email များ mobile phone များ Google Auth , Pin များဖြင့် 2FA ခံထားသော်လည်း Probit အနေဖြင့် ထိုသို့ ပြုလုပ်ထားခြင်း မရှိသေးပါ။ ဤ သည်မှာ Exchange Site များ၏ အခြေအနေအား ဗဟုသုတ အလို့ငှာ ဖေါ်ပြပေးရခြင်းသာ ဖြစ်ပါသည်။ အချုပ် အနေဖြင့် ဆိုရလျင် Hunt platform အနေဖြင့် ဤသို့ ဈေးကွက် ဖေါက်၍ ရရှိလာသော ငွေရင်းများ ဖြင့် မိမိတို့ ၏ blockchain နည်းပညာ ဖြစ်သော hunt platform အား အဆင့် မြှင့်တင်ကြပါလိမ်မည်။
နောက်ဆုံး မိမိတို့ Hunt platform အောင်မြင်လာခြင်းနှင့် အတူ Exchange Site များ တွင် Hunt token များအား ဝယ်ရောင်းနိုင်ရန် ဈေးကွက် ဖွင့်ပေးပါလိမ့်မည်။ ထို အချိန်ကျမှ မိမိ တို့ တွင် ရှိနေသော Steem Hunt wallet မှ Hunt token များအားသက်ဆိုင်ရာ Exchange Site များတွင် ချရောင်း နိုင်ပါလိမ့်မည်။
Steemit platform မှ ထွက်ပေါ်လာသော SMTs များတွင် Steem Hunt အနေဖြင့် ရှေ့ဦးစွာ ဈေးကွက် ဖေါက်ထွက်နေပြီ ဖြစ်ပါသည်။ Steem Hunt ၏ အောင်မြင်မှုသည် steemit ၏ အောင်မြင်မှုပင် ဖြစ်ပါသည်။၂၀၁၉ သည် steemit platform အတွက် ရင်ခုန်စရာကောင်းသော ခုနှစ် တခု ဖြစ်သည်ကတော့သေချာပါသည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Author : Henry Aung ( Kachin )
MSC : 001