ဒီတပတ် အလုပ် ၄ရက်ပိတ်လို့ မျှော်ပြီး ပျော်ခဲ့ရတာ အောင့်မေ့မိသည်။ တနင်္လာနေ့ကနေ ဗုဒ္ဓဟူးထိ ရုံးတက်ပီးရင် နားပြီဟု တွေးမိတော့ တနင်္လာ ရုံးတက်ဖို့ 😉😉တက်ကြွမိသည်။ မျှော်လင့်ချက်ဆိုတာ ဒါပဲဖြစ်မည်ထင်သည်..။ မည်သည့်အရာမဆို မျှော်လင့်ချက် လေး ရှိတော့ အလုပ်လုပ်ရတာ 😊😊လုပ်ပျော်လာသည်ဟု ထင်လာမိသည်..။
ဒီတပတ် စာရေးဖို့ အခက်တွေ့နေရသည် ဘာရေးရမည် မသိ..။ထို့ကြောင့် minion group ကို အလည်သွားအုံးမည် ဟု တွေး၍ အလည်ထွက်ခဲ့ ရာ ရွာလူရီး နှင့် စကားစမြည်ပြောဆို၍ bot အသေးလေး တောင်းထားလိုက်၏..။ သူများတွေ bot ကြတာ မြတ်မမြတ်မသိ ကြည်တော့ 4sbd minow ကို ပို့၍ boot ရာ ကိုယ် ပို့သောအချိန် ဈေးတက်ပြီး နောက်ရက် ပြန်ကျလေရာ boot ထားသမျှ ရှုံးပါလေသည်..။ ကိုယ်တွေမှာက sbd အနည်းငယ်သာ ရှိသောကြောင့် သူများလို 20 bot၊ 40 bot တွေ မလုပ်နိုင်ချေ..။ ရလာသမျှ power up သောကြောင့်ပင်..။ ထို့ကြောင့် 0.5 အများဆုံး လွဲ၍ bot ရသော bot အသေးလေးတွေသာ စိတ်ဝင်စားမိ၍ မေးမြန်းမိခြင်းပင်..။
ရွာလူကြီးမှ သူ၏ wallet အား ဝင်ကြည့်ရန် ပြောဆိုချိန်တွင် ကဒွန် ရောက်လာပြီးလျှင် boot အသေးများ နာမည်နှင့် လွဲရမည့် sbd ပါ ရေးပေးရန် ပြောလေသည်..။
ရွာလူရီးမှ ရေးပေးမည်ဖြစ်ကြောင်း ခုတော့ ထမင်းစားအုံးမည်ဖြစ်ကြောင်း နှင့် ပြီးလျှင် ပြန်လာမည်ဟု ပြောသွားခဲ့သည်။ bot အသေးလေးတွေ မျှော်လင့်ချက်ကြောင့် အတော်နှင့် အိပ်မပျော်ပေ.။ စာမရေးရသေးသည်ကလဲ တကြောင်းကြောင့် အိပ်မပျော်...။ ရွာလူရီးကလဲ ညက ပြန်ပေါ်မလာပါချေ..။
သူများမှ စာမရေးရသေးဟု စိတ်ညစ်နေချိန်တွင် ကသက် မှ သူစာရေးနေကြောင်း ပြ၍ ကြွားသေး၏ ။
ကြည် စိတ်ညစ်ညစ်နှင့် G3 ပြန်ရန် စိတ်ကူးနေချိန် ကဒွန် မှ သူ မိနှောင်းသို့ connection မကောင်းပဲ sbd 20 လွဲမိရာ ပြန်မလာဟု ပြောရာ မျက်လုံးပင် ကျယ်သွားမိ၏..။
steemit ရွာခံလူမိုက် အထေး အား ပြောရန် အကြံပေးလိုက်ကြသည်..။ ခနနေတော့ အထေး၏ ဝက်ဝက်ကွဲ ရန်လုပ်သံများ မိနှောင်းတွင် ဆူညံသွားပြီး တားယူရလေသည်..။
ရွာသူ ရွာသားများအပေါ် အလွန်ချစ်သော အထေးပါပင်..။ ထိုအချိန်ထိပင် ကြည် ဘာမှ မရေးရသေးပါချေ..။
သို့နှင့် G3 ရုံးအဖွဲ့ သို့ သွား ပေါက်ပေါက်ဖောက်လေတော့သည်။ သူတို့အား ဘာမ မရေးရသေးဟု ပြောမိရာ ပေးလိုက်ကြသည့် အကြံဥာဏ်တွေ ကြည် အားကိုး ရသည့် 😉😉သူများပင် ။
ထိုအချိန်တွင် ရွာလူကြီးက ကြည့် G3 ရောက်လာပြီး bot အသေးလေးတွေ လာကြွားလေ၏။
မယ်ကြည် လေ ဘယ်နေပါ့မလဲ ချက်ခြင်းbot ပစ်ပလိုက်သည်..။ ကြည်သည် bot အကျိုး မပေးပါချေ။ ခုလဲ bot အသေးလေး ကို 0.1 လွဲရာတွင် 0.06 သာ ပြန်လာသဖြင့် မနေနိုင်ပေ..။ 0.1သည်လဲ $ပင်မဟုတ်ပါလား ။ မိမိ ကြိုးစားရေး၍ ရလာသော အသီးအပွင့်ပင်ဖြစ်သဖြင့် မယ်ကြည် နှမြောလှပါသည်..။
bot ကြသူတိုင်း sbd မမြတ်တောင် sp မြတ်ချင်သဖြင့် botကြသူချည့်ဖြစ်သည်..။ 0.06 လောက် voteပြီး bot လုပ်စားနေသော ဒင်း အား အံ့သြမိသဖြင့် အောက်ကနေ ss နှင့်တကွ ပြန်မန့် ပေးလိုက်သည်..။
မိမိအ သည်ဟု အထင်မခံနိုင်ပေ..။ မယ်ကြည်တို့ ရွာလူရီးကျ အစစ အဆင်ပြေသည်တဲ့..။ 0.1 $လွဲ ရသော bot အသေးလေးတွေကလဲ 0.18 သာ ပြန်လာပေရာ မယ်ကြည် ဝမ်းနည်းမိသည်။ မိမိသည် bot အကျိုးမပေးသူ တစ်ယောက်သာ ဖြစ်ပေလိမ့်မည်။ သို့ရာတွင် မယ်ကြည် အားမလျော့ပါချေ။ လေ့လာအုံးမည် ။ အမှားရှိမှ အမှန်သိရမည် မဟုတ်ပါလားရှင်..။ အော်...မယ်ကြည် ခုတပတ်တွက် စာရေးရအုံးမှာမလို့ပါ ရှင့်..။ နောက်ထက် အဆင်ပြေမယ်ထင်တာလေးတွေ bot အသေးလေးတွေ ထက်စမ်းပြီးရင် ပြောပြပါမယ်လို့.
..။ ခုတော့ 😁😁စာရေးလိုက်အုံးမယ့်နော့.. ။
Author
MSC 050
Photo by me