Dr. Myat Moe Kyi, AD at FDA Myanmar ရဲ့အသိပညာပေး post လေးက အများပြည်သူ အတွက်ရော ဆေးဝါး ကိုလေ့လာသင်ကြားနေသူများအတွက်ပါအကြိုးရှိ လှပါတယ်။
ကျွန်တော်တို့နိုင်ငံ မှာ ဆေးဝါး ဆိုင်ရာမှားယွင်းမူများ Medication error များ၊ Medication abuse ဆေးဝါးအလွဲသုံးစားမူများ ကြောင့် ကျန်းမာရေး ကုန်ကျစရိတ်များအပြင် ပြည်သူများအတွင်း ဆိုးဝါးတဲ့ ကျန်မာရေး ဆိုင်ရာ အကြိုးဆက်များ ကြုံတွေ့ရလျှက်ရှိပါတယ်။
ဆေးဝါး ရောင်းချမူ သင်ကြားပြသ ပေးသူများ၊ သင်ယူသူများအနေနဲ့ မိမိတို့ ၏ ကျင့်ဝတ်များ ၊ဆောင်ရွက်နိင်မဲ့ အတိုင်းအတာတို့ကို စနစ်တကျ သင်ကြားသင်ယူသင့်ပါတယ်။ Legal နှင့် Ethical ကိုနားလည်ထားဖို့အလွန်အရေကြီးပါတယ်။
ဆရာမ မြတ်မိုးကြည် ရဲ့စာရေးသား ကျွမ်းကျင်မူနဲ့ ရှင်းလင်းစွာ အသိပညာပေးမူများက စာဖတ်သူများအတွက် စပ်ဆေး၊တွဲဆေး များရဲ့ အန္တရာယ် ကို ဆိုးရွံ့စွာ ဖတ်သားနေရပြီး အဆုံးမှာတော့ ကျန်းမာရေး industry ရဲ့တွေးစရာလေးတွေကို ဟာသနှောပြီးချန်ထားခဲ့ပါတယ်။
The Golden Lotus Academy thanks to Dr.Myat Moe Kyi for great post.
စပ်ဆေး တွဲဆေးတွေရဲ့ သဘော
၁. ဈေးပေါသော ဆေးဝါးကို သုံးပါမယ်
၂. ရာ ဗူး ထောင် ဗူး (သို့ မ ဟုတ် ).အလွတ်ဝင်လာသောဆေးအထုပ်များ မှ ဆေးကို သုံးပါမယ်
၃. သက်တမ်းလွန်ဆေးဝါး၊ ရောင်းမကုန်ဆေးဝါး၊ လွင့်ပစ်ဖျက်စီးပစ်ရန် နမြောသော ဆေးဝါးကို သုံးပါမယ်
၎. စံမညီ ဆေးဝါးအတုများ ပါရှိနေနိုင်ပါတယ်
၅. ရောဂါလက္ခဏာ၏ ပင်မဇစ်မြစ်ကို မကုသနိုင်ပဲ ချက်ချင်း လက်ငင်း သက်သာစေမဲ့ အပြင်းစားဆေး ကို သုံးပါမယ်
၆. ဖြစ်နေတဲ့ ရောဂါလက္ခဏာ တွေကို ချက်ချင်း သက်သာသွားစေမဲ့ မမြင်အောင်အုပ်ပစ်လိုက်မဲ့ ဆေးဝါးများကို ထည့်သုံးထားပါမယ်
အဲ့ဒီတော့ ကြည့်လိုက်ရင် အန္တရာယ်ဘယ်လောက်များလဲ မြင်နိုင်ပါမယ်.. စပ်ဆေး ယဉ်ကျေးမှု သဖွယ် ...လိုင်းဆေး ခေါ် လိုင်စင်မဲ့ဆေးဝါးတွေနဲ့ ဆေးဝါးဈေးကွက်ကြီးရယ်.. ထိုလောကကြီးထဲ ရှင်သန်ခဲ့ကြရတဲ့ ကျမတို့တစ်တွေ .. ဘယ်သူ့ကြောင့်ဆိုတဲ့အပြစ်ကိုတော့ မရှာလိုတော့ပါ... တွေးမိသူတိုင်း အမှန်မြင်နိုင်ပါတယ်..ဒါပေမဲ့ မှားနေတဲ့ အမှားကြာလာတော့ အမှန်ဖြစ်..ဒီလို နဲ့ ရေတိမ်နစ်ရမဲ့ဘဝတွေ မရှိစေချင်တော့ပါ..
မှားနေတာကို အမှားပါလို့ အကြိမ်ကြိမ် ထောက်ပြပြီး အမှန်လမ်းကို သမာသမတ်ကျကျ သိက္ခာရှိစွာ
လျှောက်လှမ်းနိုင်ဖို့ ဆေးဝါးရောင်းချသူတွေကို ပညာပေးတွေ များစွာလုပ်ခဲ့ပြီး လုပ်နေဆဲ..ဆက်လက်လုပ်ဆောင်နေဆဲ.... အရေးယူမှုတွေနဲ့ စည်းကမ်းများထိမ်းသိမ်းမှုတွေ နဲ့ အတူပါ... ဆက်လုပ်သွားကြမှာပါ..
စပ်ဆေး ခေါ် တွဲဆေးဟု ခေါ်ကြသော ဆေးဝါးရောင်းချသူတွေမှ ဆေးလာဝယ်သူပြောပြသော ရောဂါကို နားထောင်ပြီး ကြုံသလို စုပေါင်း တွဲစပ်ပေးလိုက်ခြင်း ဆေးကုသခြင်းများ ရပ်ချိန်တန်နေပါပြီ....
မြို့နယ်တွေပညာပေးသွားကြရင်း ... ရောက်တဲ့မြို့မှာ နေမကောင်းလို့ ဗိုက်နာလို့ ဝမ်းလျောလို့ အန်လို့ အစရှိသည့် လက္ခဏာတွေ ပြောပြလိုက်ရင် ဆေးဆိုင်တိုင်းက ဆေးတွေစုစပ်ပြီး ၃ ထုပ်စာရောင်းလိုက်တာပါဘဲ ဝယ်လို့ရနေတာပါဘဲ . .. တချို့ဆို ရယ်ဒီမိတ် အထုပ်ထုတ်ပီးသား.... ထူးခြားတာက Antibiotics လို့ခေါ်တဲ့ ပဠိဇီဝပိုးသတ်ဆေး မပါတဲ့ ဆေးထုပ်မရှိပါဘူး...ဒါဆို ဆေးဝါးရောင်းချသူတွေက ဆေးဝါးကျွမ်းကျင်ပညာရှင် ( Pharmacists) တွေလား ... ပေးလိုက်တဲ့ဆေးတွေက ဆရာဝန်ညွှန်ကြားချက်မလိုတဲ့ OTC တွေလား....
ဝေးပါသေးတယ် ....
ဆေးဝါးရောင်းချဆိုင်ကြီးကြပ်သူသည် တက္ကသိုလ်ဘွဲ့ရဖြစ်ရမည် လို့ ပြောထားသောငြား..
ဆေးလာဝယ်သူကို ဆေးထုတ်ရောင်းတဲ့သူကတော့ .... တခါတရံ ကလေးလေး ၁၂- ၁၃ နှစ်အရွယ်..
ဒါနဲ့ပဲ အဲ့ဒီ လို လိုက်ဝယ်ခဲ့တဲ့ အထုပ်တွေ ကြည့်လိုက်တယ်... အကိုက်အခဲပျောက်ဆေး အပြင်းစား ၃ မျိုးနဲ့ စတီးရှိုက် (corticosteroid) လို့ခေါ်တဲ့ မင်းသားကြီးက မပါမဖြစ်... ( ရောင်စုံ ပုံစံ အစုံ) ပီးတော့ လေဆေးလို့ခေါ်တဲ့ MOM သို့ Antacid အပေါစားလေး တစ်လုံး...
ဝယ်လို့ရထားတဲ့ ဆေးဝါးအထုပ် နမူနာ လေးတွေ အောက်ကပုံလေးတွေမှာပြထားပါတယ်....
ကြည့်ပြီးရင် ရင်သပ်ရှုမောဖွယ်ပေါ့..
အခုရေးပြထားတာမျိုးနဲ့ အလားတူ တံဆိပ်မျိုးစုံနဲ့ အထုပ်ကလေးတွေ .. နယ်ဘက်ကသူတွေ မသောက်ရမနေနိုင်ကြတာလေးတွေ...ဒါလေးတွေရဲ့ပြသနာ နောက်ဆက်တွဲက အလွန်များလှပါတယ်.. ကုသရေးဘက်မှာ လူနာတွေပုံလာတယ်.. နာတာရှည် အသည်းနဲ့ ကျောက်ကပ်ရောဂါတွေ များလာတယ်.. ရုတ်တရက် အစာအိမ်သွေးကြောပေါက်ကုန်တယ်.... စတီးရှိုက်ဆေးတွေ မလိုအပ်ဘဲနေ့စဉ်သုံးထား သောက်ထားတော့ အဲ့ဒီ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးရောဂါတွဲကြီးက ဆက်တိုက် ဖြစ်လာတယ်... တကယ်အသက်ကယ်ဖို့ လိုလာတဲ့အချိန် ဆေးတွေမတိုးတော့ မလိုအပ်ဘဲ အသက်ဆုံးရှုံးရတယ်...
.ဆေးတွေကို သောက်ရမှာမကြောက် လွယ်လင့်တကူ ဝယ်သောက်ကြတော့ လိုင်စင်မဲ့ ဆေးဈေးကွက်ကြီးက ပိုကြီးလာတယ်.. ပညာကိုဆုံးခမ်းတိုင်အောင် မသင်လိုဘဲ ဆေးရောင်းရင် သဌေးဖြစ်တယ်ဆိုတဲ့ အတွေးတွေ များလာတယ်..ဆေးဝါးအတုတွေ စံမညီ ဆေးဝါးတွေကို လွယ်လွယ်လေး လက်ခံတဲ့ နိုင်ငံကြီးဖြစ်လာခဲ့တယ်... အတုကို သိသိကြီးနဲ့ ဈေးပေါပေါနဲ့ဝယ် လိုင်စင်ရှိဆေးအတိုင်း လိုက်ရောင်းတယ်.. အမြတ်ကြီးကြီးစားလာကြတယ်.. ကုသိုလ်ရအောင် လူတွေကုတဲ့ ဆေးဝါးတွေ ရောင်းနေရင်း သိသိနဲ့ဘဲ လူသားတွေ ဒုက္ခ ရောက်အောင် ဆေးတိုက်ပြီး လူ့ကျန်းမာရေးတွေ ပျက်စီးလာ သက်တမ်းတွေတိုကုန်အောင်လုပ်နေတဲ့ နေရာတစ်ခု ဖြစ်ဖြစ်လာတယ်...
ဒီလိုကြီးမားတဲ့ ပြသနာ တွေကို ကျမတို့ ကျန်းမာရေး လောကသားတွေအနေနဲ့ရော.. ဖြေရှင်းတဲ့နေရာမှာ ပါကြရဲ့လား...
၁. GP ဆရာဝန်က ဈေးသက်သာတဲ့ လိုင်စင်မဲ့ဆေးဝါးတွေ ဝယ်ချင်နေသေးလား ဆက်သုံးချင်နေသေးလား
၂. ဆေးဝါးတွေညွှန်ကြားတဲ့နေရာမှာ ဘာဆေးကို ဘာကြောင့်သောက်ရတယ် လို့ လူနာတွေကို ဘယ်အတိုင်းအတာအထိရှင်းပြမိလဲ
၃. မလိုအပ်ဘဲ ပဠိဇီဝဆေးတွေ ထည့်သုံးမိနေပီလား
၎. ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြုံရတဲ့အခါ သက်ဆိုင်ရာကို သတင်းပေးပို့ဖြစ်ရဲ့လား
၅. ကော်မရှင် နဲ့ လက်ဆောင်ပိုပေးတဲ့ ဆေးကုမ္ပဏီရဲ့ ဆေးဝါးတွေကို ဈေးကြီးနေလဲ လူနာတွေကို ညွှန်ကြားမိနေလား
၆. မလိုအပ်ဘဲ Generation နဲ့ price မြင့်မှ ကောင်းတယ်ဆိုတဲ့ အတွေးတွေ များနေသေးလား
၇. ရမ်းကုတွေ ကို ထိမ်းချုပ်ဖို့ ကျေးရွာ အထိ ကျန်းမာရေး ဝန်ထမ်းနဲ့ အခြေခံဆေးဝါးတွေ လုံလောက်အောင် ကြိုးစားနေကြပီလား...
အစရှိတဲ့ မေးခွန်းပေါင်းများစွာ တွေးမိနေပါတယ် ...
တကယ်တော့ ဒီစာကို ဆရာဝန်တယောက် လစာက မလောက်ငှလို့ ညပိုင်းထိုင်နေတဲ့ ဆေးခန်း... လူနာမရှိတဲ့အချိန်မှာ ရေးဖြစ်မိသွားတာပါ....
:-) :-) :-)