ယခင်ပို့စ်မှ အဆက် >>>>
ကျွန်တော် ရွာပြန်ရောက်ရင် ဆော့ကစားခဲ့တာတွေကိုပြန်သတိရ
ကစားဖော်ကစားဖက်တွေကို ပြန် တွေ့ရင်လဲ ငယ်ငယ်တုန်းက ပွေခဲ့ရှုပ်ခဲ့တဲ့အကြောင်းတွေကို ပြန်ပြောင်းပြောကြရင်း စမြုပ်ပျံလို့ကို မပြီးနိုင်ပါဘူး ။
ငယ်ငယ်တုန်းက ကစားဖော်ကစားဖက်တစ်ချို့ ရွာမှမရှိနိုင်ငံခြားထွက်ပြီး
အလုပ်လုပ်ကြ တချို့ကြတော့လဲ စစ်ဗိုလ်တွေဖြစ်ကြ ဆရာ ဆရာမတွေ
ဖြစ်လို့ နိုင်ငံတော်အတွက် တစ်ဖက်တစ်လှမ်းက ကိုယ်တာဝန်ကျရာ
အရပ်ဒေသအသီးသီးမှာ တာဝန်တွေထမ်းဆောင်ကြ မြင်ရကြားရတာ
ဝမ်းသာပီတိဖြစ်လို့ ရွာ၏ ဂုဏ်ကျက်သရေမြင့်တက်လို့ ဂုဏ်ယူမိပါတယ် ။
တစ်ချို့ကြတော့လဲ အိမ်ထောင်တွေကျလို့ ကလေးတစ်သိုက်နဲ့
သာယာသောမိသားစုလေးကို တည်ဆောက်ပြီး ရွာမှာပဲနေကြသူတွေလည်းရှိကြပါတယ် ။
သေသွားပြီးဖြစ်တဲ့ တောကြိုက် တေးသံရှင် အဆိုတော်ကြီး ဦတွံတေးသိန်းတန် ဆိုထားတဲ့ "အသီးတစ်ရာ အညှာတစ်ခု "သီချင်းလေးကို ရွာပြန်ရောက်ရင် စိတ်ထဲကအလိုလို ကို သီဆိုနေမိပြန်တယ် ။
သီချင်းစာသားလေးရဲ့ အစက >>>>
ခေါင်း •••လောင်း •••သံ တစ်ညံညံပေး ••••လို့ ရွာ ကျောင်း •••
ပြေးမြင်မိတယ် သတိရနေတယ်သူငယ်ချင်ရယ် •••ဒို့များငယ်ငယ်တုန်းက
ရွာအဝင်လမ်းဆီကနေ လက်ချင်းယှက်ခါ ပြေးကာ ••လွှားကာ ••
ကျောင်းတက်လာကြတာတွေ မမေ့နိုင်ပါသေး ••••မင်းတို့ငါတို့ ငယ်ငယ်တုန်းကလေ ••• ။ ဦးလေး တွံတေးသိန်းတန် သီချင်းများစွာထဲက ကျွန်တော်
အရမ်းကြိုက်နှစ်သက်မိသော သီချင်းလေးတစ်ပုဒ်ပါ ။
နောက်ပိုက် သီချင်းစာသားလေးက >>>>
ကြည် ရေ လေ တပ်မတော်အတွင်းက သူငယ်ချင်းရေ •••ရဲရဲတောက်
တိုက်စစ် ဆင်ကာလေ တောကြားတောင်ကြား မရှောင်ရှာ အများအတွက်ဖြင့် အသက်ကိုစွန့်လိုလေ •••မင်းတို့ အတွက် ဂုဏ်ယူရတယ်လေ ••••
အမတန်မှကို အနှစ်သာရရှိပြီး ပြန်လည်သီဆို နားထောင်လိုက်တိုင်းလဲ
မည်သည့်အခါမှ မရိုးနိုင်သော သီချင်းကောင်းလေးတစ်ပုဒ်ပါပဲ ။
