မြန်မာပြည်မှာ လိမ်နည်းစနစ်မျိုးစုံနဲ့ လိုက်လိမ်နေတဲ့ အုပ်စု တစ်ခုရှိတယ်။
အဲ့အုပ်စု သုံးတဲ့စနစ်တွေထဲက တစ်ခုက OS တွေ exchange တွေကို တဆင့်ခံခုတုံးလုပ်ပြီးလိမ်တဲ့နည်းစနစ်ပါ။
တော်တော်လေးကို ပိရိပြီး ခံ၇သူများပါတယ်။ ဒီ လိမ်နည်းဟာလည်း လိမ်နည်းတွေအများစုလိုပဲ လူတွေရဲ့ လောဘကို အသုံးချပြီး လိမ်သူကိုတိုက်ရိုက် မသိအောင် အခြားယုံကြည်ရတဲ့ တဆင့်ခံကို အသုံးပြုပြီးလိမ်တာပါ။
လိမ်တဲ့သူတွေအများစုအသုံးများတာက ကားဝစ်သောက် နဲ့ အ၀တ်အထည်တွေကို ရောင်းသူအဖြစ်ဟန်ဆောင်ပါတယ်။
ကားဝစ်သောက်ရောင်းမယ် ဈေးက ပုံမှန် ၄ သိန်း ၀န်းကျင် ပြောကြတယ်။ ဈေးကတန်နေတော့ ၀ယ်သူကလည်း ၀ယ်ချင်သွားပါတယ်။ လောဘ စတက်တာ။ ၀ယ်မယ်ဆို သူကဆီပိုက်ဆံလွှဲဖို့ လိမ်မဲ့သူက ဘဏ်အကောင့်ပေးပါတယ်။ တကယ်တော့ အဲ့ဘ)်အကောင့်က လူလိမ်ရဲ့ အကောင့်မဟုတ်ပါဘူး။ အခြားသူရဲ့ဘဏ်အကောင့်ပါ။ ဥပမာ vrypto exchange လုပ်နေသူရဲ့အကောင့်ကိုပေးပြီးငွေလွှဲခိုင်းတာပါ။ အလိမ်ခံရမဲ့သူနဲ့ လိမ်မဲ့သူဈေးစကားပြောပြီး ငွေမလွှဲခိုင်းခင်မှာ လူလိမ်က crypto exchange ဆီကိုလာပါတယ်။ သူcrypto ၀ယ်မယ်ပေါ့။ ၄သိန်းဖိုးဝယ်မယ်။ ငွေလွှဲဖိုကဘဏ်အကောင်းပေးပါဆို လူလိမ်ကတောင်းတယ်။ အိပ်ချိန်းက ဘဏ်အကောင့်ပေးတော့မှ အဲ့ဘဏ်အကောင့်ကို လူလိမ်က အလိမ်ခံရမဲ့သူဆီကို သွားပေးတာပါ။ အဲ့တော့အလိမ်ခံရမဲ့သူက အိပ်ချိန်းရဲ့အကောင့်ထဲကိုငွေလွှဲပါတယ်။ လွှဲပြီးတာကို စလစ်ပြတော့မှ အဲ့စလစ်ကိုယူပြီး လူလိမ်က အိပ်ချိန်းဆီက crypto ကို ၀ယ်ယူလိုက်ပါတယ်။ အိပ်ချိန်းကလည်း သူကဆီ ငွေလွှဲပြီး ၀ယ်သူဆိုတော့ ပေးလိုက်တာပေါ့။ လူလိမ်က နောက်အိပ်ချိန်းတစ်ယောက်ဆီကိုသွားပြီး အဲ့ crypto coin တွေကိုပေါက်ဈေးနဲ့ ပြန်ရောင်းပြီး ငွေထုတ်သွားပါလေရော။ အဲ့မှာ လူလိမ်ကက ခြေရာဖျောက်သွားပါတော့တယ်။ အလိမ်ခံရသူက ဘဏ်ကငွေလွှတြာဆိုတော့ ဘဏ်ကိုလိုက် အကောင့်ပိုင်ရှင် လိပ်စာတောင်း ဖုန်းနံပါတ်တောင်း။ အလိမ်ခံရသူနဲ့ အိပ်ချိန်းနဲ့ အဲ့မှာ ထိပ်တိုက်ရှင်းကြရပါပြီ။ လူလိမ်က အသာလေးလစ်ထွက်သွားပါပြီ။ ဘယ်လိုမှ ပြန်လိုက်မရတော့ပါ။
အချို့သော လူလိမ်တွေက crypto အပြင် အထည်လိပ်တွေပေးမယ်ဆို လိမ်တာလည်းရှိပါတယ်။ တစသိန်းပေး ၄သိန်းဖိုး ကုန်ချပေးမယ်ဆို လိမ်တာပါ။ ယုံတဲ့သူကလည်းယုံပြီးငွေလွှဲတာပါပဲ။ အိပ်ချိန်းလောကမှာတော့ အဲ့တာမျိုး ၃ခါလောက်အပြီးမှာ အိပ်ချိန်းတွေအချင်းချင်း ချိတ်ဆက် ကာကွယ်လိုက်လို့ အဲ့လိုလိမ်လည်မှုတွေထပ်မဖြစ်တော့ပါဘူး။ ကာကွယ်လိုက်ပုံက ပုံမှန်ဝယ်နေကျ မဟုတ်တဲ့သူက တစ်သိန်းအထက်လာဝယ်ရင် ဘဏ်ငွေလွှဲမှာ btc ၀ယ်ရန်ဆိုတာထည့်ရေးခိုင်းပါတယ်။ နောက် မသင်္ကာရင် ဘဏ်ကိုဖုန်းဆက်ပြီး ငွေလွှဲသူကို ဆက်သွယ်ပါတယ်။ ဘာအတွက်လွှဲလွှတြာလဲမေးရင် လိမ်တာတွေကပေါ်ပါပြီ။ အဲ့တာဆို အိပ်ချိန်းက ခင်များ လွှနြေတာက လူလိမ်ဖြစ်တယ်။ ကျုပ်တို့ဆီက crypto ၀ယ်နေတာလားဆို မဟုတ်ဘူး ဖုန်းဝယ်တာ ခရစ်တိုဝယ်တာ လက်ပတော့ဝယ်တာ ဘာညာဆို အလိမ်ခံနေရကြောင်းရှင်းပြပြီး ငွေပြန်လွှဲပေးလိုက်ပါတယ်။ လူလိမ်ကတော့ သူ့ကို crypto လွှမြပေးဘူးလားဆို ဆဲဆိုပြဿနာရှာတာတွေလုပ်တတ်ကြပါတယ်။
ဒါမျိုးအလိမ်မခံရဖို့ ကိုယ်ငွေပို့မဲ့သူရဲ့ ပ၇ိုဖိုင် ပေခ့်ျဆို ပေခ့်ျတွေကို သေချာလိုက်စမ်းစစ်ပါ။ သက်တမ်းဘယ်လောက်ရှိပြီလဲ။ အဲ့ပေခ့်ျတွေရဲ့ အောက်ကမန့်တွေမှာဘယ.်သူတွေဘာတွေ လာပြောထားလဲ။ သိပ်ဈေးတန်နေပြီဆို လိမ်တာဖြစ်နိုင်တာမို့ လူချင်းအရင်တွေ့ပြီးပေးတာတို့လို သတိကြီးကြီးထားပြီး အလုပ်လုပ်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။
အခြားသော စကမ်ဆိုက်တွေအကြောင်း နောက် ကြုံတဲ့အခါထပ်ရေးပြပါဦးမယ်။
Kyaw Thu Ra
Khit Online General Service
Khit Marketplace
MSU N0 056