#ဆေးရုံ ရှေ့မှာ ရောင်းတဲ့ အသုပ်ဆိုင်ကို
ဆေးရုံအုပ်ကြီးက
သန့်ရှင်းမှု ရှိမရှိ သွားရောက် စစ်ဆေးတယ်
အဲ့မှာ
အသုပ် သုပ်တဲ့ အမျိုးသမီးက အသုပ်ကို
နယ်တဲ့အခါ
လက်အိတ် မစွပ်ပဲ နယ်တာ တွေ့တော့
" ခင်ဗျားတို့ ဒီပုံစံအတိုင်း -ရောင်းမယ် ဆိုရင် -ဒီမှာ ရောင်းချခွင့် မပြုနိုင်ဘူး "
" ဘာ ဖြစ်လို့လဲ ရှင် "
" ဘာ ဖြစ်ရမှာလဲ !-
ခင်ဗျားတို့ အသုပ် နယ်တာ လက်အိတ်လည်း မစွပ်ဘူး -ဒီလိုမျိုးတာ လူနာတွေ စားမိရင် ရောဂါတွေ ပိုဆိုးတော့မှာပေါ့ -"
" အဲ့တော့ ကျမတို့ ဘာလုပ်ရမလဲရှင် "
" အသုပ် သုပ်ရင် လက်အိတ်စွပ်ပြီးမှ သုပ်ပါ -ဒါမှ
ဒီမှာ ဆက်ရောင်းခွင့် ပြုနိုင်မယ် "
" ဟုတ်ကဲ့ပါ ဆရာ -ကျမတို့ လိုက်နာပါ့မယ် "
" ပြီးရော -"
ဒီလိုနဲ့
နောက်နေ့ကြတော့
ဆေးရုံအုပ်ကြီးက သူ့စကားကို လိုက်နာမှု
ရှိမရှိ -အသုပ်ဆိုင်ကို တဖန် သွားကြည့်တော့-
အသုပ် နယ်တဲ့ အမျိုးသမီးက လက်အိတ်စွပ်ပြီး
အသုပ် နယ်နေတာကို တွေ့လိုက်တယ်
ဒါ့ကြောင့်
ဆေးရုံအုပ်ကြီးလည်း သဘောကျ သွားပြီး
" အေး ဒီလိုမှ ပေါ့ကွာ -
ကောင်းတယ် ကောင်းတယ်"
" ဟုတ်ကဲ့ဆရာ -ကျမ ဆရာမှာတဲ့အတိုင်း လက်အိတ် စွပ်ပြီးပဲ နယ်ပါတယ် ဆရာ "
" အေးအေး -ကောင်းတယ် ကောင်းတယ်"
" ဒါနဲ့ဆရာ အသုပ် တစ်ပွဲလောက် ကျမတို့ ဧည့်ခံပါရစေ -သုံးဆောင်ပါနော် "
" အေး -မြည်းကြည့်တာပေါ့ကွာ "
ဆေးရုံအုပ်ကြီးက
ထိုင်ခုံမှာ ဝင်ထိုင်ပြီး -ဆိုင်ရှင် သုပ်ပေးတဲ့ အသုပ်ကို စားကြည့်လိုက်ပါတယ်
" အံမယ် -လက်ရာက တယ်ကောင်းပါလား ဟ"
" ကျေးဇူးပါ ဆရာ "
ထိုစဉ်
ကလေးငယ် တစ်ယောက်က
ရောက်လာပြီး ဆိုင်ရှင် အမျိုးသမီးကို ဒီလို ပြောလိုက်ပါတယ်
" အမေရေ -
.
.
.
.
.
.
.
.
ဒီနေ့ ဆေးရုံ အမှိုက်ပုံးထဲက-လက်အိတ် ၅ ခုပဲ ရခဲ့တယ် -ရော့ --"
" တိန် "
😂😂😂😂😂😂😂😂😂😂😂😂
Credit #လူချွန်တော်