လက်ရှိကျွှန်တော်တို့ Myanmar Steemit အဖွဲ့ ဝင်များ၏ တိုးတက်မှုမှာ အံ့မခန်း ပင်ဖြစ်သည်။ ထိုကဲ့သို့ တိုးတက်လာမှုနှင့်အတူ ကျွှန်တော်တို့ ရှေ့ဆက်လျှောက်ရမည့် လမ်းမှာ ဖြောင့်ဖြူးနေသည်တော့ မဟုတ်ပါ။ လက်ရှိ အနေအထားဖြင့် ပြောရလျင် ကျွှန်တော်တို့ Steemit ပြေးလမ်း ပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်။ ဤကဲ့သို့ Myanmar community အား ပြေးလမ်းပေါ်သို့ ရောက်ရှိရန်ဆောင်ရွက် ကြရာတွင် အချို့ ကလိုလိုချင်ချင် ပင် လိုက်ပါလာကြသလို အချို့ကလည်း လက်တွဲဖြုတ်သွားကြပါသည်။ ကိစ္စမရှိပါ, ကျွှန်တော် အစောပိုင်းက ပြောခဲ့သလိုပင် ဇွဲကောင်းသူများကျန်ခဲ့ပါလိမ့်မည်။ ဤကဲ့သို့ ကျွှန်တော်တို့ လက်တွဲညီညီ လုပ်ရှား သွားလာနိုင်ရန်အတွက် Myanmar Steemit community organization chart ကို ဖန်တီးထားပါသည်။ အသေးစိတ်ကို ထပ်မံ ဖေါ်ပြပါမည်။ ဆိုခဲ့ပြီးသည့် အတိုင်း ကျွှန်တော်တို့ ၂ ရက်တခါ original content များကို promotion လုပ်နေရာမှ ကျွှန်တော်တို့၏ တိုးတက်မှုကို အသိအမှတ်ပြုသည့် အနေဖြင့် Steemit community အသစ်များကို အကူအညီပေးနေသော curie အဖွဲ့အစည်း၏ ထောက်ပံ့မှုကို ရရှိခဲ့ပြီ ဖြစ်ပါသည်။ ကျွှန်တော်တ်ု့ နေ့စဉ်နေတိုင်း original content များကို အနည်းဆုံး $5 မှ အများဆုံး $12 အထိ ရရှိနိုင်ပြီဖြစ်ပါသည်။ ဤတွင် မေးစရာတခုရှိလာသည်မှာ ကျွှန်တော်တို့၏ original post များ 12$ သာအများဆုံး ရရှိနိုင်ပါမည်လော... မဟုတ်ပါ community ကြီးထွားလာသည့် အပေါ်မှူတည်၍ အများ ဆုံး $50 လောက်ထိ ရရှိသွားနိင်ရန် ကျွှန်တော်ကြိုးစားလျက်ပင်ရှိပါသည်။ လက်ရှိ အချိန်တွင်မှူ ကျွှန်တော်တို့ original content ရေးသူများ ပြားကဏာန်း ဘဝမှ လွတ်မြောက်ခဲ့ပြီ ဖြစ်ပါသည်။
ရှေ့ဆက်ပါအုံးမည်။ ယခု နေ့စဉ် original content များကို promotion ပြုလုပ်ရာတွင် post များရွေးချယ်ရာ အခက်အခဲရှိပါသည်။ ထို့ကြောင့် စည်းကမ်းလိုက်နာသော post များ ကို daily equal vote ရရှိနိုင်စေရန် daily post promotion ပြုလုပ်ရန် နေရာတခုသီးသန့်လိုအပ်ပါသည်။ community admin များနှင့်တိုင်ပင်၍ daily post promotion ပြုလုပ်နိုင်သော နေရာကို ထပ်မံ ဖေါ်ပြပေးပါမည်။ ဤတွင်စည်းကမ်းချက်များကို ထပ်မံဖေါ်ပြပါမည်။ Tag list.... အများအားဖြင့် သိလောက်ပါပြီ, အဘယ့် ကြောင့် ကျွှန်တော်ဤမျှလောက် tag list ကို အရေးပေးနေရပါသနည်း ဆိုလျင် နောင်တချိန်တွင် Steemit သည် original content များဖြင့် ပြည့် နေသော ပညာ ဘာဏ်တိုက်ကြီးဖြစ်နေပေလိမ့်မည်။ လူတိုင်း မိမိတို့ ကိုယ်တိုင်ရေးသားထားသော အသိ, အတတ်ပညာတို့ နောင်လူတို့ အလွယ်တကူ ရှာဖွေဆည်းပူး နိုင်ကြစေရန် အလို့ငှာ ထပ်ခါထပ်ခါ သတိပေးနေရခြင်းဖြစ်ပါသည်။ မိမိသိလိုသောအကြောင်းက ဆေးပညာဖြစ်လျင် Myanmar/ medical/ health တွင် ဝင်ရောက်ရှာဖွေ ပါက ရှေးလူတို့ ရေးသားထားသော ဆေးပညာ ဗဟုသုတ များကို နှောင်လူတို့ အလွယ်တကူ ရယူနိုင်မည်ဖြစ်သည်။ ထို့အတူ myanmar / engineer / civil ဟူ၍ ရှာလျင် civil engineering နှင့်ဆိုင်သော myanmar / cooking / knowledge တွင်ဝင်ရောက်လျင် မြန်မာအစားအစာ စသည်ဖြင့် အလွယ်တကူ ရရှိနိုင်ကြစေရန် ဆောင်းပါတွင် tag list မှန်ကန်စွာ ထည့်ခိုင်းရခြင်းဖြစ်ပါသည်။ ထို့အတူ မိမိရေးသာသော ဆောင်းပါသည် မည်သည့် tag အောက်တွင်ပါသည်ကို သတိပြု၍ သေချာထည့်ပါလေ။ လက်ရှိအချိန်ထိ ရေးသားနေသော ဆောင်းပါးများမှာ knowledge, technical, Steemit , story , philosophy , education, travel စသည်ဖြင့် လွန်စွာနည်းပါးပါသေးသည်။ နောင်တွင် တဖြည်းဖြည်း များလာ၍ သက်ဆိုင်ရာ tag တွင် မှန်ကန်စွာ ထည့်နိုင်ဖို့ရန် မိမိတို့က လမ်းညွန်ပေးရမည်ဖြစ်သည်။ မိမိတို့ရေးသားထားသော ဆောင်းပါမှာ ကိုယ်တိုင်ရေးသားထားကြောင်းပြသည့် အနေဖြင့် ဆောင်းပါး အဆုံးတွင် ရေးသာသူ မည်သူမည်ဝါဟု ဖေါ်ပြပေးရပါမည်။ ဤတွင် Myanmar Steemit community organization chart ပါ admin များ၏ တာဝန်များကို ဖေါ်ပြပေးရန်လိုလာပါပြီ။ အထက်တွင်ကျွှန်နော်ဖေါ်ပြခဲ့သည့် အတိုင်း ကျွှန်တော်တို့ community အောင်မြင်မှုဆက်လက်ရရှိရန် တစ်ဦး တယောက်တည်း ဖြင့် မဖြစ်နိုင်ပါ။ အသင်းအဖွဲ့ အဖြစ်သွားရမည်ဖြစ်၍ ဤ အဖွဲ့အစည်းကို ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။
1.Newbies suppprt team
အသစ်ဝင်ရောက်လာသော လူသစ်များအား လမ်းညွန် ပေးရန်ဖွဲ့စည်းထားခြင်းဖြစ်သည်။ ဤအဖွဲ့သည် Myanmar tag အောက်တွင် အသစ်ဝင်ရောက်လာသော post တိုင်းကို ကြည့်၍ လူသစ်ဖြစ်ပါက introducing post မှ စပြီး ပြန်လည် လမ်းညွန်မှု ပြုလုပ်ပေးကြမည်ဖြစ်သည်။ ထို့အပြင် Steemit တွင်ဆောင်ရန် ရှောင်ရန်တို့ကို လမ်းညွန်းပေးမည်ဖြစ်သည်။
2.Techinical Support
ကျွှန်တော်တို့ Myanmar community ၏ ၉၀% မှာ mobile phone ဖြင့် postေ
ရးသားတင် နေကြသူများဖြစ်သည်။ ထို့ကြောင့် e steem app ၏အကြာင်း ကောင်းကောင်း သိပြီသူများဖြစ်သည်။ ထို့ကြောင့် မိမိ mobile phone သော်လည်းကောင်း e steem app သော်လည်းကောင်း တခုခု ချို့ယွင်းလျင် အဖြေရှာနိုင်ကြစေရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ပါဝင်ကြသူများမှာ နည်ပညာ ကျွှမ်းကျင်ကြသူများမဟုတ်သော်လည်း အတန်အသင့် တော့ လမ်း ညွန်မှုပေးနိုင်ပါလိမ့်မည်။ နားလည် တတ်ကျွှမ်းသူများရှိပါကလည်း ဝင်ရောက် တာဝန်ယူပေးပါရန် ဖိတ်ခေါ်ပါသည်။ ဤ newbies support နှင့် technical support တို့မှ ဖြေရှင်ရန်လို အပ်သောပြသနာများကို organizer-1 မှကျွှန်တော့ထံတို့တင်ပြ၍ လိုအပ်လျင် steem board အဖွဲ့ ထံသို့ တင်ပြမည်ဖြစ်သည်။
3.Cheetah Myanmar
ဤအဖွဲ့ သည် Steemit board အဖွဲ့၏ မူဖြစ်သော Steemit Platform ပေါ်သို့ ခိုးယူကူးချထားသောစာများ ဆောင်းပါးများ မပါရှိလာစေရန်ဖြစ်သည်။ on line ပေါ်မှ ကူးယူလာပါက original cheetah ဖမ်းနိုင်သော်လည်း , ဝတ္ထု , မင်္ဂဇင်း တို့မှ ကူယူလာသောစာများကို Steemit Platform ပေါ်သို့ မရောက်ရှိလာစေရန်တားဆီး ပညာပေးမည့် အဖွဲ့ ဖြစ်ပါသည်။ ဤတွင်အနည်းငယ်ထပ်မံသတိပေးလိုပါသည်။ Steemit သည် မည်သို့သော copy များကိုမှ လက်မခံပါ , crediting post များသည်လည်း copy စာရင်းတွင် ပါဝင်ပါသဖြင့် လက်မခံနိုင်ပါ။ မိမိ ဆောင်းပါးတွင် ဓါတ်ပုံများဖြင့် တန်ဆာဆင်လိုလျင် google အတွင်းရှိ copyright လွတ်သော ပုံများဖြင့် တန်ဆာဆင်နိုင်သည်။ သို့ မဟုတ် မိမိကိုယ်တိုင်ရိုက်ယူထားသောပုံ ဖြစ်ရပါမည်။ translation ဟုခေါ်သော ဘာသာပြန်သည်လည်း အမှန်တကယ်ဆိုလျင် copyright ဥပဒေဖြင့် ညှိပါသည်။ သို့ရာတွင် ဘာသာပြန် ထားသောဆောင်းပါးသည် တစုံတရာ ခွန်အားစိုက်ထုတ်ရသည့် အတွက် မိမိတို့ Myanmar community မှလက်ခံပါသည်။ ကူညီ vote ပေးပါမည်။ သို့သော် ဘာသာပြန်သူ မည်သူမည်ဝါဟူသော နာမည်ပါရပါမည်။ အခြားသူဘာသာပြန်ထားသော ဆောင်းပါးကို မိမိပြန်ပါသည်ဟု ကူးယူခြင်းမဖြစ်ရပါ။ ဤတွင်တခုသတိပေးလိုသည်မှာ ဤအဖွဲ့အစည်းတွင်ပါဝင်ကြသူအားလုံးမှာ စာကြည့် တ်ုက်များမဟုတ်ကြ၍ အားလုံးသော copy များကို ဖမ်းယူစွမ်းနိုင်မည်မဟုတ်ပါ။ သို့သော် စာရေးသားသူ မိမိ ကိုယ်တ်ုင်သိပါသည်, မိမိရေးသည်မှာ မိမိ ညာဏ်စွမ်းကို အားထုတ်၍ ရေးနေသည်လား copy ကူးယူလာသည်လားမိမိသာအသိဆုံးဖြစ်ပါသည်။ ထို post များကို promotion တင်ပြီးနောက်မှ ခိုးယူကူးချထားသော ဆောင်းပါးမှန်းသိရလျင် လုံလောက်သော ဖြေရှင်းချင်မပေးနိုင်ပါက ပြင်းပြင်းထန်ထန်သတိပေးခံရမည်။ ဒုတိယ အကြိမ်ဖြစ်ပါက promotion တင်ခွင့်ကို ပိတ်ပါမည်။
4.Steem cleaner - Myanmar
ဤအဖွဲ့သည် cheetah နည်းတူ တာဝန်ယူထားပါသည်။ အဓိကအားဖြင့် ညစ်ညမ်းစာပေများ, ပုံများ, အခြေအမြစ်မရှိသော သတင်းများ နှင့် စာများ, မိုက်ရိုင်း ဆဲဆိုရေးသားထားသောစာများ , နိုင်ငံရေး မဲဆွယ်စာများ , ပုတ်ခတ်ရေးသားထားသောစာများ, ဘာသာရေး လူမျိုးရေးထိပါးရေးသားထားသောစာများ ကို Steemit Platform ပေါ်သို့ မရောက်ရှိအောင်တားဆီးပေးမည့် အဖွဲ့ဖြစ်ပါသည်။ ဤ steem clear အဖွဲ့တားဆီးရမည့် အရာများတွင် referral ရှာသော စာ, ဆောင်းပါများလည်း ပါဝင်ပါသည်။
ဤတွင် မြန်မာလူငယ်များအားအထူးမှာကြားလိုသည်မှာ ဤadmin အဖွဲ့သည် မည်သူမျှလခပေး၍ ဖွဲ့စည်းထားသော အဖွဲ့ မဟုတ်ပါ။ မိမိတို့ကိုယ်တိုင် Myanmar Steemit community ရေရှည်တည်တံ့နေရန်အတွက် မိမိတို့ အသိဖြင့် volunteer လုပ်နေကြခြင်းဖြစ်သည်။ ထို့ကြောင့် admin များအားမိုက်ရိုင်းစွာ ရေးသား ဆဲဆိုလျင် ရာသက်ပန် Myanmar Steemit community မှထုတ်ပယ်လိုက်မည်ဖြစ်ကြောင်း သတိပေးလိုပါသည်။ Admin များမှလည်း လူသစ်များကို လမ်းညွန်ရာတွင် အတတ်နိုင်ဆုံး စိတ်ရှည်ရှည်ဖြင့် မိမိတို့ community တွင် တတပ်တအား ပါဝင်လာနိုင်သူများဖြစ်လာကြစေရန် လမ်းညွန်ဖို့လိုပါသည်။ ယနေ့မြန်မာပြည် လူဦးရေ သန်း၆၀ ကျော်ရှိရာတွင် မြနိမာလူငယ် အနည်းဆုံး ၁၀ သန်းလောက်ရှိပါလိမ့်မည်။ လောလောဆယ် ထို၁၀ သန်းသော လူငယ်များထဲမှ Steemit တွင် ပါဝင်နေကြသူများ ၅၀ သာသာ ရှိပါသေးသည်။ လက်ရှိအချိန်တွင် မိမိတို့ အခွင့်အရေးရလာပြီဖြစ်သည်။ မိမိ ဆောင်းပါကြောင့် တနေ့ အနည်းဆုံး SBD $3 လောက်တော့ ရနိုင်ပါသည်။ SBD $3 ဆိုသည်မှာ USD 5 $ လောက်နှင့် ညီမျှပါသည်။ တရက်လျင် 5$ .. တလလုံးတွင် နေ့တိုင်း post မတင်နိုင်တောင် တလလျင် USD 120$ လောက်ရနိုင်ပါလိမ့်မည်။ USD 120$မှာ အခြားနိုင်ငံသားများအဖို့ ဘားမှ မဖြစ်လောက်သော်လည်း မိမိတို့ မြန်မာနိုင်ငံသားအတွက်ကတော့ ထိရောက်သော ငွေကြေးပမာဏ ဖြစ်ပါသည်။
ထို့ကြောင့် မိမိတို့ မြန်မာလူငယ်များ ဤအခွင့်အရေးကို လက်မလွတ်စေပဲ အသုံးချနိုင်ရန် အရေးကြီးလှပါသည်။ မြန်မာလူငယ်တိုင်း ဤကဲ့သို့သော အခွင့်အရေးမရနိုင်ပါ။ အခွင့်အရေးဖြစ်ကြောင်းသိရန် လုံလောက်သော ဗဟုသုတ ရှိရပါမည်။ အခွင့်အရေးဖြစ်ကြောင်းတော့သိသည် သိုသော် ဘယ်လိုယူရမှန်းမသိကြ။ ထို့ကြောင့် အခွင့်အရေးရတုန်း ယူနိုင်လောက်သော စွမ်းပကားလည်းလိုပါသေးသည်။ ရရှိလာသော အခွင့်အရေးကို အသုံးချနိုင်ရန် skill ဟုခေါ်သော ကျွှမ်းကျင်မှုလည်း လိုအပ်ပါသေးသည်။ ထို့ကြောင့် ထို ၁၀ သန်းကျော်ပမာဏ ရှိသော လူငယ်များထဲမှ မိမိ မည်သို့ အခွင့်အရေးရယူသည်ဆိုသည်မှာ အထက်ပါအကြောင်းနှင့်ပြည့်စုံမှ ဖြစ်ပါသည်။ Steemit Platform ပေါ်သို့ ရောက်ရှိနေပါလျက်နှင့် original content မရေးတတ်၍ Steemit ကို ကျောခိုင်းရပါတော့မည်ဟူသော အရေးအသားကို တွေ့မိလျင် လူတိုင်း အခွင့်အရေးနှင့် မထိုက်တန်ဟူသောစကားကိုသာ သွားသတိရပါသည်။ ထိုက်တန်သော အခွင့်အရေး ရရှိနိုင်ရန် မိမိကိုယ်တိုင်ကလည်း ထိုအခွင့်အရေးနှင့် ထိုက်တန်သောလူငယ်တယောက် ဖြစ်အောင် အရင်ကြိုးစားဖို့ လိုပါလိမ့်မည်။ ထို့ကြောင့် ကျွှန်တော်ရေးသားခဲ့သလို ... ကွန်လည်း ပေးခဲ့ပြီ, ကွန်ချက်လည်းပြခဲ့ပြီ, ကွန်မပြစ်တတ်ခင်စပ်ကြား ဟင်းစားလည်း ရှာပေးနေသည်ဖြစ်၍ မြန်မာလူငယ်တို့ မိမိတို့ရရှိသော အခွင့်အရေးကို အမိအရ အသုံးချကြပါရန် တိုက်တွန်းလိုက်ရပါသည်။
မနက်ဖြန် post promotion ရှိပါသည်။ daily post promotion ကို admin အဖွဲ့နှင့် အသေးစိတ်တိုင်ပင်ပြီး Myanmar Steemit Facebook page တွင်ပြန်လည်ဖေါ်ပြပေးပါမည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Photos credit; Google Image
Author : Henry Aung ( Kachin )