လူတိုင်းသည် ရည်မှန်းချက် ဟူ၍ ထားရှိသင့်ပေသည်။ ကျွန်ုပ်တို့ ဘဝတွင် ရည်မှန်ချက်မရှိ၊ ရည်ရွယ်ချက်မရှိပါက နေပျော်စရာဘဝ ရှိမည် မထင်ပါချေ။ နေပျော်စရာ ဘဝ မရှိလျှင် ပျော်စရာကိစ္စ ကြုံတွေ့လျှင်လည်း ပျော်ရွှင်စရာဟု မထင်နိုင်တော့ချေ။ အလားတူ စိတ်ညစ်စရာကိစ္စများနှင့် ကြုံကြိုက်လာသည်နှင့် စိတ်ဓာက်များ အောက်ဆုံးထိကျခြင်းများ ဖြစ်လာတော့မည် ဖြစ်ပါသည်။
ရည်မှန်းချက်နှင့် ပန်းတိုင်ရှိသူများသည် မည်သို့မျှ ပြင်ဆင်ထားခြင်း မရှိသူနှင့်စာလျှင် ပိုမိုတိုးတက်လိမ့်မည်ဖြစ်သည်။ ရည်ရွယ်ချက် ပန်းတိုင်သို့ တစ်စိုကိမတ်မတ် ကြိုးစားနေသူသည် ဘဝတွင် မည်သည့်အရာက ပြုသင့်သည် မပြုသင့်သည် ဟူသော ကျိုးကြောင်းဆင်ခြင်ဥာဏ်ကိုလဲ ဖြစ်ပေါ်စေလာသည်။ ရညိရွယ်ချက်ကင်းမဲ့သူသည် ဘဝတွင် ထိပ်တန်းမရောက်နိုင် အောက်ဆုံးဘဝတွင်သာ ချုပ်ငြိမ်းသွားလိမ့်မည်။
လောက၌ အောက်မြင်သူအများအပြားအားကြည့်ပါ ရည်မှန်းချက် ပန်းတိုင်ကို ကြံ့ကြံ့ခိုင် ထား၍ ကြိုးစားကြခြင်းကြောင့် ထူးခြားသော အောင်မြင်မူ့များ ရရှိခြင်းပင်။ ရည်မှန်းချက် ဟူသည် ဘဝလမ်းကြောင်း ပင်ဖြစ်သကဲ့သို့ပင် ရည်မှန်းချက်မရှိပါက အောင်မြင်မူ့ ရရှိနိုင်မည် မဟုတ်ပါချေ။
ဦးတည်ချက် ပန်းတိုင် မရှိသူသည် ဘဝတွင် ကြုံလာရသော ခက်ခဲမူ့များ ရင်ဆိုင်နိုင်စွမ်းမရှိ ဒုက္ခနှင့် ကြုံဆုံရမည်ဖြစ်ပေသည်။ ရည်မှန်းချက်သို့ ရှေးရူသွားသူသည် ဘဝတွင် တစ်ဝက် အောင်မြင်ပြီးသူ ဖြစ်လိမ့်မည်။ ဘဝတွင် အောင်မြင်သူတိုင်း ဟိုစပ်စပ် ဒီစပ်စပ် မလုပ်ကြ တစ်စုံတစ်ခုကို အပီအမြင်မြင်ပြီး တစ်စိုက်မတ်မတ် ကြိုးစားခဲ့ကြခြင်းကြောင့်ပင်ဖြစ်သည်။
ရည်မှန်းချက်ရှိလျက် မအောင်မြင်ခြင်းက ပြသနာ မဟုတ်ပါချေ။ မအောင်မြင်မူ့များကို အကြိမ်ကြိမ်အခါခါ ပြုလုပ်ခဲ့ခြင်းကြောင့်သာ အောင်မြင်မူ့ ရခဲ့ခြင်း ဖြစ်သည် ။ ကျွန်ုပ်တို့ သည် လူ့ဘဝတွင် ရောက်ရာအရပ်၌ ရပ်နေဖို့မဟုတ်ပေ။ လူတိုင်းတွင် ကိုယိပိုင်အရည်အချင်းနှင့် ထူးခြားချက် ရှိသည်ချည်းဖြစ်၍ မိမိ အားသာချက်ကို အသုံးပြုပါက ဘဝတွင် အောင်မြင်မူ့ ရရှိကြမည်မှာ ဧကန်မုချပင်ဖြစ်သည်။
ရည်မှန်းချက် ကြီးကြီးထား၍ ကြိုးစားသင့်သော်လည်း ရည်မှန်းချက်များစွာထား၍ ကြိုးစားမရပါချေ။ လုပ်ချင် ဖြစ်ချင်တာတွေများနေပါက မည်သည့်အရာမျှ အကောင်ထည်မဖော်နိုင်ပဲ ဇတ်မျောကြီးဖြစ်သွားမည်ကို သတိပြုဆင်ခြင်ကြရမည် ဖြစ်သည်။
ကျွန်ုပ်တို့ steemit platform တွင် ဝင်ရောက်လုပ်ကိုင်နေကြသည်မှာ အနဲငယ်တော့ ကြာမြင့်နေပြီ ဖြစ်သည်။ steemit ကိုသာ တစ်စိုက်မတ်မတ် ဆောင်ရွက်သူများက အဆင့်အတန်းဟူသော (RP) နှင့် SP ဟူသော (Steem Power) များတိုးတက်လာသူအများအပြားပင် မြင်နေရသည်။ တစိုက်မတ်မတ် မဆောက်ရွက်နိုင်သူ ပန်းတိုင်မရှိသူများ မိမိတို့မျက်စိရှေ့မှ ကွယ်ပျောက်သွားခြင်းကိုလည်း မြင်နေရသည်။ တချို့သူများသည် steemit နှင့်အတူ အခြား onlin ငွေရှာနည်းများ စုပေါင်းစပ်ပေါင်း လုပ်နေသဖြင့် မိမိအာရုံစိုက်သင့်သလောက် မစိုက်နိုင်ပဲ အားလုံး ကျဆုံးသွားမည်ဖြစ်သည်။ steemit မှ ရရှိလာသော sbd ကို အခြားမှာ သုံးစွဲခြင်းကြောင့် မိမိတို့ ရသင့်သည့် sp များ မရရှိတော့ပဲ အခြားသူများနောက် ကျန်ရစ်နေခဲ့ပါလိမ့်မည်။
ကျွန်ုပ်တို့ အားလုံး ရည်မှန်းချက်သည် sp 500 ရရှိရေးသို့ ပင် ရှေးရူ့ ကြိုးစား စာရေးကြရမည်ဖြစ်သည်။ မိမိတို့စာများ bot သုံး၍ဖြစ်စေ၊ အခြားနည်းများ သုံး၍ ဖြစ်စေ sp များလာရေး ကြိုးစား ကြရမည်ဖြစ်သည်။ မည်သည့်အကြောင်းကြောင့်မျှ ထုတ်မသုံးသင့်ပေ။ ရည်မှန်းချက်ပန်းတိုင်သို့ တစ်စိုက်မတ်မတ် သွားသူများသာ MSC တွင် ကျန်ရစ်လိမ့်မည်။ ထို့အတွက် ကျွန်ုပ်အပါအဝင် MSC No ယူထားသူများ တစ်စိုက်မတ်မတ် ကြိုးစားကြပါစို့ဟု ပြောကြားရင်း နိဂုံးချုပ်ပါ၏။