ခေတ်မဆန် အပြစ်တန် ကင်းစွာလှ
ပုတုန်းရောင် ဆံနွယ်သား
ပိုင်ဆိုင်သူ မောင့်သက်ထား ရယ်လို့
ဝင့်ကြွားစွာ ပြောလိုက်ချင်သပ
ရင်ဖုံး အင်္ကျီ ချိတ်ထဘီ ကို ဆင်မြန်း
ပါးကွက်မှာ သနပ်ခါးရယ်က ကြားကြား
အချိုးကျကျ ကိုယ်နေဟန်
လူပုံအလယ် ကျက်သရေတိုး
အပြစ်အမျိုးမျိုးကင်းစင်တဲ့
မောင့်ချစ်သူ ဗမာမလေး
ဒီတစ်ခါရယ် ဆုံတွေ့ခဲ့ရင်
မောင့်နှ လုံးသားကို ဖက်နဲ့ ထုပ်
မင်းရှေ့မှောက်မှာလည်း ခစားဝံ့ပါတယ်
စေလိုရာစေ သေပစေလို့
ရွှေမျက်တော်ရှ မင်းအမိန့်မှာလည်း
နာခံဝံ့ပါတယ်
ချစ်သူသက်ထား ကျေနပ်စေလို
ဒီမောင့်နှလုံးသားမှာဖြင့်
ဖြည့်ခံသက်သက် မင့်အတွက်မို့
ဘ၀ဆက်တိုင်း မင်းလေးကိုပဲ
ကိုးကွယ်သူအချစ်ရူး
ဖြစ်ရစေရဲ့
မိန်းကလေးရယ် ။