Steemit Platform တွင်ပါဝင်ရေးသားကြမည့် မြန်မာလူငယ်များအား အသိပေးလိုသည့် အရေးကြီးသော အချက်အလက်အချို့ မေ့ကျန်ခဲ့ပါသည်။ ၏သည်မှာ မိမိအပြစ်သာဖြစ်ပါသည်။ steemit တွင် account ဖွင့်နိုင်ကြစေရန် အမြန်ရေးသားရသဖြင့် မေ့ကျန်ခဲ့ခြင်းဖြစ်သည်။ Account sign up လုပ်ရာတွင် email နှင့် phone number များပေးရကြောင်း ဖေါ်ပြခဲ့ပြီးဖြစ်သည်။ Account sign up လုပ်ပြီးလျင် မိမိ email သို့ conformation link ပို့ပေးပါလိမ့်မည်။ ထို email link မှ မိမိ မှတ်ထားသော password ဖြင့် login ဝင်လိုက်ပါ။ account ရှိခြင်းမှာ မြန်မာပြည်၏ internet ပေါ်မှူတည်၍ ရရှိပါလိမ့်မည်။ ဆိုခဲ့ပြီးသည့်အတိုင်း account ရရှိလျင် post တင်ရန် စိတ်မစောပါနှင့် tag and topic ထဲမှ အခြားသူများ ဥပမာ မည်သူက မည့်သို့ မိတ်ဆက်လျင် SBD ပိုမိုရရှိသည်ကိုလေ့လာပါ။ ဖြစ်နိုင်ပါက မိမိ profile photo ရွေး၍ post တင်တိုင် ထိုprofile ပုံကို အသုံးပြုပါက နိုင်ငံတကာ steemit များမှ မိမိ ကို မှတ်မိစေပါသည်။ မိတ်ဆက်ခြင်းကို အထူးမဖေါ်ပြတော့ပါ , လူငယ်များအတွက် ၁,၂,၃,၄, ကို ဖတ်ပါလေ။ post တင်ခြင်းအတွက် အထူးမှာကြာလိုသည်မှာ steemit သည် original content , own creation ကို ပိုအားပေးပါသည်။ ကျွှန်တော် post တင်ကာစတွင် ကိုယ်ပိုင်ရေး post ဖြစ်သဖြင့် steemit curie team ကဲ့သို့သော အသင်းမှ ကူညီ vote ပေးခဲ့ကြပါသည်။ curie team ဆိုသည်မှာ steem power တော်များများ ပိုင်ဆိုင်ထားကြသူများက အသင်းဖွဲ၍ English စာဖြင့်ရေးသားသော စာများ , ဆောင်းပါး များကို steemit တွင် စိတ်ပျက်ခြင်းမရှိစေရန်နှင့် တကယ်ကောင်းသော ဆောင်းပါးဖြစ်လျက်နှင့် voting နည်းနေသူများကို ရှာဖွေ အားပေး voting လုပ်သော အဖွဲ့ဖြစ်သည်။
သို့သော် curie team မှာ English စာကိုသာအားပေးသဖြင့် ကိုရီးယားလူငယ်များမှလည်း steem power အများအပြား ပိုင်ဆိုင်ထားသူတို့မှ ကိုရီးယား curie team ဖွဲ၍ မိမိလူငယ်များအား support ပေးခဲ့ကြပါသည်။ ဆိုလိုသည်မှာ မိမိတို့ မြန်မာလူငယ်များမှာ မြန်မာစာဖြင့်ရေးသားနိုင်သော်လည်း မိမိကြိုးစား၍ ရေးထားသော အရေးအသားဖြစ်စေလိုပါသည်။ အခြားတနေရာမှ ကူးယူ ဖေါ်ပြသောစာဖြစ်ပါက link ဖေါ်ပြပေးရပါသည်။ link ဖေါ်ပြသည်ဆိုရာတွင် ဆောင်းပါးတခုလုံး ကူးယူပြီး အဆုံးတွင် ထိုဆောင်းပါ၏ link ထပ်မံ ဖေါ်ပြပေးရန်မဟုတ်ပါ။ ထိုဆောင်းပါး၏ ခေါင်းစဉ်နှင့် စာတကြောင်းနှစ်ကြောင်းခန့် ဖေါ်ပြပြီး အကျယ်တဝင့်သိလိုလျင် အောက်ဖေါ်ပြပါ link တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်ဟူ၍ ဖေါ်ပြပေးရပါသည်။ သို့သော် မည်သို့ပင် ရှိစေ steemit သည် အခြားသူများ၏ ညာဏ်ဖြင့် မိမိ Vote ရအောင်လုပ်ဆောင်ခြင်းကို အားမပေးပါ။ အခန့်မသင့် လျင် cheetah comment တက်နိုင်ပါသည်။ cheetah ဟူ၍ ကျားသစ်ခေါ်င်းပြထားသော်လည်း ဆိုလိုရင်းမှာ cheater ( လိမ်ညာသူ , မရိုးသားသူ) ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာလူငယ်များ ထိုcomment မထိစေရန် အထူးဂရုပြုစေလိုပါသည်။ ကျွှန်တော်လည်း ထို cheetah comment ထိခဲ့ဖူးပါသည်။ ထို comment ထိလျင် voting ရပ်သွားပါသည်။ထိုအတူ reputation လည်းကျဆင်းသွားတတ်သည်။ ကျွှန်တော့်ကိုးရီးယား သူငယ်ချင်းမှ နောက်တကြိမ် ထို comment ထိလျင် သူတို့အနေဖြင့် အကူအညီ မပေးနိုင်ပါ ဟုပြောသဖြင့် ကိုယ်ပိုင် original post သာကြိုးစား၍ရေးခဲ့ပါသည်။ မိမိစာမရေးနိုင်သော အချိန်များတွင် ဒေါက်တာ ထင်အောင်၏ selected Myanmar tales များထဲမှ မည်သည့် website တွင်မှ မရှိသေးသော ပုံပြင်များကို အထူးဂရုစိုက်၍ credit ပေး၍တင်ခဲ့ရပါသည်။ အကြောင်းမှ cheetah robot မှာ မည်သည့် webpage မဆို မည်သည့် ဘာသာစကား webpage မဆို ဝင်ရောက်နိုင်၍ဖြစ်သည်။
