ဘဝ တစ်ဆစ်ချိုး ၇
မြိတ်မြို့ရဲ့ ဧရိယာ အနေအထားက ၉ မိုင်ပတ်လည်ဘဲ ရှိပါတယ် အနီးအနားစပ်ဆက်နေတဲ့ ရွာငယ်တွေကတော့ အများကြီးပါဘဲ ။တနင်္သာရီ တိုင်းဒေသကြီး အနေနဲ့ ထားဝယ် မြိတ် ကော့သောင်း သုံးမြို့ဘဲရှိပါတယ်။ တိုင်းရုံး အနေနဲ့ကတော့ ပုံမှန် မရှိပါဘူး။ အခုဒီနှစ်ဆိုရင် တိုင်းရုံးက ထာဝယ်မှာ အခြေစိုက်ပါတယ်။တနင်္သာရီ ဆိုတာက မြိတ်မြို့ကနေ မိုင် ၄၀ လောက်ဝေးတဲ့ တနင်္သရီ မြစ်ဆုံရာ မြို့ကို အဆွဲပြုခေါ်ဝေါ်တာဖြစ်ပါတယ်။မြို့တည်ရာမှာ ပညာရှိတွေရဲ့ ဟောပြောချက်အရ ရွှေအလေးချိန် အရင်ခေတ် နွားလှည်း ၉စီးနဲ့ ၄ တင်း အမှုံ လုပ်ပီး မြို့တည်ရာနေရာမှ ကြဲထားခဲ့ပါတယ်။
နောက်တစ်ခုရှိပါသေးတယ် မြို့တည်ပီတော့ နှစ်စဉ်ရေ မိုးရာသီရောက်တိုင်း မြို့ရေလွှမ်းပါတယ် ဒီလို မဖြစ်စေချင်ရင် လူတစ်ယောက် စတေးရမယ်ဆိုလို့ တစ်ယောက် စတေးခဲ့ပါတယ် ရေကြီးခြင်း ကဲ့သို့သော သဘာဝ ဘေးကတော့ အမှန်တစ်ကယ် လွတ်မြောက်ခဲ့ပါတယ်။စတေးခံခဲ့ရသူရဲ့ နာမည်ကတော့ မအောင်သာဘဲ ဖြစ်ပါတယ် အခုချိန်မှာတော့ စတေးခံခဲ့ရာ နေရာမှာ ရုပ်ထု နဲ့ ပူစော်ထားရှိပါတယ်။အခုလက်ရှိ အချိန်မှာတော့ ဘွားအောင်သာလို့ ခေါ်ကြပါတယ်။မြို့ရဲ့ ကယ်တင်ရှင်တစ်ယောက်ပေါ့ ။အခုချိန်ထိ တနင်္သာရီ မြို့ပေါ်ရှိမြေတွေထဲမှာ ရွှေစလေးတွေရှိနေဆဲပါ မြို့ရဲ့ အဓိက တည်ထားတဲ့ အကြောင်း အရာ ဖြစ်တာကြောင့် မည်သူမှ မြေကြီးထဲက ရွှေကို ကျင်ပီး မယူကြပါဘူး။အိမ်အသစ်ဆောက်တာ ဖြစ်ဖြစ် အိမ်သာတွင်းတူတာ ဖြစ်ဖြစ် မြေကြီးတူးတဲ့အခါ ရွှေတုံးလေးတွေလဲရ နေဆဲပါ။စီးပွါးရေး ကတော့ စိုက်ပျိုးရေး ပါဘဲ အဓိကတော့ ရာဘာ ပင် ကွမ်းသီးပင် ကွမ်းရွက် နဲ့ဆီအုန်းတို့ စိုက်ပျိုးကြပါတယ်။ဧရိယာ အနေနဲ့ကတော့ ၂ မိုင် ပတ်လည်လောက်ဘဲရှိပါတယ်။
MSU. 032