" အဖေ သားကို ပုံပြင်ပြောပြလေ"
"ဟ မင်း က ကလေးမဟုတ် သူငယ် မဟုတ် ပုံပြင်ပြောစရာလိုလို့လား"
" မဟုတ်ပါဘူး အဖေရာ ရှေးတုန်းက ပုံပြင်တွေက ခုခေတ်မှ မရှိတော့ဘူးဗျ "
" အေး ဒါဆို မင်းကို ဗဟုသုတ အဖြစ် တစ်ပုဒ်ပြောပြမယ်"
ကျွန်တော် အသက်သည် ထိုအချိန်က အသက်လည်းမငယ်တော့ပါ။ ဒါကြောင့် အဖေက ပုံပြင်ပြောခိုင်းတာကို ကျွန်တော် အား ကလေး မဟုတ်ကြောင်းပြောဆိုခြင်းဖြစ်သည်။ အဖေ ၏ ပြောပြချက်အရ ဒုတိယ တန်း စာအုပ်မှ ပုံပြင်ဖြစ်ကြောင်းပြောပြပါသည်။ အဖေ တို့ခေတ်က ဒုတိယတန်း စာအုပ်ထဲတွင် ဒီပုံပြင်မရှိတော့ဘူး ဟုလည်း ပြောခဲ့သည်။ ဒါကြောင့် ဒီပုံပြင် ဟာ အလွန်ကြာပြီ ဖြစ်သည်။ ဒီပုံပြင် ကို အဖေပြောပြမှ ကျွန်တော် ကြားဖူးတာပါ။
အခါတပါး... တိုင်းပြည်တစ်ပြည်တွင် မင်းကြီးနှင့်
မင်းဆရာ ပုဏ္ဏားကြီးတို့ ဧည့်ဆောင် အခန်းတစ်ခုတွင်
ပေါက်ပေါက် နှင့် ပျားရည် တို့စားကြလေသည်။
(မှတ်ချက် ။ ။ထိုခေတ်က ပေါက်ပေါက်ဆိုသည်မှာ ပြောင်းဖူးစေ့များ မီးအပူပေးလှော်ထားသည် စားစရာတစ်ခုဖြစ်သည်။)
မင်းကြီးသည် ပေါက်ပေါက်နှင့် ပျားရည် တို့ရာတွင် မင်းကြီးရှေ့တွင် ပျားရည် တစက် စားပွဲခင်း ပေါ်သို့ ကျလေသည်။
ထိုအခါ မင်းကြီးမှ ရာဇအိနြေ္ဒပျက်မည်စိုးသဖြင့် ပျားရည် တစက်ကို မသုတ်ဘဲ ထားလေးသည်။ ပုဏ္ဏားကြီး ကလည်း မင်းကြီး အမျက်တော်ရှ မည်စိုးသောကြောင့် မသုတ်ဘဲထားလေသည်။
ထိုအခါ... ပျားရည်စက်ပေါ်သို့ ယင်ကောင် နားလေးသည်။ ယင်ကောင်ကို ပင့်ကူ မှ ခုန်အုပ်လေသည်။ ပင့်ကူ ကို အိမ်မြှောင်က စားသည်။ အိမ်မြှောက်ကို ကြွက်က လိုက်သည်။ ကြွက်မြင်တော့ ကြောင်က ထွက်လိုက်သည်။ ကြောင် ကို ခွေးက လိုက်ကိုက်သည်။
ကြောင်မွေးထားသော အိမ်ရှေ့မင်းသားက ခွေးကို ရိုက်သည်။
ထိုအခါ... ခွေးမွေးထားသော အိမ်ရှေ့မင်းသား နှင့် ကြောင်မွေးထားသော တို့ အချင်းများကြလေသည်။ ကြောင်မွေးထားသည့် အိမ်ရှေ့မင်းသားဖက်တွင် အပေါင်းအပါများလေသည်။ ထိုအတူ
ခွေးမွေးထားသော အိမ်ရှေ့မင်းသားဖက်တွင်လည်း တပည့်များ အပေါင်းပါ များပါလေသည်။
မင်းကြီးမတ်ရာများတားပေမဲ့ မရတော့ပါ။ မင်းကြီးမတ်ရာတို့လည်း တားမရနောက်ဆုံး အုပ်စု နှစ်ခုခွဲ တိုက်ခိုက်ကြရာမှ
ပြည် ပျက်ရလေသည်။
အသေးအဖွဲ့ကို ဂရုမစိုက်ပါက အပျက်အပျက်နှင့် နှာခေါင်းသွေးထွက်ရလေသည်။
Author -Kyaw Phyo wai
Image for google