Steemit member ၀င် အားလုံးမင်္ဂလာပါ အခု ကျွန်တော် ရေးသားမှာ က အဆောင်နေပြီး ကျောင်း တက်နေရတဲ့ သူတွေရဲ့ အကြောင်းအရာကို ရေးသားတင်ပြမှာ ဖြစ်ပါတယ် ကျွန်တော်လဲ အခု အဆောင်နေပြီး ကိုယ့်မြို့ကခွာပြီး ကျောင်းတက်နေရတာပါ အဲ့တာကြောင့် အဆောင်နေပြီး ကျောင်းတက်နေရတဲ့ သူတွေကို စာနာပြီး တင်ပြမှာ ဖြစ်ပါတယ်
ကျွန်တော်နာမည်ကျော်သီဟဖြစ်ပါတယ် အသက်ကတော့၁၉နှစ်ပေါ့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ GTI အစိုးရစက်မှူလက်မှု သိပ္ပံ ကျောင်းမှာ IT မေဂျာကို တက်ရောက်သင်ယူနေပါတယ်
ကျွန်တော်ဇာတိက စစ်တွေမှာပါ ကျောက်ဖြူမြို့ကိုလာပြီး အဆောင်နေပြီး ကျောင်းတက်ပါတယ် တစ်မျီူးတော့ကောင်းတယ်ဗျ ဘာလို့ဆို ပိုက်ဆံကို တစ်လုံးတစ်ခဲ လက်မှာကိုင်သုံးရတာကို အိမ်က တစ်လကို တစ်သိန်းလွဲပေးတယ် အဆောင်စရိတ်စားစရိတ်နဲ့ဆို လက်ထဲ သုံးသောင်းခွဲလောက်တော့ကျန်တာပေါ့ နောက်ပြီး ကျောင်းက တစ်လကိုထောက်ပံ့ကြေး ၃သောင်းစီရတယ် ထောတာပေါ့ မရှိတဲ့သူတွေဆို အဲ့လောက်ဆိုထောတာပေါ့ဗျ ရှိတဲ့သူတွေဆိုတော့ တစ်ပတ်စာမုန့်ဖိုးလောက်ရှိမာပါ အဲ့တာနဲ့. လက်ထဲ ပိုက်ဆံလေးကိုင်ထားကရတော့ မြင်တာ လိုချင်ဝယ် ချင် ဟိုတာလေးမြင်လဲ လိုချင်တယ် ဒီဟာလေးမြင်လဲစားချင်တယ် ဒီလိုနဲ့ဘယ်လောက်မှ မကြာပါဘူး လက်ထဲက ပိုက်ဆံအရေတွက်လေးက တစ်ဖြည့်ဖြည်းလျော့လာတယ် အဲ့တာနဲ့ ရက်ပေါင်း တစ်ဆယ် ကျော်တာနဲ့ ဖွတ်မင်း၏ အစ်ကိုတော်ဖြစ်လာတယ်ပေါ့ဗျာ
ကံကောင်း လို့ စားစရိတ်ကြိုပေးထားလို့ဗျာ မဟုတ်ရင်၊တင်းစားရမဲ့ ကိန်းဗျ အဲ့တာနဲ့ ကျောင်းက. ချစ် တီးကောင်းတွေပါးက ချေးရတာပေါ့ ဟိုကတစ်ထောင် ဒီကထောင် ပိုက်ဆံမရှိတော့ဘူးဆို ဖိနပ် ကပျက် လိုအပ်တာတွေ က ပေါ လာလိုက်တာ က ဘုန်းပေါလက်အော ဒီလို နဲ့ လကုန်ရက်လေးကို မျော် နေ့တိုင်း dateကြည့်ရတာ အမော လကုန်တော့လဲ အကြွေး ရှင်တွေကို ဆပ် ဟိုလုပ်ဒီလုပ်လဲ ကုန်ပြန်ရော အဲ့လိုနဲ့ပဲ သံသရာလည်နေရတဲ့ အဆောင်နေကျောင်းသား ဖြစ်ပါတယ်
အားလုံးကို ကျေးဇူးတင်ပါတယ် အမှားပါရင်ခွင့်လွတ်ပါ
Author (kyawthiha)