မဟာ ဘယ်ရီယာ သန္တာကျောက်တန်းကြီး (Great Barrier Reef) သည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော သန္တာကျောက်တန်းကြီးဖြစ်သည်။[၁][၂] သန္တာကျောက်တန်းပေါင်း ၂၉၀၀ ကျော်နှင့် မိုင်ပေါင်း ၁၆၀၀ (ကီလိုမီတာ ၁၆၀၀) မျှ ရှည်လျားသော ဒေသတွင် ဖြန့်ကျက်တည်ရှိနေသော သန္တာကျွန်းပေါင်း ၉၀၀ ကျော် ပါဝင်ပြီး ဧရိယာ စတုရန်းမိုင်ပေါင်း ၁၃၃,၀၀၀ မိုင် (၃၄၄,၀၀၀ စတုရန်း ကီလိုမီတာ) မျှ ကျယ်ဝန်းသည်။[၃][၄] သန္တာကျောက်တန်းကြီးသည် ဩစတေးလျနိုင်ငံ အရှေ့မြောက်ပိုင်း ကွင်းစလန်ပြည်နယ်၏ ကမ်းလွန် သန္တာပင်လယ်တွင် တည်ရှိသည်။
ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ
မဟာ ဘယ်ရီယာ သန္တာကျောက်တန်းကြီး
ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ရေးထိုးထားသောအမည်
The Great Barrier Reef lies off the coast of Queensland
တည်နေရာ
ကွင်းစလန်ပြည်နယ် ဩစတြေးလျ
အမျိုးအစား
သဘာဝ
ရွေးချယ်သည့်စံနှုန်း
vii, viii, ix, x
ရည်ညွှန်း
154
ယူနက်စကို ဒေသ
အာရှ-ပစိဖိတ်
ဂြိုဟ်တုမှတစ်ဆင့် တွေ့မြင်ရေသာ ကွင်းစလန်ပြည်နယ် ကမ်းရိုးတန်းနှင့် မဟာဘယ်ရီရာ သန္တာကျောက်တန်း တစ်စိတ်တစ်ဒေသ
မဟာဘယ်ရီရာ သန္တာကျောက်တန်း တောင်ဖက်ပိုင်းရှိ ဟီရွန်ကျွန်း
ရောင်စုံ သန္တာကျောက်တန်းများ
မဟာဘယ်ရီရာ သန္တာကျောက်တန်းပေါ်မှ အစိမ်းရောင် ပင်လယ်လိပ်တစ်ကောင်
မဟာဘယ်ရီရာ သန္တာကျောက်တန်းပေါ်မှ ကြယ်ငါး
Giant clam with diver.jpg
ရဟတ်ယာဉ်ပေါ်မှ တွေ့မြင်ရသော မြင်ကွင်း
မဟာ ဘယ်ရီယာ သန္တာကျောက်တန်းကြီးကို အာကာသမှပင် တွေ့မြင်နိုင်ပြီး ကမ္ဘာပေါ်တွင် သက်ရှိတို့ ဆောက်လုပ်သော အကြီးဆုံးသော တည်ဆောက်မှု ဖြစ်သည်။[၅] ထိုသန္တာကျောက်တန်းကြီးကို ဘီလီယံပေါင်း မြောက်များစွာသော ကိုရယ်လ် ပေါ်လစ်ပ် (coral polyps) ခေါ် သန္တာကောင် ကလေးများက တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။[၆] ထိုနေရာတွင် သက်ရှိပေါင်း မြောက်များစွာတို့ နေထိုင်ရန် အထောက်အကူဖြစ်ပြီး ၁၉၈၁ ခုနှစ်တွင် ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် ရွေးချယ်ခဲ့သည်။[၁][၂] စီအင်န်အင်န် သတင်းဌာနမှ ထိုနေရာကို ကမ္ဘာ့ သဘာဝ အံ့ဖွယ် ခုနစ်ပါး စာရင်းတွင် ထည့်သွင်းခဲ့သည်။ ကွင်းစလန်း အမျိုးသား ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့မှ ကွင်းစလန်းပြည်နယ်၏ သင်္ကေတအဖြစ် သတ်မှတ်ခဲ့သည်။