Hello မင်္ဂလာပါ steemitပေါ်မှ မိတ်ဆွေ သူငယ်ချင်းအပေါင်းတို့ရေ။
ဒီတစ်ကြိမ်မှာတော့ စိတ်စေတနာနဲ့ ကလေးငယ်တို့ရဲ့စိတ်ထားအကြောင်းလေးကိုရေးပြပေးချင်ပါတယ်ဗျာ။ကျတော်တို့တတွေဟာ စာရေးဆရာတွေ မဟုတ်ကြပေမယ့် စရေးတာမဟုတ်လေတော့ စာရေးတဲ့လူတစ်ဦးဖြစ်လို့နေပြီပေါ့ဗျာ။ ဒီတော့ ဟိုနည်းနည်း ဒီနည်းနည်း ထွေရာတွေလည်းရေးတက်ခဲ့ကြပြီပေါ့ဗျာ။ ကျနော်ရေးချင်တဲ့ စိတ်စေတနာဆိုတာကိုပြောဖို့ကြတော့ ကလေးငယ်လေးတွေ ဘဝဖြစ်တည်လာမှုတွေနဲ့ယှဉ်ပြီး ပြောပြချင်လို့ ကလေးငယ်တို့ရဲ့စိတ်ထားအကြောင်းလေးနဲ့ ဆက်စပ်ရေးပြရခြင်းဖြစ်ပါတယ်။
လောကကြီးရဲ့သဘာဝတရားတွေအရ လူသားတွေဟာ လက်တွေ့ဖြစ်တည်လာမှုအကြောင်းတရားတွေကိုကြည့်ရှုခဲ့ကြပြီး အကျိုးတရားတွေကိုခံစားလာနိုင်ကြစေဖို့ လူသားတွေကပဲ ဖန်တီးခဲ့ကြတဲ့ သတ်မှက်ခဲ့ကြတဲ့ စကားအသုံးအနှုန်းတွေဟာ ယခုလက်တွေ့လောကကြီးထဲမှာ အကျိုးရှိစွာအသုံးပြုလာနိုင်ကြပါတယ်။ အဲ့ဒီစကားတွေထဲကမှ ကလေးနဲ့ခွေး သိပ်အရောတဝင်မနေဖို့ လူကြီးသူမတွေရဲ့ပြောဆိုဆုံးမစကားလေးကိုလည်း ပြန်လည်ကြားယောင်မိနေပါတယ်။ ကလေးနဲ့ခွေးကို ဘာလို့သိပ်အရောတဝင်မနေစေချင်လည်းဆိုတာ ကိုယ်တိုင် ကလေးတစ်ဦးကို ချစ်တက်တဲ့စိတ်၊ခွေးလေးတွေကို ချစ်တက်တဲ့စိတ်ရှိသူဆိုရင်သိနိုင်ပါတယ်။ တချို့ဆိုရင် ခွေးလေးတွေကိုအတော်လေးကိုတယုတယနဲ့ မွေးကြပါတယ်။ လုံးဝကြီးမချစ်ရဘူးမဟုတ်ပါဘူး ဆုံးမသွန်သင်ရင်းနဲ့ကို အများကြီးချစ်လို့ရပါတယ်။ ဥပမာ ကလေးတစ်ယောက်ကိုချစ်ရင် ကလေးကို အခွင့်အရေးအားလုံးမပေးပဲ ဒီတိုင်းပျော်ရွှင်ပါစေ။ ကိုယ့်ကို အသည်းယားလာအောင်သွားပြီးမစနဲ့ စိတ်ဆိုးအောင်သွားပြီးမလုပ်နဲ့။ ကိုယ်ကချစ်လို့ သူကို စတာတွေစိတ်ဆိုးတာတွေလုပ်ရင် ကလေးငယ်လေးတွေဆိုတာ လူကြီးတွေလိုစဉ်းစားပြီးမှ တစ်ခါတည်း အရောက်ပို့တာမဟုတ်ပါဘူး။(နတ်ပြည်ထိ😁😁)
