တိုးတက်မူ့များရဲ့ ကောင်းကွက် ဆိုးကွက်နဲ့ရှင်သန်မူ့ပုံစံ
နည်းပညာတွေဟာ လူသားတွေအတွက် စိန်ခော်မူ့တစ်ရပ် ဆိုပေမဲ့ တီထွင်ရှာဖွေတဲ့သူတွေအတွက်ကတော့ အကြီးမားဆုံးတိုက်ပွဲပါဘဲ။လူသားတွေအသုံးပြုသုံးစွဲတဲ့ ပစ္စည်းတွေ တိုတက်လာသလို တစ်ဘက်မှာလဲ ရောဂါဆန်းတွေကလဲ အများအပြား ပေါ်ပောက်လာပာတယ်။ဆေးဝားသုတေသန ကလဲကုသဖို့ ကုထုံးအသစ်တွေ ရှာဖွေရပါတယ်။
ဒီလိုတီထွင်မူ့တွေ ရှာဖွေမူ့တွေကြောင့်ဘဲ လူသားတွေရဲ့ သက်တမ်းဟာလဲ အပြောင်းအလဲရှိလာပါတယ်။ငွေကြေးပြည့်စုံတဲ့သူတွေအတွက် အသက်ဆက်ဖို့ လွယ်ကူပေမဲ့ မရှိဆင်းရဲသားတွေကတော့ သိတဲ့အတိုင်းဘဲ။နည်းပညာတွေ တိုတက်လာတယ် တန်ကြေးက မြင့်မားတယ် သုံးစွဲရတာ အလွန်ကောင်းတယ် ဆေးဝါးတွေကောင်းမွန်ထိရောက်တယ် ဝယ်သုံးရတာဈေးကြီးလာတယ်။လူ့အသက်က ချမ်းသာတဲ့သူတွေအတွက် တန်ဖိုးကြီးပေမဲ့ ဆင်းရဲသားတွေအတွက်ကတော့ ကုလို့ရမှန်သိတယ် ငွေကြေး မပြည့်စုံတော့ တန်ဖိုးမရှိ အသေခံရတယ်။လူတွေပြောနေကြတဲ့အတိုင်း ငွေကြေးက ဒုတိယ ဖန်ဆင်းရှင် ဖြစ်နေပါပီ။ကျွန်တော်တို့လဲ ဒုတိယ ဖန်ဆင်းရှင်ကို ရသလောက် ပိုင်ဆိုင်ခြင်တဲ့ အတွက် အချိန်နှင့်အမျှ ကြိုးစားနေရတယ်။တစ်ခာတစ်လေ စဉ်းစားမိတယ် ငွေကြေးအနောက်ကို လိုက်ရမလား ဝါသနာပါတဲ့ နည်းပညာအနောက်လိုက်ရမလား လို့ပေါ့။နည်းပညာအနောက်လိုက်ရင် ထွက်လာတဲ့ပစ္စည်းတွေ ဝယ်ယူအသုံးပြုလိုက် ထပ်ထွက်ရင်ထပ်လိုက်နဲ့ အသက်သာကြီးလာတယ် မချမ်းသာလာဘူး လူတန်းစေ့နည်းပါး နေနိုင်တဲ့ အဆင့်လောက်ဘဲရှိတယ်။ငွေနောက်လိုက်ပြန်တော့ သူများခိုင်းဘက်ဘဝထဲ အလိုလိုရောက်သွားတယ် ဟိုဟာလေးပော်လာလိုက်ငေးကြည့်လိုက် ဒီဟာလေးပေါ်လာလိုက် ငေးလိုက် လူများခိုင်းတာ လုပ်ပေးလိုက်နဲ့ ဘဝကို တန်ဖိုးမရှိတဲ့ သူတစ်ယောက်အနေနဲ့ အဆုံးသတ်ရတယ်။လူဖြစ်ခွင့်ရတဲ့ အချိန်လေးမှာ တန်ဖိုးရှိပီး သမိုင်းကြောင်း ကောင်းကောင်းနဲ့ အဆုံးသက်ခြင်ရင်တော့ သူများတွေနဲ့ မတူတဲ့ ဆုံးဖြတ်ချက် ခံယူချက် အတွေးအခော်ကောင်းတွေနဲ့ ကြိုးစားရလိမ့်မယ်။ဇွဲကောင်းဖို့လဲ လိုပါတယ် လဲကြတဲ့အချိန်မှာ စိတ်ဓာတ်ကြပီး နောက်ပြန်လှည့်မယ်ဆိုရင်တော့ အဲ့ဒီအလုပ်ကို အစထဲက မလုပ်တာ ပိုကောင်းပါတယ်။
သူများတွေထက် ပိုပီးတော့ အောင်မြင်ချင်ရင်တော့ ခံယူချက်ကောင်းကောင်းနဲ့ လဲကြတိုင်းအပြံုးမပျက် ရှေ့ဆက်နိုင်ဖို့ လိုပါတယ်။မိတ်ဆွေတို့ ရော ဘယ်လိုနေထိုင် ရှင်သန်မူ့နဲ့ ရှေ့ဆက်နေကြလဲ။ဖြတ်သန်းလျောက်လှမ်းနေတဲ့ ချိန်တိုင်းမှာ မိမိလုပ်နေတဲ့ အလုပ်ကို အချိန်ရတိုင်းပြန်လည် ဆန်းစစ်ပြုပြင်ရင်နဲ့ ရှေ့ဆက်ကြပာလို့ တိုက်တွန်းလိုက်ရပါတယ်။HFS GB9