အဲသည်လို သဘောတရားရှိလာတော့.....
ဘဝနဲ့ အကျင့်စာရိတ္တ
စာရိတ္တ နဲ့ ဘဝ
အဲသည်နှစ်ခုဟာ ခွဲလို့ မရဘဲ တွဲနေတယ်။ အကျင့်စာရိတ္တ နဲ့ ဘဝဟာ အမြဲတွဲနေပါတယ်။
ဘဝတက်လမ်းအတွက် စာရိတ္တ ကောင်းလိုတယ်။အကျင့်စာရိတ္တ ကောင်းရင် ဘဝလမ်းကြောင်းဟာ ဖြောင့်ဖြူး တယ်။ အကျင့်မကောင်းလို့ ဘဝတက်လမ်း ဆုံးရှုံးခဲ့ရတဲ့ အဖြစ်အပျက်တွေဟာ ကြားနေ၊ မြင်နေကြပါပဲ။အကျင့်စာရိတ္တ မကောင်းလို့ လမ်းကြောင်းစောင်းပြီး ဘဝပျက်ကြတယ်ဆိုတာ ထုံးစံတစ်ခုပဲဖြစ်တယ်။
လူ့ လောကဟာ အခိုက်အတန့်သာ တည်ရှိတာ မဟုတ်ဘဲ အနာဂတ်ကိုလည်း ရှေးရှု လျက် တည်ရှိတယ်။ အဲတာကြောင့်လည်း အကျင့်စာရိတ္တဆိုတာ အလွန့်အလွန်ကိုမှ အရေးကြီးလှတဲ့ တာဝန်ကိစ္စကြီးတစ်ရပ်ဖြစ်ကို လာတော့တယ်။
လူဟာ ပေါင်းသင်းဆက်ဆံနေထိုင်ရတဲ့ သတ္တဝါမျိုးဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး ဆက်သွယ်အမှီသဟဲပြု နေထိုင်ကြရတယ်မဟုတ်လား။
စောင့်ထိန်းအပ်တဲ့ လူ့ကျင့်ဝတ် သိက္ခာတွေကို မမေ့လျော့ဖို့ဆိုရာမှာ အကျင့်စာရိတ္တက ဘက်က အားကောင်းလွန်းမှသာ ရတတ်ပါတယ်။
လူဆိုတာ တစ်ယောက်တည်း နေလို့မရဘူး။လူဟာ အစုအဝေးနဲ့ နေရတဲ့ သတ္တဝါ ဖြစ်တယ်။ အစုအဝေးနဲ့ နေရတော့ အစုအဝေးထဲမှာ ကိုယ့်ရဲ့ဘအကျင့်စာရိတ္တကိုကိုယ်ပြရမှာပဲ။မှန်ကန်တဲ့အပြကို ပြနိုင်မှလည်း သာယာတဲ့ ဘဝကိုရမယ်။
လူ့ ဘဝရရှိရမှာ ချမ်းသာဖို့၊တော်ဖို့၊ အောင်မြင်ကျော်ကြားဖို့ထက် အကျင့်သီလရှဖို့က ပိုပြီး လိုလားအပ်ပါတယ်။အဓိကနဲ့ သာမညကို ခွဲသိဖို့လိုတယ်။
SMT-18