ကလေးငယ်ဆိုတာ သူတို့စိတ်ထဲရှိရင် ရှိတဲ့အတိုင်းလုပ်တက်တာပါ။ ကိုယ့်ကိုအသည်းယားလာလို့ စိတ်ဆိုးလာလို့ရှိရင် တွေ့တဲ့ အရာဝတ္ထုပစ္စည်းတွေနဲ့ကိုင်ပေါက်တက်ပါတယ်။ အဲ့ဒီလိုကိုင်ပေါက်လို့ တချို့ဆို ခေါင်းပေါက်ပြီး သွေးထွက်သံယိုတွေပါဖြစ်ကြရပါတယ်။ အဲ့ဒီလိုမဖြစ်ရလေအောင် ကိုယ့်ဘက်ကနေ ဆင်ဆင်ခြင်ခြင်နေကြရပါမယ်။
အဲ့ဒီလို ကလေးငယ်တွေကို မစပဲ၊ မနောက်ပဲနဲ့ ကိုယ့်ကို အန္တရာယ်ဖြစ်လာစေခဲ့ရင် အကြမ်းပတမ်းနဲ့မဆုံးမပဲ အချိုသာဆုံးနည်းဖြစ်တဲ့ ကြိမ်လုံးနဲ့အချက်ငါးဆယ်လောက်ရိုက်ပြီး အဲ့ဒီလိုမလုပ်သင့်ကြောင်း ဆိုဆုံးမရပါမယ်။(တကယ်မရိုက်ကြနဲ့နော်😁😁)
ငယ်ရွယ်စဉ်ကတည်းက မဆုံးမရင် အသက်ကြီးလာရင် ဆုံးမလို့မရတော့ပါဘူး။ ဆုံးမလို့ မလွယ်ကူတာမဟုတ်ပါဘူး။ ဆုံးမသွန်သင်လို့ကိုမရတော့တာပါ။ ကျတော် မျက်မြင်ကိုယ်တွေ့ကြုံဖူးခဲ့တာလေးတွေရှိနေလို့လည်းပြောပြရခြင်းပါ။ နောက်ပြီး တချို့ကလေးတွေဟာ လူကြီးတွေရဲ့ မဆုံးမပဲလွှတ်ထားမှုတွေကြောင့် မဖြစ်သင့်တာတွေဖြစ်လာရပါတယ်။ ဟိုတလောကဆို ကျတော်တို့ရွာထဲကပါပဲ ဘိုးဘွားမိဘတွေရဲ့အလိုလိုက်အကြိုက်ဆောင်ပြီးအချစ်မှားခြင်းခံရတဲ့ကလေးလေးတစ်ယောက် သူ့ဦးလေးခေါင်းကိုမူလီချောင်းနဲ့ရိုက်လိုက်လို့ ခေါင်းပေါက်သွားခဲ့ရပါတယ်။ ဖြစ်ပုံက ကလေးက အိမ်ထဲတနေရာကနေမူလီချောင်းတစ်ခုတွေ့လို့ ကလေးကကောက်ပြီး ဟိုနေရာတောက်တောက်တောက်နဲ့ရိုက် ဒီနေရာ တောက်တောက်တောက်နဲ့ရိုက်လုပ်ရင်း အိမ်ထဲမွှေနေတာပါ။ ကလေးကဆော့နေတာဆိုတော့လွှတ်ထားလိုက်ကြတယ်ထင်ပါတယ်။ အဲ့ဒီမှာ ကလေးရဲ့ဦးလေးက သတင်းစာဖတ်နေတာပါ။ ကလေးက အနားနားရောက်လာတဲ့အထိ သတင်းစာဖတ်နေတာမပြတ်ပါဘူး။ အနောက်ကနေမူလူချောင်းနဲ့ ဦးခေါင်းကို တောက်တောက်တောက်လုပ်ခြင်းခံရမှပဲ သတင်းစာဖတ်တာရပ်သွားပါတော့တယ်။ ခေါင်းပေါက်သွားတာကိုး😁😁။
ကလေးငယ်ကိုင်ဆောင်ထားတာ မူလီချောင်းမို့လို့ပေါ့ အနီးနားက သံတူရွင်းအချွန်နဲ့သာဦးခေါင်းကိုထိုးလိုက်လို့က မတွေးရဲစရာပါ။ ကလေးက သံတူရွင်းအချွန်ကို မမနိုင်လို့သာတော်သေးတာပါ။
