Steemit Platform ပေါ်တွင်စတင်လျှောက်လှမ်းနေကြသော မြန်မာလူငယ်များကို ဝမ်းသာစရာသတင်းပြောကြာလိုပါသည်။ ည ကကျွှန်တော်တို့ အိပ်နေသောအချိန်တွင် steem developer များမှ Hard-Fork 19 ကို upgrade လုပ်လိုက်ကြပါပြီ။ Hard-Fork ဆိုသည်မှာ steem ၏ system အလွယ်ကူဆုံး ဥပမာပေးရလျင် I phone များ IOS system upgrade ပြုလုပ်သကဲ့ သို့ ဖြစ်သည်။ နေ့စဉ်ကြုံတွေ့နေရသော Steemit user တို့၏ပြသနာ များကို developer များမှ အဖြေရှာပြီး ၃ လ တခါ သို့ မဟုတ် ၆ လ တခါ upgrading ပြုလုပ်ပေးကြပါသည်။ computer system , program, web developing ကျွှမ်းကျင်သူများ အကြယ်တဝင့် ရှင်းပြကြပါကုန်။ ၏သည်မှာ မိမိ ညာဏ်မှီသလောက် ရှင်းပြရခြင်းဖြစ်ပါသည်။ ယခု upgrading ပြုလုပ်လိုက်သော system တွင် ကျွှန်တော်တို့ အတွက် အကောင်းရှိသလို အဆိုးလည်းရှိပါသည်။ အကြောင်းမှာ developer တို့မှ မိမိတို့၏ voting power ကို ၃ ဆ မှ ၅ ဆ အထိ မြှင့် တင်လိုက်ပါသည်။ ထို့ကြောင့် ယခုလတ်တလော post တင်ထားကြသူများမှ ရရှိသော steem dollar များ မြင့်တက်သွားပါပြီ။ ကို ထက်ကိုဇော် , ကို ညီညီနိုင်နှင့် ညီလေးတင်မျိုးအောင်တို့ မိမိ တင်ထားသော post များကို ဝင်ရောက်ကြည့်ကြပါ။ steem dollar ရရှိမှု တက်သွားပါပြီ။
ဆိုလိုသည်မှာ... မိမိvote လိုက်တိုင် အခြားသူမှာ ယခင်ကထက် steem dollar ပိုမိုရှိတော့မည်ဖြစ်ပါသည်။ ယခင်က ကျွှန်တော့ steem power ၅၀၀၀ ကျော်နှင့် vote လုပ်လျင် post တခုကို ပြား၂၀ သာရှိပါသည်။ ယခု vote လုပ်ပေးလျင် post တင်သူမှာ SBD $5 အနည်းဆုံးရရှိမည်ဖြစ်ပါသည်။ အဆိုးမှာ voting power များသဖြင့် အများဆုံး လူ 20 ခန့်ကို သာ voting ပေးနိုင်ကြတော့မည်။ ထို့ကြောင့် အရင်လို တွေ့တိုင်း သဘောကျတိုင် voting ပေးနိုင်ကြတော့မည် မဟုတ်ပါ။ တကယ်ကောင်းသော quality post များကိုသာ ရွေးချယ် voting ပြုလုပ်ကြပါတော့မည်။ ထို့ကြောင့် အသစ်ဝင်လာသောလူငယ်များအတွက် vote ရရှိမှု နည်းသွားနိုင်ပါသည်။ ကိစ္စတော့မရှိပါ ကျွှန်တော့ ကို post တင်လိုက်ကြောင်း အသိပေးထားလျင် ကျွှန်တော့ vote ကြောင့် အနည်းဆုံး $5 တော့ ရနိုင်ပါသေးသည်။ ယခင်လို ပြားကဏန်း တော့ မဟုတ်တော့ပါ။
