အရှင်သခင် ပင်းယဘုရင် ဥဇနာမင်းတွင် ညီတော်အိမ်ရှေ့စံ ဥပရာဇာ ရှိသည်။ ညီးတော် ဥပရာဇာကို အိမ်ရှေ့စံ မင်းလို မခေါ်ပါ။ ပင်လယ်မြို့ကိုအပိုင်းစားတာပေးထားသည်
။ သူအမည်မှာ ငါးစီးရှင်ကျော်စွာဖြစ်သည်။
တစ်စီးရှင်သီဟသူမင်း နန်ရွာစံသောအခါ သားတော်ကြီး ဥဇနာက ပင်းယနန်းပလ္လင်ကို ဆက်ခံသည်။
တစ်စီးရှင် သီဟသူမင်းသည် ပုဂံကျော်စွာမင်းကို ထီးနန်းချပြီး နန်းတက်လာသူဖြစ်သည်။
တစ်စီးရှင် သီဟသူမင်းဘုရင်ဖြစ်လာတော့ နန်းကျဘုရင်၏ မိဖုရားမိစောဦးကို ဆက်လက်သိမ်းပိုက် မိဖုရားကြီးတောင်နန်းစံအဖြစ် တင်မြှောက်ခဲ့သည်။ မိဖုရားမိစောဦးတွင် နန်းကျဘုရင်၏ ပဋိသန္တေ သုံးလပါရှိခဲ့သည်။ ထိုပဋိသန္တေဖွားမြင်သောသားယောက်ျားလေမှာ ဥဇနာဖြစ်သည်။
ိုထိုနောက် သီဟသူမင်းနှင့် မိစောဦးတို့ကပင် သားတော် ကျော်စွာ ဖွားမြင်ပါသည်။ ဥဇနာနှင့် ကျော်စွာတို့သည် အဖေမတူ တစ်အမေတည်းမွေးသော သွေးချင်းညီနောင်ဖြစ်သည်။
ထီးနန်းပလ္လင် ရာဇာအာဏာ မင်းစည်းစိမ်းနဲ့ပတ်သက်လာရင် တစ်အူတုံဆင်းညီရင်းနောင်ရင်တွေသော်မှပင် စိတ်ဝမ်းမညီ သံယောဇဉ်မကျစ်မလျစ် ရှိခဲ့လေတော့ ဥဇနာနှင့်ကျော်စွာတို့သည် ညီနောင်အကြားအဆက်အဆံ အပြောအဆို မရှိသလောက်နည်းကျဲပါးလှသည်။ထိုပြင် ဥဇနာမင်းကလဲမြင်း (၄၀) ၊ ကာ လေးဆယ် ဖွဲ့တော်မူခဲ့သေသည်။
အကြီးဖြစ်သော ဥဇနာက အငယ်ဖြစ်သောကျော်စွာကို ညီတော် မခေါ်သလို အငယ်ဖြစ်သောကျော်စွာကလဲအကြီးဖြစ်သောဥဇနာကို နောင်တော်ဟု မခေါ်ခဲ့ကျပေ။
ခမည်းတော် သီဟသူမင်းနန်းရွာစံသောအခါ အကြီးဖြစ်သောဥဇနာ ထီးနန်းဆက်ခံပေသည်။ဥဇနာ ထီးနန်းဆက်ခံမင်းလုပ်သောအခါ နန်းတွင်းရှိလူများစိုးရိမ်တပူပူ။ ညီတော် ကျော်စွာ ဘယ်အချိန်များ စီရင်ထိုးမည်နည်း။ ပင်းပခေတ်မတိုင်မှီ ပုဂံခေတ်တွင် ရှိခဲ့ပေသည်။ နောင်ညီချင်း မသင့်မမြတ်ဖြစ်ပြီး အကောက်ကြံကျ၊ လုပ်ကြံကျ စီးချင်းထိုးကျ ရှိခဲ့ပေသည်။ ဥဇနာနှင့် ကျော်စွာတို့လဲ ပင်းယနန်းတော် နန်းရင်ပြင်တွင် ဘယ်ချိန်များ သွေးချောင်း ဖြစ်မလဲဟု စိုရိမ်တပူပူ။
ဥဇနာမင်းက ညီးတော် ကျော်စွာကို အိမ်ရှေ့စံမပေးသလို ညီတော်ကျော်စွာကလဲ မတောင်ပဲ သူစားခွင့်ရသော ပင်လယ်မြို့ကို အခိုင်အခံ့နေသည်။
ညီတော်ကျော်စွာသည် ပင်လယ်မြို့ကို အခိုင်အခံ့နေရင်း သိကြားမင်း အိမ်မက်မက်ခဲ့သည်။ အမ်မက်မှာ မသန့်မစင် ထိလူညစ်နေပြီး ဆင်ဖြူရအံ့ ဖြစ်သည်။ အိမ်မက်အရ မကြာခင်ခင် ဆင်ဖြူတွေ့ကြောင်း လျှောက်ထားလာလို ကျော်စွာကိုယ်တိုင်ပင် ဆင်ကြော့ပါတယ် ဆင်ဖြူရခဲ့ပါသည်။ တစ်စီးထည်မဟုတ် ၅စီးပင်ရခဲ့လေသည်။
ထို၅စီးကို
လှိုင်တကအရပ်ကတစ်စီး
မုံတော်မြောင်းကျယ် တစ်စီး
မျက်စွယ်တောင်ခြေက တစ်စီး
စမုံဖျားက တစ်စီး
သဖန်းကိုးရွာ မြောက်လွန်တဲ့ ကျုံးက တစ်စီး