သူငယ်ချင်းတွေ အတွက် ဂုဏ်ယူလို့ ရင်ထဲက လှိုက်လှိုက်လဲလဲ
သီဆိုနေမိတာပါပဲ ။ ကျွန်တော်ပြောပြခဲ့တာတွေက ကျွန်တော်တို့ရွာ၏
ခေတ်ကာလ ရေဆီးကြောင်းအလိုက်ပြောင်းလဲခဲ့တာကို ပြောပြခဲ့တာပါ ။
လူရယ်လို့ဖြစ်လာပြီးဆိုရင်တော့ ကိုယ့်ရဲ့ မိဘနှစ်ပါးကိုပြန်လုပ်ကျွေး
ကျေးဇူးဆပ်ရမယ် ကိုယ့်မိသားစုရဲ့ တာဝန်တွေကိုလည်း ကျေပွန်အောင်
ထမ်းဆောင်ရပါမယ် ။
ကိုယ်ကြီးပြင်မွေးဖွားခဲ့တဲ့ ရပ်ရွာဒေသ ကိုယ်နေနေတဲ့ နိုင်ငံအတွက်လဲ
တစ်ထောင့်တစ်နေရာကနေ ဖွံ့ဖြိုးတိုးတက်အောင် တက်နိုင်သမျှကြိုးစားဆောင်ရွက်လို့ ထမ်းဆောင်ရမှာ နိုင်ငံသားတိုင်း၏ တာဝန်လို့ဆိုရင်လဲ
မှားမယ်မထင်မိပါဘူး ။
အရာရာတိုင်းမှာ လိုချင်တာတစ်ခုရှိရင် ကိုယ်ကပြန်ပြီးပေးဆပ်ရဆမြဲဆိုတာ လူတိုင်းသိပါတယ် ။
အောင်မြင်ကြီးပွားချင်ရင် ကြိုးစားအားထုတ်မူနဲ့ပြန်ပြီးပေးဆပ်ရဆမြဲပါ
ရပ်ရွာပဲဖြစ်ဖြစ် နိုင်ငံပဲဖြစ်ဖြစ် ဖွံ့ဖြိုးတိုးတက်လာပြီဆိုရင် အဲ့ဒိရပ်ရွာ အဲ့ဒိနိုင်ငံ၏ ရိုးရာဓလေ့ တချို့ပျောက်ကွယ်ဆုံးရှုံးရတာ မဆန်းပါဘူး ။
ဒါကြောင့် အရာရာတိုင်းမှာ လိုအပ်ချက်တစ်ခု ပြန်ပြီးပေးဆပ်ရဆမြဲလို့
ကျွန်တော်ပြောမိတာပါ ။
ထားပါတော့ ကျွန်တော်တို့ရွာ၏အကြောင်းကိုပြောရမယ်ဆိုတော့
"ပြောမဆုံးတောင် တောသုံးတောင်လို"့စကားပုံတိုင်းပဲ ပြောလို့ကိုမကုန်နိုင်ပါဘူး ဗျာ ။
ကျွန်တော်ရွာထဲက ဆော့ကစားပြီ့းပြန်လာလို့ အိမ်ရောက်ရင် လူကြီးတွေမသိအောင် ဘောင်းဘီချွတ် မတ်တပ်ရပ် သေးပေါက်တာပဲ ။
တစ်နေ့မှာတော့ မတ်တတ်ရပ် သေးပေါက်နေတာကိုကျွန်တော်၏အဖိုးက
မြင်သွားပါလေရော ကျွန်တော်ကို အဖိုးက လှမ်းခေါ်တယ် ။
" ဟေ့ ငါ့မြေး မောင်ဆွေ လာအုံး" ကျွန်တော်စိတ်ထဲတော့ မတ်တပ်ရပ်
သေးပေါက်လို့ရိုက်တော့မယ် ထင်တာ အဖိုးနားကိုရောက်သွားတော့
မရိုက်ဖူးဗျ တော်သေးတာပေါ့လို့ စိတ်ထဲကကြိတ်ဝမ်းသာနေတာ
ဘာလုပ်ခိုင်းလဲဆိုတော့ >>>>
