ကျေးဇူးပြုပြီး steemit social media platform ပေါ်တွင် မြန်မာနိုင်ငံသားများ မည်မျ ရှိနေသည်ကို သိလိုပါ၍ မြန်မာလိုရေးသား လိုက်ရခြင်း ဖြစ်ပါသည်။ Block Chain , cryptocurrency market တွင် အရင်ရောက်ရှိနေပြီးသော မြန်မာလူမျိုး များမှ နောက်ကျ၍ ဝင်ရောက်လာသော သူများကို လက်တွဲခေါ်ယူ နိုင်ကြစေရန်လည်း ရည်ရွယ်ပါတယ်။ အနောက်နိုင်ငံ , အထူးသဖြင့် အမေရိကန်နှင့် ဥရောပနိုင်ငံများမှ လူငယ်များနှင့် ယခု ၂၀၁၇ နှစ်ဆန်း ပိုင်းမှ စ၍ အာရှ တိုက်မှ ကိုးရီးယာလူငယ်များသည် steemit platform ပေါ်မှတဆင့် cryptocurrency market အတွင်းသို့ အလုံးအရင်းနှင့် ဝင်ရောက်၍ အကျိုးအမြတ်များ ရရှိနေကြသည်ကို တွေ့ရပါသည်။ မြန်မာလူငယ် တဦးအနေဖြင့် မြန်မာနိုင်ငံသားများ အထူးသဖြင့် မြန်မာပညာတတ်လူငယ်များအား စည်းရုံး ၍ steemit platform ပေါ်မှတဆင့် အဖွဲ့အစည်း တခု အနေဖြင့် လက်တွဲ ခေါ်ယူကြစေလိုပါသည်။ လက်ရှိ အချိန်တွင် စင်္ကပူ နိုင်ငံတွင် steemit social media မှာ ရေပန်းစားခြင်းမရှိသေးသော်လည်း အင်ဒိုနီးရှားနှင့် ဖိလစ်ပ်ုင်ကဲ့သို့သော အရှေ့တောင်အာရှ နိုင်ငံများတွင်ပင် လူငယ် များမှ steemit community များစတင် ထူထောင်လာကြသည်ကိုတွေ့ရပါသည်။
သို့ဖြစ်ပါ၍ steemit platform ပေါ်တွင် ဦးစွာရောက်နှင့်နေကြပြီဖြစ်သော, steem အရေအတွက် များများနှင် voting power ပေးနိုင်သူများ, cryptocurrency market တွင် အောင်မြင်၍ အကျိုးအမြတ်များ ရရှိနေသူများမှ မြန်မာလူငယ်များအားတွဲခေါ်ကြပါရန် တိုက်တွန်းအပ်ပါသည်။ အကယ်၍သင်သည် social media base block chain system နှင့် cryptocurrency market အပေါ်စိတ်ဝင်စားပါက ကျွန်တော်နှင့်အတူ steemit Myanmar community ထူထောင်ရန် ဖိတ်ခေါ်ပါသည်။
Henry Aung ( Kachin )