ကမ္ဘာရွှေ သည် ဗုဒ္ဓဟူးနေ့မနက်ပိုင်းအထိ ၃ ရက်ဆက်တိုက် အတက်ရှိခဲ့သည်။ တနင်္လာနေ့တုန်းက သမ္မတ ထရမ့်၏ ဒုတိယအကြိမ်မြောက် Fed ဗဟိုဘဏ်အတိုးနုန်း တိုးမည့်အပေါ် ဝေဖန်သော မှတ်ချက်စကားကြောင့် ဒေါ်လာညွှန်းကိန်းသည် သြဂုတ်လ ၉ ရက်နောက်ပိုင်း အနိမ့်ဆုံးဈေး 94.96 ကို ပြေးဆင်းခဲ့သည်။ ဒေါ်လာအားပျော့မှု ကရွှေကို တစ်နှစ်ခွဲအတွင်း အနိမ့်ဆုံးဈေးတန်းမှ ရုန်းတက်လာစေရန် အထောက်ပံ့ကောင်းဖြစ်စေခဲ့သည်။