စိမ်းသက်တဲ့ဆက်ဆံရေးဟာ မိသားစုထဲမွာ ၊ အိမ်ထောင်စုအတွင်းမှာ ရှိနေရင် ကိုယ်တွေဟာ အတူနေတဲ့ အရင်းနှီးဆုံးတစိမ်းတွေ ၊ သွေးသားတော်စပ်ပြီး စိမ်းသက်နေသူတွေ ဖြစ်နေမှာပါ။ ဒါဟာ အချင်းချင်း နွေးထွေးမှုမရှိလို့ ၊ နားလည်မှုမပေးလို့ ၊ မေတ္တာစေတနာတွေ မပေါ်လွင်ကြလို့ ၊ နာစရာတွေဝင်လာလို့ စသဖြင့်သော အကြောင်းအရာတွေကြောင့် ဖြစ်နေနိုင်ပါတယ်။