.
ဆရာကောင်းနဲ့မတွေ့ခဲ့ပါဘူးလို့
ကျွန်တော်ပြောရင် အဲ့ဒါဟာ..ကျွန်တော် ညံ့လို့ပါ...
ဆရာဆိုတာ တပည့် တွေကို ပညာအကုန်ပေးပါတယ်
တကယ့်ဆရာအစစ်မှန်တွေရဲ့စိတ်ဓာတ်တွေမှာပေါ့...
.
ပုံပြင်လေးတစ်ပုဒ်....ကျနော် မှက်မိသလောက်..မေမေပြောတဲ့ အိပ်ယာဝင်ပုံပြင်လေးပေါ့..
.
ဟိုး..ရှေးရှေးတုန်းက
သူရနဲ့ မဟူရာ ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ရှိသတဲ့..
သူတို့ဟာ.ငွေကြေးချမ်းသာပုံခြင်းလည်း တူညီသလို..ငယ်စဉ်ကတည်းက ကစားဖော်ကစားဖက်တွေပေါ့....
သူတို့နှစ်ဦး ပညာသင်ရမဲ့အရွယ်ရောက်တဲ့အချိန်မှာတော့ ပညာကိုသင်စေဖို့ ဒိသာပါမောက္ခ ဆရာကြီးထံသို့အပ်နှံ၍ပညာသင်စေခဲ့သတဲ့..
အဲ့ဒီလိုပညာတွေသင်ကြားရင်း အချိန်တွေကို ပညာဆိုတဲ့အရာတွေနဲ့လဲခဲ့ကြတာပေါ့..
အချိန်အတော်ကြာလို့ ပညာတွေစုံလာတဲ့အခါမှာတော့...
သူငယ်ချင်းနှစ်ယောက်ကို မိမိရဲ့နေထိုင်ရာနေရာဒေသသို့
ပြန်စေခဲ့တာပေါ့..
အဲ့ဒီလိုပြန်စေခဲ့တာမှာလည်း....သူတို့နှစ်ဦးကို အရာရာကို ”သတိ” ရှိဖို့ လောကကြီးထဲမှာ
ကောင်းတာတွေသာလုပ်ဆောင်ဖို့အပြင်အခြားသောဆုံးမစကားတွေကိုပါပြောပြီး ပြန်စေခဲ့တာပေါ့..
.
အဲ့ဒီမှာ ထူးခြားတာ တစ်ခုက
စာကျတ်မှက်တာခြင်းအတူတူ သူရက မဟူရာထက် ပိုရနေတယ်
သိုင်းပညာသင်ယူတာခြင်းအတူတူ သူရက
မဟူရာထက်ပိုပြီး ကျွမ်းကျင်စွာတက်မြောက်နေခဲ့တာပေါ့....
.
သူတို့ဟာ လမ်းခရီးမှာ တောပုန်းဓားပြတွေရဲ့ရန်ကနေကာကွယ်ရင်းနဲ့ ဘယ်သူကပိုပြီးကျွမ်းကျင်နေတာလည်းဆိုတာကို သိခဲ့ရတာပေါ့
ပညာတွေသင်နေချိန်မှာမသိသာပေမဲ့..တစ်ကယ်လက်တွေ့မှာသိသာခဲ့တာပါပဲ..
.
သူရနဲ့မဟူရာက အရမ်းကို သွေးစီးတဲ့ သူငယ်ချင်းတွေပါ
စိတ်တူကိုယ်တူတွေပေါ့
သူတို့နှစ်ယောက် ဘဝင်မကျတာတစ်ခုက..
ငါတို့ စိတ်တူကိုယ်တူ သူငယ်ချင်းနှစ်ယောက် ဘာလို့ ပညာတူတူမတက်တာလည်း ငါကိုများဆရာက ပညာတွေလျော့ပြီးသင်ပေးခဲ့တာလား.ဆိုပြီး.မဟူရာက စဉ်းစားတယ်..
သူရကလည်း ထို့အတူပဲ.ငါ့ကိုများ ဆရာကြီးက ပညာတွေပိုသင်ပေးလိုက်သလားပေါ့..
ဘဝင်မကျတဲ့ သူငယ်ချင်းနှစ်ယောက်
ဆရာကြီးရှိရာ ပညာသင်ရာ ကျောင်းတော်ကြီးသို့ ပြန်လှည့်လာခဲ့ကြတယ်လေ....
.
တွီ.....တွီ.....တွီ...
ရောက်ပြီ...
.
