မင်္ဂလာပါရှင်
ဒီနေ့ အတွက်တင်ပြပေးမှာကတော့ ကျန်းမာရေးနဲ့ညီညွှတ်ပြီး အဟာရပြည့်ဝတဲ့ အသီးရွက်ကြော်လေး ဖြစ်ပါတယ်။ အသီးရွက်စားသုံးခြင်းက ကျန်မာစေတယ် နုပျိုစေတယ် အသားအရည်လည်းလှတယ် အဟာရပြည့်ဝတယ် ဝိတ်မတက်စေဘူး
ကျမတို့ တတွေ ကျန်းမာရေးညီညွတ်အောင် အသီးအရွက်များများစားကြပါလို့ တိုက်တွန်းခြင်ပါတယ်။
ကျမကတော့ ခဝဲသီး ရယ် ကန်ဇွန်ရွက်ရယ် နွေပဲသီးလေးရယ် ရောပြီးကြော်ထားတာပါ။
အသီးရွက်မကြော်ခင် အသီးရွက်တွေကိုရေပြောင်အောင်ဆေးဖို့ 
လိုအပ်ပါတယ် ။ကျမတို့ စားသုံးတဲ့အခါမှာ ကျန်းမာရေးနဲ့ညီညွှတ်အောင်စားသောက်နိုင်မှ ကျန်းမာရေးနဲ့ညီညွှတ်မှာဖြစ်ပါတယ် ။ဒါကြောင့်အသီးအရွက်တွေကိုရေဆေးရပါတယ် ။
အသီးရွက်တွေကိုရေဆေးတဲ့အခါမှာ ပထမ တစ်ထပ်ရေနဲ့ဆေးပါမယ် ။အသီးရွက်တွေကိုဆယ်ပြီးရေတွေသွန်ပစ်ပါမယ် ။ဒုတိယ ရေနဲ့ပဲထပ်ဆေးပါမယ် ။တတိယ တစ်ထပ်ဆေးတဲ့အခါမှာ ဆားအနည်းငယ်ထည့်ပြီးဆေးပေးရပါမယ်။ပထမ ထပ်နဲ့ ဒုတိယ ထပ်ဆေးတာကတော့ အသီးရွက်တွေမှာကပ်ပါလာတဲ့ အမှိုက်တွေနဲ့ ဖုံတွေပြောင်ဆင်သွားအောင်ဖြစ်ပါတယ် ။တတိယ ဆားထည့်ဆေးတာကတော့ ပေါင်းသတ်ဆေး ပိုးသတ်ဆေးတွေ bacteriaပိုးမွှားတွေ ကို ဖယ်ရှာဖို့ ဖြစ်ပါတယ် ။ အသီးအရွက်တွေစိုက်ပျိုးကြတဲ့အခါ ပေါင်းသတ်ဆေး ပိုးသတ်ဆေးတွေ သုံးကြတယ် ။ထိုဆေးတွေဟာ chemical တွေနဲ့ ပြုလုပ်ထားတဲ့အတွက် ကြောင့် ကျမတို့ လူသားတွေစားသုံးတဲ့အခါ အသီးရွက်တွေက မသန့် စင် နေဘူးဆိုရင် ကျမတို့ ကို ရောဂါ တမျိုးမျိုး ရစေမှာဖြစ်ပါတယ် ။အသီးရွက်ရဲ့ အဟာရတွေကိုလည်းရရှိမှာ မဟုတ်ပါဘူး ။ အဲ့ဒါကြောင့် အစာလည်းဆေး ဆေးလည်းအစာ ဖြစ်အောင် စားသုံးနိုင်ဖို့ အတွက် အသီးရွက်တွေ စားသုံး တဲ့အခါမှာ ပြောင်စင်အောင်ဆေးကြောနိုင် ဖို့ လို အပ်ပါတယ်ရှင်