ကလေးတွေကို ငယ်ရွယ်စဉ်ကတည်းက ဆုံးမသွန်သင်ခဲ့မယ်ဆိုရင် အသက်အရွယ်ကြီးရင့်လာတဲ့အခါအသိအမြင်ကောင်းတွေရရှိလာမှာဖြစ်လို့ စေတနာကောင်း စိတ်ထားကောင်းတွေဖြစ်လာရမှာပါ။
ကျတော် ယခင်နေခဲ့ဖူးတဲ့ရွာလေးက ကောင်လေးတစ်ဦးဆိုရင် အသက်အရွယ်အားဖြင့် 15နှစ်လောက်ပဲရှိအုံးမည်ထင်ပါတယ်။ သူ့ရဲ့အသိက အားနည်းတဲ့သူတွေ၊ လူကြီးသူမတွေကို ကူညီဖို့အသိရှိတယ်၊
ကိုယ့်ထက်အသက်ကြီသူးတွေစကားပြောနေရင် သူတို့တတွေရဲ့အရှေ့ကနေဖြတ်သွားဖြတ်လာသိပ်မလုပ်ပါဘူး။ မဖြစ်မနေသွားလာရမယ်ဆိုရင်လည်း လက်လေးနှစ်ဖက်ကိုပိုက်လို့ ခါးကိုရှေ့သို့ဦးညွတ်ပြီးမှဖြတ်သွားလေ့ရှိပါတယ်။
သူဟာငယ်ရွယ်ပေမယ့် အသိသတိ တော်တော်ရှိနေတယ်လို့ပြောလို့ရပါတယ်။ လမ်းသွားရင် ဆူးညောင့်ခလုပ်တွေကိုတွေ့ရင်ရှင်းလင်းပေးသွားတက်ပါတယ်။ ဒီအကျင့်တွေကိုတော့ သူ့ရဲ့အဖိုးဖြစ်သူဆီက သင်ကြား သိမြင်နေတာလို့ကျတော်ထင်ပါတယ်။ သူ့ရဲ့အဖိုးဟာဆိုရင် ကျေးရွာမှာရှိတဲ့လူအများရဲ့ ယုံကြည်လေးစားခြင်းကိုခံရသူတစ်ဦးလည်းဖြစ်နေလို့ အခုလိုထင်မြင်ရခြင်းပါ။ သူ့ကသူ နဂိုကတည်းက စိတ်ထားကောင်းနေတာလည်းဖြစ်နိုင်ပါတယ်။
ဘယ်လိုပဲပြောပြော စိတ်ထားနှလုံးသားကောင်းရှိတဲ့သူတစ်ဦးဟာ သူ့ဘဝမှာ စိတ်ညစ်စရာနည်းရမယ်လို့ထင်ပါတယ်။ သူ့ရဲ့ဘဝနေဝင်ချိန်ဟာလည်း လှပနေမှာပါ။ ဒါကြောင့် မိတ်ဆွေ၊ သူငယ်ချင်းတွေကိုပြောချင်တာက သူတပါးကိုယ့်အပေါ်ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ကိုယ့်ဘက်က စိတ်ဆိုးဒေါသမဖြစ်ကြပါနဲ့။ သူ့စိတ်ဓာတ်မကောင်းရင် သူ့ကသူခံပါလိမ့်မယ် ကိုယ်က စိတ်ခံစားချက်တွေလိုက်ပြီးထားမနေပါနဲ့။ ကိုယ်ကစိတ်ထဲတွေးပြီး ခံစားနေရင် ကိုယ်ပဲဒုက္ခရောက်ပါတယ်။ သူမကောင်းရင်နေပါစေ ကိုယ်ကောင်းအောင်သာနေပါပေါ့ဗျာ။ ဟုတ်ဘူးလား။
ကျတော်လည်း အချိန်မရတာနဲ့ postလေးကိုဒီနေရာတင်ပဲ အဆုံးသတ်လိုက်ပါတယ်ဗျာနော်။
ဖတ်ရှုပေးသုအားလုံးပဲ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ၊ အဆင်လည်းပြေကြပါစေဗျာ။