ဘဝဆိုတာအမြဲတမ်း မအေးချမ်းနိုင်သလို
တခါတလေတော့လည်း အပူမီးတောက်တွေနဲ့
အခက်ခဲ အတားဆီးတွေဆိုတာ ရှိနေကြပါလိမ့်မယ်…………………
ဒီအချိန်အခိုက်အတန့်လေးတစ်ခုမှာပဲ
သူတပါးရဲ့ပြုမှုသောအရာတွေဟာ
ကိုယ့်အပေါ်မှာ နားမခံသာတဲ့ ထိုးနပ်ချက်တွေနဲ့
မိုးတွေရွာချနေသလို တစ်နေရာမှမလွတ်ကင်းခဲ့ရပါဘူးလေ……………………
လောကဒဏ်ရာလာမပြောနဲ့ ခပ်ပါးပါးလေးပါကွားဆိုပြီး
လူအများကပြောနေကြပေးမယ့်လည်း
မမေ့နိုင်တဲ့အကြောင်းအရာလေးတွေက ရှိနေလေတော့
လောကကြီးကပဲမမျှတဘူးလား?
လောကထဲလူတွေကပဲ စာနာကင်းမဲ့နေကြသလား?ဆိုတာကို
ကျွန်မ မသိ မစဉ်းစားတက်လောက်အောင်ပါပဲ………………………
ဘာတွေဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့ပေါ့ ဘယ်သူတွေဘယ်လိုပဲပြောနေကြပါစေ
ကျွန်မတစ်ယောက် လောကလူတွေရဲ့အကြား တွေ့ဆုံစဉ်အခိုက်အတန့်လေးမှာ
အဆင်ပြေအောင်နေထိုင်နိုင်ရေးအတွက်တော့ ကိုယ့်ကိုကိုယ် မေ့လျော့နေခြင်းမရှိအောင်
နေထိုင်မှုတွေဆင်ခြင်နေမိပါတယ်လေ……………………………။
author:
photo:cedit google images