ကျွနုပ်တို့ နေထိုင်သော ကမ္ဘာမြေတွင် သက်ရှိတို့ရှင်သန် ရပ်တည်နိုင်ရန် သဘာဝပတ်ဝန်းကျင်ဟု ခေါ်ဆိုနိုင်သည့် သန့်ရှင်းသော မြေ၊ လေ၊ ရေ၊ သစ်ပင်နှင့် တောတောင်တို့ လိုအပ်၏။ တစ်နေ့ထက်တစ်နေ့ ကမ္ဘာမြေကြီး ယိုယွင်းပျက်စီးလာခြင်းသည် သဘာဝပတ်ဝန်းကျင်များ ပျက်စီးလာခြင်းကြောင့် ဖြစ်သည်ကို ငြင်းဆို၍ မရနိုင်ပေ။
ဂြိုလ်ကြီး (၉)လုံးတွင် ကမ္ဘာဂြိုလ်မှအပ အခြားဂြိုလ်များတွင် လူအများ နေထိုင်၍ ရနိုင်သော ရေချို ၊ရေငန်နှင့်အတူ စိမ်းလန်းသော သစ်ပင် တော တောင်များ ရှိသည့် ဂြိုလ် ရှာဖွေ တွေ့ရှိသည်ဟု မကြားဖူးပါချေ..။ ကမ္ဘာကြီး ပျက်စီးပါက မည့်သည့် ဂြိုလ်သို့ မျှ ကူးပြောင်း နေထိုင်၍ မရနိုင်ပါ ။ထို့ကြောင့် ကျွနုပ်တို့ ကမ္ဘာသူ ကမ္ဘာသား အားလုံးတို့သည် ကမ္ဘာမြေကြီး အဓွန့်ရှည် ၊ တည်တံ့စေရန် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းသင့်သည်များကို ထိန်းသိမ်းကြပြီး၊ ပြုပြင်၍ရသမျှ ပြုပြင်ရမည် ဖြစ်ပေသည်။
ကမ္ဘာဦးအစ လှပစွာ တည်ရှိနေသော လှပသည့် သဘာဝ ပတ်ဝန်းကျင်ကို ဖျက်စီး ကြသည်မှာ သားရေပေါ်အိပ် သားရေနားစားကြသည့် ကျွနုပ်တို့ လူသားများပင် ဖြစ်ပါတော့သည်။ ၂၁ရာစုသည် သိပ္ပံခေတ်ဟု ကြွေးကြော်နေသော်လည်း တိုးတက်လာခြင်း တစ်ဖက်တွင် သဘာဝပတ်ဝန်းကျင် ဖောက်ပြန်ဆုတ်ယုတ် ပျက်စီးမူ့များလည်း ဖြစ်ပေါ်လျှက် ရှိပေသည်။ယခုအခါ ကမ္ဘာမြေကြီး သည် လိုအပ်သည်ထက်ပိုမိုပူနွေးလာခြင်းကြောင့် ရာသီဥတု များ ဖောက်ပြန်ပျက်ဆီးကုန်၏။ ထိုကဲ့သို့ ပျက်ဆီးရခြင်းမှာ လေထုထဲတွင် မှန်လုံအိမ်ဓာက်ငွေ့များဖြစ်သော ရေငွေ့ ၊ကာဗွန်ဒိုင်အောက်ဆိုဒ်(CO2)၊ မီသိန်း(CH4)၊ နိုက်ထရက်အောက်ဆိုဒ် (N2O)၊ ကလိုရိုဖလိုရို ကာဗွန် (CFC)နှင့် အိုဇုန်း(O3)တို့ လိုအပ်သည်ထက် ပိုမိုများပြားလာခြင်းကြောင့် ဖြစ်သည်။
ရာသီဥတု ဖောက်ပြန် ပျက်စီးမူ့ကြောင့် ပူလွန်းခြင်း၊ အေးလွန်းခြင်းများ ဖြစ်ပေါ်လာသောကြောင် စိုက်ပျိုးသီးနှံများကို ပျက်စီးစေပါသည်။ "သင်သိပါသလား.. အပူချိန် ၁ဒီဂရီမြင့်တက်တိုင်း စားနပ်ရိက္ခာ ထုတ်လုပ်မူ့(10~20%)ခန့် ထိခိုက်စေပါသည်”။ ကျွနုပ်တို့နိုင်ငံသည် စိုက်ပျိုးရေး ကို အခြေခံသည့် နိုင်ငံတော်ဖြစ်သဖြင့် ယခုအခါ ရာသီဥတု ဖောက်ပြန်ခြင်း အကျိုးဆက်များ မြင်တွေ့နေရပြီ ဖြစ်သည်။