ပေါင်း၅ စီး ဆင်းဖြူများကို
ပုလဲတမူး
မဟာကေသရ
သန်မြန်စွာ
ဥပေါသတ
ချစ်စွာမရဲ ဟု အမည်ပေးကာ ကျော်စွာကို
်တိုင် တောဆင်း၊ တောနင်း လွန်ကြော့ပြီး ဆင်ဖြူငါးစီးရကြောင်းကို ပင်းယတလွှားမှာ ဟိုးဟိုးကျော်သွားသည်။
ဒါကြောင့် သာမညကျော်စွာမှငါးစီးရှင်ကျော်စွာဟု ထင်းရှာကျော်ကြာလာခဲ့သည်။
ဆင်ဖြူတော်ဆိုတာ ဘုန်းကျက်သရေရဲ့သင်္ကေတဖြစ်သည်။ နတ်ရွာစံသောခမည်းတော်မှာပင် ဆင်ဖြူတစ်စီးသာသာပိုင်ဆိုင်ထားသည်။သားတော်ကျော်စွာတွင် ငါးစီးပိုင်ဆိုင်ထားသည်။
ညီတော်ပင်လယ်မြို့စားကျော်စွာ(ငါးစီးရှင်ကျော်စွာ)အမည်နာမတွင်ကြောင်းကို ပင်းယ ရွှေနန်းတော်ဆီကို လေပြင်းဝှေ့သလို ၀င်ရောက်လာခဲ့သည်။ ထိုးသတင်းကြောင့်နန်းတွင်ရှိမှူမက်ဘိုပါများသည် နန်းပလ္လင်ကိုခြိမ်ခြာက်မည်အရေးကို တွေးဆသွေးလန်နေကြသည်။
အမတ်တစ်ဦးသည် ပင်လယ်စား ဆင်ဖြူငါးစီးရကြောင်ကိုဘုရင်ဥဇနာမင်းသိရအောင် အသိပေးသံတော်ဦးတင်မှ ဘုရင်မင်းမြက်ကိုသံတော်ဦးတင်မည့်အရေး အမတ်များလဲ ရဇဒဏ်သင့်မည်ကိုလဲ ကြောက်ဝင့်ပြန် အမတ်ငယ်တစ်ဦး အရဲစွန့်၍ ဘုရင်းမင်းမြတ်ကို သံတော်ဦးတင်သောအခါ
အမတ်ငယ်ပြောက ''မှန်ပါ...ဘုရား...''
အသံကိုတုန်ယင်မနေအောင်ထိန်း ကိုယ်ကြပ်သင်တိုင်းအောင်မှာလည်းကြောက်ဆချွးအလိမ်းလိမ်နဲ့...
"ညီတော် ပင်လယ်စားကျော်စွာသည်...
သိကြားမင်းအိမ်မက်ရသည်အဆိုဖြင့်...ဆင်ဖြူငါးစီးရခြေမှာ ဧကန်စင်စစ်ရကြောင်းပါ...ဘုရား"လျောက်တင်လေသည်။အမတ်ငယ်၏စိတ်ထဲတွင်
"ဟယ်...ငါ့နားမချိုတဲ့သတင်းစကားနင်ယူလာရသလား" ဆိုပြီး ရာဇမာန် ပေါက်ကွဲတော့မည်ထင်နေပါသည်။
အမတ်ငယ်သည်တစ်ကိုယ်လုံး ကြောက်စိတ်ကြောင့် နတ်ပူးသလိုဖြစ်နေချိန်မှာ
ဥဇနာမင်းကြီးက
"အို...ငါညီတော် ဆင်ဖြူရသတဲ့လား" ညီတော် လိုတစ်ခါမှ တစ်ခါဖူးမှ မခေါ်ဖူးသောဘုရင်မင်းမြတ်
"အို...တဲ့၊ ၀မ်းသာ လှိုက်လှဲ သောအာမေဋိတ်..."
အဲဒီ အသံကိုကြာိးုက်ရချိန် မင်းတရား မျက်နှာတော်ကို အမတ်ငယ်ခိုးကြည့်လိုက်တော့ အလို ၀မ်းမြောက်ပီတိ ရွှန်းဖိတ်လက်လက်နေသေ မျက်လုံးများနဲ့...
ဒီအကြောင်းကိုကျော်စွာရဲ့အမတ်ကို အမတ်ငယ်ကပြန်ပြောပြလိုက်သည်။ ကျော်စွာရဲ့အမတ်ကလဲငါးစီးရှင် ကျော်စွာကိုလျှောက်တင်သောအခါ
"နောင်တော်က ငါ့ကို ညီတော်လို့ ခေါ်ပေတယ်"
လို ကြည်ကြည်နူးနူး ရေရွတ်ပြီး သူအမတ်ကို ဆင်မတစ်စီးဆုချလေသည်။
အရှင် ဥဇနာမင်း ဟာ ပင်းယစကား ခုနှစ်ကျောင်းဆိုတဲ့ ဘုန်းတော်ကြီး ကျောင်းကြီးကိုကြီးကျယ်စွာ ဆောက်လုပ်လှူဒါန်းခဲ့သည်။ ဥဇနာမင်းကြီးလှူဒါန်းခဲ့သော အများသား
တစ်ကယ်ကိုပင် ဥဇနာမင်းသည် မုဒိတာရာဇာဟုထင်ရှာကျော်ဇော ခဲ့သောမင်းဖြစ်ခဲ့လေသည်။
ဥဇနာမင်းသည် စည်းစိမ် ၉ သက်တော် ၄၅တွင် နတ်ရွာစံကံကုန်လေသည်။