နှလုံးသားရဲ့စေရာမနေသာ
ဖြေစရာ အဖြေမရှိခဲ့
နေထိမဲ့ ပန်းရွှေကြာသည်
ရေရှိမှ လန်းရွှင်မှာမို့
နမ်းခြွေကာ..ငါမခြွေရက်ပြီ...
.
အပင်ခြေမယိုင်လဲ..
ခိုင်မြဲဖို့.ရေဖြည့်ဆည်း..
နေထိမြဲလန်းရွှင်စွာနေဖို့.
ကန်ရေပြင်ကလည်း သာသာယာ..
ရေမြင့်လျှင်ကြာတင့်မှာမို့
ငါ့နှလုံးသားရေစင်ဖြာပမာ..
ကန်ရေပြင်ဖြန့်ကျဲလို့.
နှလုံးသားငယ်ပေးအပ်မည်...
.
ဘွဲ့အမည်မတက်စေနဲ့..
တစ်သတ်တည် သစ္စာနဲ့သာ ချစ်မည်..
သစ္စာလည်းတည်.မေတ္တာလည်းညီသော..
ငါ့နှလုံးသား ရေစင်နဲ့..အစဉ်လန်းဆန်းပါစေသား..
.
.
Ko Moe Zaw