ထို့အပြင် သစ်ပင်များ ဓမ္မတာအတိုင်း မျိုးဆက်မပြန့်ပွားနိုင်တော့ခြင်းနှင့် တောမီးလောင်ကျွမ်းခြင်းကြောင့် ၄င်းသစ်ပင် သစ်တောများကို မှီခိုနေသော ကျေးငှက်တိရိစ္ဆာန်များ မျိုးသုဉ်းပျောက်ကွယ်လုနီးပါး ဖြစ်ပေါ်လာနေပြီဖြစ်သည်။ သန္တာကျောက်တန်းများ ပျက်စီးလာခြင်းကြောင့် ငါးမျိုးစိတ်ပေါင်းများစွာ ပျောက်ကွယ်လာနေပြီ ဖြစ်သည်။
ရာသီဥတု ခြောက်သွေ့လာခြင်းကြောင့် ရေအရင်းအမြစ်များ ခန်းခြောက်လာပြီး ရေရရှိမူ့ ခက်ခဲလာနေပြီဖြစ်သည်။ ရာသီဥတု ဖောက်ပြန်သဖြင့် ကျွနုပ်တို့ ကျန်းမာရေးနှင့် ပတ်သတ်၍ ရေဓာက်ခမ်းခြောက်ခြင်း၊ အပူဒဏ်သင့် ရောဂါများ၊အဆိုးဆုံး အရေပြား ကင်ဆာရောဂါများ ဖြစ်လာစေပါသည်။ ရာသီဥတု ပူနွေးလာမူ့ကြောင့် ရေခဲတောင်များ ပြိုကျ၍ မြစ်ရေကြီး၊ ရေလျှံမူ့များ ဖြစ်ပေါ်လာပြီး မသန့်ရှင်းသောရေများနှင့် ရောထွေးကာ ၄င်းရေများ သောက်သုံးမိသဖြင့် ကူးစက်ရောဂါများဖြစ်သော ဝမ်းပျက်ဝမ်းလျော၊ အူရောင်ငန်းဖျား၊ အသဲရောင်အသားဝါ ရောဂါများ ဖြစ်လာစေပါသည်။
ထိုကဲ့သို့ ကျွနုပ်တို့ လူသားများ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက စိတ်ပိုင်းဆိုင်ရာ နာကြင်မှုများ၊ လူမှုရေးဆိုင်ရာ ကသောင်းကနင်း ဖြစ်မှုများ၊ စီးပွားရေး ကျဆင်းမှုများ ဖြစ်လာပြီး စိတ်ဖိစီးမှုများ ခံစားကြရမည်ဖြစ်ပေသည်။
ထို့ကြောင့် ကျွနုပ်တို့ ထိုကဲ့သို့ မဖြစ်ပေါ်စေရန် မည်ကဲ့သို့ လုပ်ဆောင်ကြမည်နည်း။ သဘာဝဘေးအန္တရာယ် များ မကျရောက်စေရန် ရာသီဥတု ပြောင်းလဲမူ့ကို ရင်ဆိုင်ဖြေရှင်းကြရမည်ဖြစ်ပေသည်။ လေထုထဲတွင် မှန်လုံအိမ်ဓာက်ငွေ့များ လျော့ပါးသက်သာစေရန် ဆောင်ရွက်ကြရမည်ဖြစ်သည်။
ရေငွေ့ပြန်မူ့ နည်းပါးစေရန် ဂရုစိုက်ရမည်။ သစ်တောနှင့် သစ်ပင်များကို ဂရုစိုက် ထိန်းသိမ်း ကြရမည်။ စက်ရုံများမှ ထွက်ရှိလာသော ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာက်ငွေ့များကို သန့်စင်ပေးပြီးမှသာ လေထုအတွင်း ထုတ်လွတ်ခြင်းများ ပြုလုပ်သင့်သည်။ စိုက်ပျိးမွေးမြူ ခြင်းနှင့် စွန့်ပစ်အမှိုက်များမှ မီသိန်းဓာက်ငွေ့များ ထွက်ရှိသဖြင့် မီသိန်းဓာက်ငွေ့ ထုတ်လွတ်မူ့ နည်းသော စပါးမျိုးရင်း စိုက်ပျိုးခြင်း ၊ သဘာဝဓာက်မြေသြဇာများ သာ အသုံးပြုစေခြင်း ၊ အမှိုက်များ လျော့ချစေရန် အသုံးအဆောင်များ လျော့သုံးခြင်း၊ ထပ်ခါထပ်ခါ ပြန်သုံးခြင်း၊ မီးဖိုချောင် ဆွေးမြေ့လွယ် အမှိုက်များကို သဘာဝမြေသြဇာ ပြုလုပ်ခြင်းများ လုပ်ဆောင်ကြရမည်။
ခေတ်မီဖြိုးတိုးတက်လာသည်နှင့်အမျှ သယ်ယူပို့ဆောင်ရေး ယာဉ်များလည်း ခေတ်မီလပြီး ၄င်း ယာဉ်အများစုများမှ ကာဗွန်ဒိုင်အောက်ဆိုက် ဓာက်ငွေ့များ ထုတ်လွတ်သောကြောင့် ၄င်းဓာက်ငွေ့များ လျော့ချရန်အများသုံးယာဉ်များနှင့် သဘာဝဓာက်ငွေ့ဖြင့် မောင်းနှင်သော(CNG)ယာဉ်များ အသုံးပြုသင့်ပေသည်။ ၄င်းအပြင် စက်ဘီးစီးခြင်း၊ လမ်းလျောက်ခြင်းများ ပြုလုပ်သင့်ပေသည်။လူ့အသုံးအဆောင်ပစ္စည်းများဖြစ်သော ရေခဲသေတ္တာ ၊လေအေးပေးစက်နှင့် စပရေးဗူးများမှ (CFC)ဓာက်ငွေ့များ ထုတ်လွတ်သောကြောင့် (CFC) မပါဝင်သော အသုံးအဆောင်များသာ ဝယ်ယူသုံးစွဲသင့်ပါသည်။
အချုပ်အားဖြင့် သတ္တဝါနှင့် အပင်များ ဆက်လက်ရှင်သန်နိုင်ရန် အသိဥာဏ်ရှိသော ကျွနုပ်တို့လူသားများက ကာကွယ်စောင့်ရှောက်ကြရမည် ဖြစ်သည်။အဓိကအားဖြင့် ပြောင်းလဲလာသော ရာသီဥတု နှင့်အညီ နေထိုင်တတ်ရန် ကျင့်ကြံကြရမည်။ အကြီးမြန်သော သစ်ပင်များကို အိမ်ပတ်ဝန်းကျင် တွင် စိုက်ပျိုးကြရမည်။
နေအိမ်တွင်လေအေးပေးစက်နှင့် စွမ်းအင်ချွေတာ သုံးစွဲကြရမည်။နေ့ဘက်တွင် အလင်းရောင်ကိုသာ အသုံးပြုသင့်ပါသည်။ လုပ်ငန်းခွင်အတွင်း စက္ကူချွေတာ သုံးစွဲကြရမည်။ အမှိုက်များကို စနစ်တကျ စွန့်ပစ်ရန် လူထုပညာပေးလုပ်ငန်းများတွင် ပါဝင် လုပ်ဆောင်ကြရမည်။
သို့မှသာ တစ်ဦးချင်းမှစ၍ ရပ်ကွက် ကျေးရွာ မြို့နယ် တိုင်း နိုင်ငံ များအထိ ကျွနုပ်တို့ မျှော်မှန်းထားသည့်အတိုင်း ထိန်းသိမ်းစောင့်ရှောက်ကြခြင်းဖြင့် ယိုယွင်းပျက်စီးနေသော မြန့်မာ့သဘာဝပတ်ဝန်းကျင်သာမက တစ်ကမ္ဘာလုံးမှီခိုရာ ဤကမ္ဘာမြေကြီးကို ထိန်းသိမ်းပြုပြင်ရာရကြမည် ဖြစ်ပေတော့သည်။
Author
MSC 050
Photo by google image and me