ကို ထက်ကိုကို ၏ introducing post ကို ဥပမာပေးပါမည်။ ကို ထက်ကိုကို ၏ post မှာ steem dollar SBD$ 33.2 ရရှိသွားပြီဖြစ်ပါသည်။ ထို post မှ ၇၅% ဖြစ်သော SBD$12.449 နှင့် steem token 5.718 ကို နောက် ၃ ရက်အကြာတွင် သူ၏ wallet မှ လက်ခံရှိတော့မည် ဖြစ်ပါသည်။ ထိုpost အတွက် ko That Zaw ရရှိငွေမှာ USD နှင့် တွက်လျင် USD $31 ရရှိမည်ဖြစ်သည်။ ဤသည်မှာ ယနေ့ steem dollar နှင့် steem token ပေါက်ဈေးနှင့်တွက်ထားပေးခြင်းဖြစ်သည်။ ကျွှန်တော်အဘယ့်ကြောင့် ထိုတို့ ညွန်းဆိုရသနည်း ဆိုလျင် , အကယ်၍ သင်သည် post တခု အတွက် SBD $ 30 သာ ရသော်လည်း , စာအရေးအသားကောင်းကောင်းဖြစ် post တင်နိုင်သူတို့မှာ SBD 1000 ကျော် ရရှိကြပါသည်။ ထို့ကြောင့် အနောက်နိုင်ငံမှ လူငယ်များတို့မှာ လခစား အလုပ်မှ ထွက်ပြီး မိမိတို့ ဝါသနာပါရာ အကြောင်းအရာတို့ကို Steemit တွင် ရေးတင်ကြခြင်းဖြင့် ငွေအလွယ်တကူ ရှာဖွေနေကြပါပြီ။ ထိုသူ တို့၏ post များကို trending ထဲတွင် ဝင်ရောက် လေ့လာပါလေ။
ဆိုလိုသည်မှာ သူတို့ အပင်စိုက် စော၍ အသီးစားနေကြပါပြီ။ မြန်မာလူငယ်တို့မှာ မျိုးစေ့ ချရန် ပြင်ဆင်ဆဲ အနေထားသာရှိပါသေးသည်။ ကိစ္စမရှိပါ, ခုစိုက်ထားလျင် နှောင်လူတို့ အကျိုးရှိန်ုင်ပါသည်။ လူငယ်များအား အထူး မှာကြာလိုသည်မှာ မိမိရေးသားထားသော( Steemit Platform ပေါ်တွင်ရောက်ရှိနေကြသော မြန်မာလူငယ်များအတွက် ဆောင်းပါး ၁-၇ ထိ ရှိပါပြီ။ သေချာဖတ်ပါ။ မရှင်းလျင် နောက် တခေါက် ဖတ်ပါ။ introducing post သည် ပထမဆုံး post ဖြစ်သဖြင့် အရေးကြီးကြောင်း အကြိမ်ကြိမ်ပြောခဲ့ပါပြီ။ ပထမဆုံး post ဖြစ်သဖြင့် ကောင်းဆုံး ပြင်ဆင်ပြီး SBD များရယူပါ။ မသိသေးလျင် ကို ထက်ကိုဇော်၏ introducing post ကိုသွားရောက်လေ့လာပါ။
ကျွှန်တော် အလုပ်ကိစ္စဖြင့် ရန်ကုန်သို့လာရန်ရှိပါသည်။ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိရန်ကုန်တွင်ရှိပါမည်။ အလုပ်ကိစ္စဖြစ်သဖြင့် တရက်တော့ အချိန်ပေးနိုင်ပါသည်။ စိတ်ဝင်စားသူ လူငယ်များစု၍ နေရာစီစဉ်ထားပါက ကျွှန်တော် အသေးစိတ်လာရောက်ရှင်းပြပေးပါမည်။ အခမဲ့ လာရောက်ရှင်းပြပေးပါမည်။ မည့်သည့် အကျိုးအမြတ်မှ မျော်ကိုးခြင်းမရှိပါ။ Steemit Platform မှ ကျွှန်တော် အကျိုးအမြတ်ရနေသလို အခြားသူများ အထူးသဖြင့် မြန်မာလူငယ်များအား ရရှိစေရန် စေတနာဖြင့် လာရောက်ရှင်းပြပေးခြင်းဖြစ်ပါသည်။လူငယ်များစု၍ နေရာ စီစဉ်ထားပေးပါက အဆင်ပြေပါသည်။ တယောက်တည်းရှိလျင်လည်း ထိုတယောက်ကို ရှင်းပြပေးပါမည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Henry Aung ( Kachin )