ဟ...မြန်လှချည့်လားသူငယ်ချင်းရ
ငါတို့ လမ်းတစ်ဝက်ကိုရောက်ဖို့ လေးငါးရက်လောက်ကြာတာကို...
ခုဆရာကြီးဆီပြန်ရောက်တာ ခဏလေးရယ်......
အဲ့ဒါဘယ်လိုဖြစ်တာတုန်း ဆိုတော့..
.
သိဘူးလေကွာ...စာရေးဆရာက..
သူရောက်စေချင်ရင် ချက်ချင်းရောက်နေတာကွတဲ့.....😄😅😉
ဘာမှတက်နိုင်ဘူး..ဆရာကြီးဆီ အမြန်ရောက်လို့ စာရေးဆရာကို ကျေးဇူးတောင်တင်ရအုံးမှာကွ..
.လာလစ်မယ်ဆိုပြီး..ဆရာကြီးသွားခဲ့ကြတာပေါ့ကွယ်..
ဆရာကြီးဆီရောက်တဲ့အချိန်ဟာ..
ညနေခင်းအချိန်ပဲဖြစ်ပါသတဲ့...
.
ဆရာကြီးက အကြောင်းစုံကိုမေးမြန်းလို့ သိရှိတဲ့ အခါမှာတော့
သူငယ်ချင်းနှစ်ယောက်ကို မေးတာပေါ့..
တပည့်တို့...
တပည့်တို့နှစ်ယောက်ဟာ..ဘယ်သူ့ကိုပညာပိုပြီးပေးတယ်ဆိုတာကို သိချင်နေကြတယ်...အဲ့လို သိချင်နေတဲ့ စိတ်ဇောတွေကြောင့် အိမ်အပြန်လမ်းခရီးထက်..ဆရာ့ဆီပြန်လာတဲ့ လမ်းခရီးဟာ ပိုပြီးခရီးရောက်မြန်ဆန်နေခဲ့တယ်..
ဒီတော့ တပည့်တို့နှစ်ယောက်လိုချင်တဲ့အဖြေကို
နောက်တစ်နေ့ ရဲ့ အာရုံဦးအချိန်မှာဆရာဖြေပေးမယ်
ဒီညနေမှာတော့ စောစော အိပ်ယာဝင်လို့.နံနက်စောစော ဆရာဆီလာခဲ့ကြပါလို့ မိန့်မှာလိုက်ပြီး..အိပ်ယာဝင်စေခဲ့တာပေါ့...
နံနက်စောစောမှာတော့..အဖြေကို သိခြင်ဇောကပ်နေတဲ့
သူငယ်ချင်းနှစ်ယောက်... ဆရာ့ဆီကို စောစီးစွာပဲ ရောက်ရှိခဲ့တာပေါ့..
ဆရာက..သူတို့ကို အပြုံးနဲ့ကြိုဆိုလိုက်ပါတယ်....
ဝီရိယ ရှိတဲ့သူငယ်ချင်းနှစ်ယောက်ကို စိတ်ထဲကနေ ဂုဏ်ပြုလိုက်ပါတယ်...
ပြီးတော့မှ..ဆရာက..
ကဲ တပည့်တို့..
ဟိုးးမျက်ခင်းပြင်က နှင်းစက်လေးတွေတွေ့လား
အဲ့ဒီနှင်းစက်လေးတွေကို ဟော့ဒီ ရေအိုးလေးထဲကို
ရောက်အောင်စုပေးပါလို့ဆိုပြီး အရွယ်တူတဲ့ ရေအိုးလေးနှစ်လုံးကိုပေးလိုက်တာပေါ့
ပြီးတော့ ထပ်ပြောတယ် နှင်းစက်လေးတွေအများဆုံးစုမိဖို့တော့လိုတယ်နော် တပည့်တို့
နည်းနည်းပဲရခဲ့တာဆိုရင်တော့
မင်းတို့လိုချင်တဲ့အဖြေကို ဆရာပြောပြတော့မှာမဟုတ်ဘူးတဲ့...
ဒီတော့ သူငယ်ချင်းနှစ်ယောက်ဟာ..အပြေးအလွှားပဲ နှင်းစက်လေးတွေကို ရေအိုးလေးထဲကိုခံယူသတဲ့...
နေရောင်ခြည် ထွက်ပေါ်လာတာနဲ့ နှင်းစက်လေးတွေဟာ ပျောက်ကွယ်သွားတော့မှာလေ....
.
အဲ..သိပ်မကြာခင်မှာပဲ..နေရောင်ခြည်ကြောင့် နှင်းစက်လေးတွေဟာလည်းပျောက်ကွယ်သွားကြတယ်..