" ငါ့မြေး အဖိုးကိုလာနှိပ်ပေးအုံး" ကျွန်တော်ကလဲ ပြန်ပြောလိုက်တယ်
"ဟုတ်အဖိုး "လို့ဆိုပြီး ချေသလုံးလေးကို အသာလေးဖွကိုင်လို့ နှိပ်ပေးနေရင် အဖိုးက "ငါ့မြေး သေးကို မတ်တပ်ရပ်ပြီးမပေါက်ရဘူးတဲ့ "ကျွန်တော်ကလဲ အာသွတ်လျှာသွက်ဆိုတော့ "အဖိုး ဘာလို့သေးကို မတ်တပ်ရပ်မပေါက်ရတာလဲ မတ်တပ်ရပ်ပေါက်တာ ဘာဖြစ်လို့လဲ "လို့ကျွန်တော်က အဖိုးကိုပြန်မေးမိလိုက်တော့ အဲ့ဒိမှာအဖိုးက "ငါ့မြေး ပုံပြင်လေးတစ်ပုဒ်ပြောပြမယ် သေချာနားထောင်နော် " ကျွန်တော်က ပုံပြင်နားထောင်ရတာအရမ်းဝါသနာပါတယ် ။ ကျွန်တော်အဖိုးက ရှေးလူကြီးဆိုတော့ ငါးရာငါးဆယ်နိပါတ်တော်တွေဖတ် လို့ ပုံပြင်ဝတ္ထုတွေကို အချက်ကျကျ အကွက်ကွက်ကျကျပြောတတ်တယ်ဗျ အဖိုး ပုံပြင်ပြောရင်အရမ်းနားထောင်လို့ကောင်းတာ ။
" ဟုတ် အဖိုး သေချာ သားနားထောင်ပါ့မယ် အဖိုး"
ပုံပြင်ဆိုတာထက် မြတ်စွာဘုရားရှင်လက်ထက်အခါတုန်းကတကယ်ဖြစ်ခဲ့တဲ့ ဝတ္ထုသာဓကပါ ။
အဖိုးပြောပြခဲ့တဲ့ပုံပြင်လေးကို ကျွန်တော် ၉နှစ်သားက နားထောင်ခဲ့တာ
အခု ၂၇နှစ်ရှိပြီ ပုံပြင်ခေါင်းစဉ်လေးကို အခုထိ မမေ့သေးဘူး ။
ပုံပြင်ခေါင်းစဉ်လေးက "ဘုရင်ဖြစ်ရန် ဇာတာပါပေမယ့် သေးပေါက်ပုံ
နည်းမကျတော့ ထီးစုတ်တောင်မဆောင်ရဘူး "တဲ့ ပုံပြင်ခေါင်းစဉ်လေး၏
အဓိပ္ပါယ်က အတိတ်ဘဝက ဘုရင်ဖြစ်ဖို့ ဇာတာနက္ခတ်ကြယ်တာယာတွေနဲ့မွေးဖွားလာပေမယ့် ယခု လက်ရှိပစ္စုပ္ပန်ဘဝမှာ ဘုရင်ဖြစ်ခြင်း၏အကျင့်တွေ မကျင့်ရင် ဘုရင်မဖြစ်နိုင်ခြင်း ။
အတိတ်ဘဝက ကြီးပွားချမ်းသာဖို့ ဇာတာနက္ခတ်ကြယ်တာယာတွေနဲ့
မွေးဖွားလာပေမဲ့ ယခုပစ္စုပ္ပန်ဘဝမှာ ကြီးပွားချမ်းသာခြင်း၏အကြောင်းတွေကို ကြိုးစားအားမထုတ်ဘူးဆိုရင် မကြီးပွား မချမ်းသာနိုင်ကြောင်းဆိုတဲ့
အဓိပ္ပါယ်လေးပါပဲ ။
" ကဲ ငါ့မြေးလေး အဖိုး ပုံပြင်ကို စပြောတော့မယ်နော် သေချာနားထောင်ပြီးရင် အဖိုးကိုပြန်ပြောပြရမယ်နော် "
" ဟုတ် အဖိုး " ကျွန်တော်ကပြန်ဖြေလိုက်တယ် ။
ဟို ••••ရှေးရှေးတုန်းက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီးအုပ်ချုပ်သောအချိန်တုန်းက တောထဲမှာ နေတဲ့ အဖွားရယ် အဖွား၏သားရယ် မြေးလေးရယ် သုံးယောက်ရှိတယ် ။ အဲ့ဒိသုံးယောက်ထဲမှာ သားအဖနှစ်ယောက်က တောထဲသွားထင်းခွေ ပြီးတော့ မြို့ထဲမှာ သွားရောင်းတယ် ။
နေ့စဉ်လုပ်ကိုင်လျှက် ဝမ်းရေးကို ဒီထင်းခွေထင်းရောင်းအလုပ်နဲ့ပဲ လုပ်စားကြတာ အဖွားကလဲ စာမတတ် အဖေကလဲစာမတတ်ဆိုတော့ သူ့ရဲ့သားကလဲ ဘယ်စာတတ်မလဲ မြို့ထဲမှာ ထင်းကိုထမ်းလျှက် အော်အော်ပြီးရောင်တယ် ဘယ်လိုအော်ပြီး ရောင်းသလဲဆိုရင် "ကျွန်တော်ထင်းလေးဟာ
ဒဟတ်သားလေးပါ အမြစ်မပါဘူး "လို့အော်အော်ပြီး ရောင်းတာ ။
ဒီလိုနဲ့ တစ်နေ့မှာ အဖေဖြစ်သူက ယုတ်တရက် ဆုံးသွားပါလေရော
အဖွားနဲ့ မြေးယောက်ျာလေးနှစ်ယောက်ပဲကျန်တယ် ။
သားဖြစ်သူကလဲ အဖေထင်းရောင်းခဲ့သလို မြို့ထဲမှာ အော်အော်ပြီး
ကျွန်တော်ထင်းလေးဟာ ဒဟတ်သားလေးပါ အမြစ်မပါပါဘူးလို့
အော်အော်ရောင်းရင် အဖွားဖြစ်သူကိုလုပ်ကျွေးနေတာ ။
တစ်နေ့ အဲ့လိုပဲမြို့ထဲမှာ အော်အော်ရောင်းရင် ဒိသာပါမောက္ခ ၏အိမ်ရှေ့
ရောက်သွားပါလေရော ဒိသာပါမောက္ခကြီးဟာ အဋ္ဌာရသ ၁၈ပါးကိုတတ်မြောက်လို့ အသံကြားတာနဲ့ ဒီကောင်ဘာဖြစ်မယ်ဆိုတာ သိတယ် ။
ထင်းခွေရောင်းတဲ့ကောင်လေးရဲ့အသံကိုကြားလို့ ဒီအသံက ဘုရင်ဖြစ်မယ့်အသံပဲ ဒါနဲ့ သူ့တပည့်တွေကို သွားခေါ်ခိုင်း ထင်းတစ်စည်းဘယ်လောက်လဲ မေးတော့ ၁ ကျပ် ။ ၁ကျပ်တန် ထင်းတစည်းကို ၁၀ကျပ်ပေးဝယ်တော့ ထင်းရောင်းတဲ့ကောင်လေးက မရောင်းဘူး ရိုးအတာကို ။
နောက်နေ့တွေလဲ ငါ့အိမ်မှာပဲထင်းလာရောင်း ဆိုပြီးကောင်လေးနဲ့ရင်နှီးအောင် ပထမဆုံးကြိုးစားတာပေါ့ ။ ဒိသာပါမောက္ခကြီးမှာ အမတန်ချောမောလှပ တဲ့သမီးလေးတစ်ယောက်ရှိပါတယ် ။ ဘယ်လောက်ထိလှသလဲဆိုရင် ရေသောက်လိုက်ရင် လည်ချောင်းထဲကနေ ရေလေးတွေဝင်သွားတာကိုမြင်ရလောက်အောင်ကို ချောတာ ။
ဆက်ရန် >>>>>>