steemit website နှင့်ပါတ်သက်၍ အနည်းငယ်ရှင်းပြလိုပါသည်။ steemit တွင် referral system မရှိပါ။ လွတ်လပ်သော social media platform ဖြစ်ပါသည်။ မိမိ လူများခေါ်ထည့်လိုက်၍မိမိမှာ steem token မည်မျှရရှိမည်ဟူသော system မရှိပါ။ cryptocurrency website အများအပြားရှိသည်ထဲမှ မိမိသည် အဘယ်ကြောင့် မြန်မာလူငယ်များအား ညွန်းနေရသနည်း ဆိုလျင် steem မှာအခြားသော digital currency များထက် အနာဂတ်ကောင်းသောကြောင့်ဖြစ်သည်။ နောက်တခုမှာ ငွေရင်းစိုက်ထုတ်ရန်မလိုခြင်းဖြစ်သည်။ မိမိမှာ လုံးလဝရိယ ရှိဖို့တော့လိုပါသည်။ Facebook ကဲ့သို့သော အရာအား အချိန်ပေးနိုင်လျင် မိမိအတွက် တစုံတရအကျိုးရှိသော steemit အတွက် အချိန်ပေးနိုင်မည်ဟု ယုံပါသည်။ ဤကဲ့သို့ မိမိရေးသားနေရခြင်းမှာ မိမိမှာ ကြယ်ငါးကောက်သူသာဖြစ်ပါသည်။ လက်ခံနိုင်မည့်သူများ steemit ကိုစိတ်ဝင်စားသူများ ဝင်ရောက်ကာစတွင်အဆင်ပြေစေရန်ဖြစ်သည်။ မိမိဆိုခဲ့သည့် အတိုင်း steem တွင်အနာဂါတ်ရှိသည်ဆိုခြင်းကို အနည်းငယ် ဝေမျှခြင်ပါသည်။
steemit website သည် beta version တွင်အောင်မြင်နေပြီဖြစ်ပါသည်။ မည်သည့်အချိန်တွင် launches ပြုလုပ်မည်ဟု ကြေညာခြင်းမရှိသေးပါ။ ယခုထိ beta version သာရှိနေသေးသည်။ ယခုထိတိုင် beta version အဖြစ်ရှိနေခြင်းမှာ အဖြေရှိပါသည်။ steemit website သည် ၂၀၁၆ မေလတွင် beta version ကိုစတင်ပါသည်။ ၂၀၁၆ July လဆန်းပိုင်းတွင် ဈေးကွက်အတွင်းတွင် steem token များရေပန်းစားပြီး USD $4 အထိခုန်တက်သွားခဲ့သည်။ သို့သော် steem dollar မှာ USD$ 1 ဝန်ကျင်တွင်သာရှိနေခဲ့သည်။ သို့ဖြစ်၍ မိမိကဲ့သို့ စာရေး၍ steem token စုသူများ steem token များရရှိမှုနည်းသွားခဲ့သည်။ ဈေးကွက်အတွင်းတွင်လည်း လည်ပတ်ရန်လုံလောက်သော steem token မရှိသေးပေ။ ထို့နောက် steem board ဖွဲ့မှ steem ကို launch မလုပ်မှီစပ်ကြား ကျွှန်တော်ကဲ့သို့သော steemit များလုံလောက်သော steem token များစုမိစေရန် အတွက် steem ကို USD $ 1 အောက်တွင် ဈေးထိန်းထားခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၇ မတ်လတွင် ဈေးကွက်အတွင်းသို့ India မှ လူငယ်သူဌေးများအများအပြား နှင့် အမေရိကန်မှ လက်နက်ထုတ်လုပ်သောLockheed Martin ကဲ့သို့သော corporation များဝင်ရောက်၍ ရင်နှီးမြုပ်နှံကြသဖြင့် digital currency များခုန်တက်သွားခဲ့သည်။ ထို့အတူ steem မှာလည်း USD $ 2.5 သို့ ရောက်ရှိသွားခဲ့သည်။
နောက် post တွင် steem နှင့် steem dollar တို့ကို အကျယ်တဝင့်ရှင်းပြပေးပါမည်။ မိမိ post တင်၍ ၇ ရက်အတွင်း ရရှိလာသော steem ကို power up လုပ်၍ steem dollar SBDကို ဈေကွက်တွင်ချက်ချင်းရောင်းချနိုင်ပါသည်။ ယနေ့ SBD ပေါက်ဈေးမှာ 1SBD= 1.57 USD ဖြစ်ပါတယ်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Henry Aung ( Kachin )