သူတို့သူငယ်ချင်းနှစ်ယောက်ဟာလည်း..
ရေအိုးလေးတွေနဲ့ စုမိထားတဲ့နှင်းစက်လေးတွေကို ဆရာ့ဆီပြသတာပေါ့........
ထူးခြားတာ စပြန်ပါပြီနော်...
သူငယ်ချင်းနှစ်ယောက် ရေအိုးတွေရဲ့
နှင်းရည်ရရှိပုံခြင်းဟာမတူညီဘူးလေ..
သူရက ပိုပြီးများများစုနိုင်ခဲ့တယ်..
.
ဆရာကြီးက အဲ့ဒါကိုကြည့်ပြီး....
တပည့်တို့ကို ဆရာက နှင်းရည်မရရင် အဖြေမပြောပြဘူးဆိုတာက
တပည့်တို့ရဲ့ ကြိုးစားချင်စိတ်ပျောက်သွားမှာစိုးလို့ပါ...
အမှန်တစ်ကယ်က
တပည့်တို့လိုချင်တဲ့..အဖြေဖြစ်တဲ့.. တစ်ဦးနဲ့တစ်ဦး ပညာမတူညီရခြင်းရဲ့အကြောင်းရင်းကတော့
ဟော့ဒီရေအိုးထဲက နှင်းရေ လေးတွေက အဖြေပါပဲကွာလို့ပြောလိုက်ပြီး နှင်းရည်ကို ဘယ်လို စုဆောင်းကြလည်းဆိုတာကို မေးပါတယ်..
သူရက....
ကျွန်တော်က အဝတ်သန့်သန့်တစ်ခုနဲ့ မျက်ခင်းပေါ်က နှင်းရည်တွေကို လိုက်ထိပြီးမှ အိုးထဲကို ပြန်စုခဲ့တာပါတဲ့
မဟူရာကတော့...ဆရာပြောရင်ပြောတဲ့အတိုင်းပဲမှက်ထားပြီး..ဒီတိုင်းပဲမျက်ခင်းပြင်ကမျက်ပင်တစ်ပင်ချင်းစီက နှင်းရည်ကို စုခဲ့ခြင်းဖြစ်ကြောင်း ပြောပြပါတယ်..
ဆရာက တပည့် နှစ်ဦးရဲ့အဖြေကို နားထောင်အပြီးမှာတော့..တပည့်တွေကို ဟော့ဒီလို ဆုံးမသတဲ့.....
အေး..တပည့်တို့မှက်ထားကွဲ့...ပညာဆိုတာ
ခံယူတဲ့ သူအပေါ်မူတည်ပြီး...
ဟော့ဒီရေအိုးလေးတွေနဲ့ နှင်းရေလေးတွေ ခံယူသလိုပဲ..ကွာခြားသွားလိမ့်မယ်တဲ့...
.
အဲ့ဒီတော့မှ..သူငယ်ချင်း နှစ်ယောက်လည်း
စိတ်ကျေနပ်သွားကြတဲ့အတွက်..
ဆရာကြီးကိုကျေးဇူးတင်ကြောင်းပြောပြီး..
သူတို့ပထမအခေါက် ပြန်စဉ်တုန်းက ဆရာကြီးကို ရှိခိုးကန်တော့ဖို့မေ့နေခဲ့တာကို သတိရပြီး...ဦးသုံးကြိမ်ပဲ ရှိခိုးရမဲ့နေရာမှာ
အရင်အခေါက်နဲ့ပေါင်း..ခြောက်ကြိမ်ရှိခိုးကန်တော့ပါသည်ဆရာကြီးဆိုပြီး..ရှိခိုးကြတော့တာပေါ့......😅😅😊😊
.
.
ဒီတော့မှ ဆရာကြီးလည်း..
စိတ်ထဲမှာရေရွတ်လိုက်မိသည်ကား...
.
.
ဟားးး...
ဒိုးးခပါပဲကွားးး....ဒီဂျင်းကောင်လေးတွေမြန်မြန်လစ်တော့ကွာ....ဒိုးးခပဲ..............😁😁
.
......ဟူ၍...ဖြစ်ပါတော့သည်....😂😂😅😅😁
.
ပျော်ရွှင်နိုင်ကြပါစေဗျာ...
.
.
ရေးသားသူ👉👉👉KoMoeZaw
.
ပုံပြင်ရဲ့ ကျောရိုးလေး ယူသုံးထားပြီး
ကျန်တဲ့အသားလေးတွေအကုန်ပြောင်းလဲထားပါသည်ဗျ😁
ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ....