ကျွန်တော်ငယ်ငယ်တုန်းက အကြောင်းလေးနဲ့ပဲ
စတင်လို့ပြောရတော့မယ် ။ ကျွန်တော်ငယ်ငယ်က အရမ်းအဆော့မက်သလို
ကျွန်တော်တို့ရွာထဲမှာ ရှိသမျှလူတိုင်း ကျွန်တော်ကို မသိတဲ့သူကို
မရှိသလောက်ပါပဲ ။ ဘာကြောင့်လဲဆိုတော့ ကျောင်းပိတ်ရက်တွေဆို
ကျွန်တော်က ရွာရိုးကိုးပေါက်လှည့်ပြီး ထမင်းမေ့ ဟင်းမေ့ကို ဆော့တာဗျ
ထမင်းစားဖို့အချိန်တောင် အိမ်မပြန်ဘူး ကျနော် အမေက ရွာထဲကိုလှည့်ရှာပြီး ထမင်းစားဖို့ခေါ်ယူရတဲ့အဖြစ်ပါ ။ အဲ့လောက်ထိကို ဆော့ကစားတာ
ဒါကြောင့် အဆော့တအားမက်တဲ့ကလေးမို့ နာမည်ကြီးတာလေ ။
ရွာထဲက လူတွေမသိတဲ့သူ မရှိဘူးလို့ ပြောရတာပါ ။
အဲ့ဒိအချိန်တုန်းက ကျွန်တော်တို့ ရွာထဲမှာရှိတဲ့ ကလေးအများအစုဟာ
နေ့ခင်းဘက်ဆို ယောက်ျာလေးတွေက ဘောလုံးကန် ဒိုးထိုး ချပ်ပစ် သစ်ပင်ပေါ်တက်ပြီး လိုက်ထိတမ်းဆော့ မိန်းကလေးတွေက ဇယ်ခုတ် မျော့ကြိုးခုန် လို့ ဆော့ကြတာဗျ ညဘက်ရောက်ရင်တော့ ယောက်ျာလေးတွေရော
မိန်းကလေးတွေပါ အတူတူ ထုတ်စည်းထိုး ဝိုင်းကြီးပတ်ပတ် ဒူဝေဝေဆော့ကစားလို့ တောရွာ ဓလေ့ သဘာဝအရ ဘယ်လောက်ပျော်စရာကောင်းမလဲဆိုတာ စာဖတ်သူတို့ကြုံဖူးတယ်ဆိုရင် သိကြမှာပါ ။
အခုတော့ ကျွန်တော်တို့ရွာမှာ တောရွာဓလေ့သဘာဝ ကစားနည်းမျိုးတွေ ကျွန်တော်တို့
ငယ်ငယ်တုန်းကလို အခုခေတ်ကလေးတွေ ဆော့လေ့ဆော့ထမရှိကြတော့ပါဘူး ။
ဘာကြောင့်အခုခေတ်ကလေးတွေ ကျွန်တော်တို့ငယ်ငယ်တုန်းကလိုမျိုး
မဆော့မကစားကြတော့တာလဲဆိုရင်ခေတ်ပေါ် ဇိမ်ခံပစ္စည်းတွေက ကလေးတွေကို အပေါ်ကို လွှမ်းမိုးသွားလို့တောရွာဓလေ့ကစားနည်းတွေနဲ့ ကစားဖို့ မေ့လျော့ ကစားဖို့ အချိန်မရတော့တာကြောင့်ပါ ။
ကလေးတွေက နေ့ခင်းဘက်လဲ TV ရှေ့ ညဘက်ကျတော့လဲ
TVရှေ့မှာပဲ တနေကုန်ကို TVရှေ့က မထတော့လောက်အောင်ပါပဲ ။
အခုဆို ကလေးတွေက အရွယ်မရောက်သေး ပညာသင်ရမည့်အချိန်မှာ
ဖုန်းတစ်ယောက်တစ်လုံးနဲ့ on lineပေါ်က မဆင်း on lineပေါ်မှာ
စာကျက်နေရသလားထင်ရလောက်အောင်ပါပဲ ။
"သုံးတတ်ရင်ဆေး မသုံးတတ်ရင် ဘေး" ဆိုတဲ့စကားလိုပဲ
ဖုန်းကိုကောင်းကောင်းအသုံးချတတ်ရင်ကောင်းကျိုးတွေပါပဲ အခုကျနော်အားလုံး steemit မှာဖုန်းကိုကောင်းကောင်းအသုံးချနိုင်လို့ တဖက်တလမ်းက ဝင်ငွေတွေရနေတာဟာ ဖုန်းကိုကောင်းကောင်းအကျိုးရှိရှိအသုံးချနိုင်လို့ သုံးတတ်ရင်ဆေးလို့ ပြောရတာပါ ။
အခုခေတ်ကလေးတွေ အရွယ်မရောက်သေးဘဲဖုန်းကိုင်ကြတော့
စာထဲမှာစိတ်ကသိပ်မရောက် ပညာရေးတွေ ထူးချွန်သင့်သလောက်မထူးချွန် အရွယ်ကလဲငယ် စိတ်ကလဲကစားတတ်တဲ့အရွယ်ဆိုတော့ onlineပေါ်မှာရည်စားတွေထားကြတော့ ပညာရေးတဝက်တပြတ်နဲ့အိမ်ထောင်တွေကျ ငယ်ငယ်ရွယ်ရွယ်နဲ့ မလုပ်တတ်မကိုင်တတ်နဲ့ဒုက္ခတွေ အလီလီရောက်နေရတဲ့ခေတ်လို့ပဲ ပြောရမလား တချို့ဆို လူချင်းမသိမမြင်ဖူး ကြဘဲ
onlineပေါ်က ရည်စားတွေ အပြင်မှာတွေ့ကြလို့ ပစ္စည်းယူ အသတ်ခံရ
အစော်ကားခံရလို့ မိဘတွေပါ လူမူ့ပတ်ဝန်းကျင်မှာ ခေါင်းမဖေါ်ရဲအောင်
သိက္ခာကျရတဲ့အထိပါပဲ ။
ဒါကြောင့် ဖုန်းဆိုတာ မသုံးတတ်ရင်ဘေးလို့ပြောရတာပါ
သားသမီးရှိတဲ့မိဘတိုင်း ကိုယ့်သားသမီးတွေကို ချစ်ရာကနေ နစ်ရာမရောက်အောင် အချိန်တိုင် အရွယ်ရောက်မှ သားသမီးတွေကို ဖုန်းပေးကိုင်ဖို့
ခွင့်ပြုသင့်ပါတယ် အရွယ်မရောက်သေးရင်တော့ ကောင်းကျိုးထက် ဆိုးကျိုးတွေကများလို့ ဖုန်းပေးမကိုင်စေချင်ပါဘူး ။ ဒီလိုပြောရတာကျွန်တော်စေတနာပါ ဆရာကြီးလုပ်ရတာတော့မဟုတ်ပါဘူး ။
ကျွန်တော်တို့ရွာအကြောင်းပဲ ဆက်ပြောပါရစေ
အခုတော့ ရွာမှာက မီးကလဲရ အိမ်တိုင်းအိမ်တိုင်းမှာ တစ်အိမ် TVတစ်လုံးဆိုတော့ ညဆို လူကြီးရောကလေးပါ အိမ်ကအိမ်ပြင်တောင်မထွက်
ကြတော့လို့ ရွာထဲမှာလူရောရှိသလားလို့တောင် ထင်ရလောက်အောင်ပါပဲ။ ဒါက ရွာရဲ့တိတ်ဆိတ်ခြင်းကို တင်စားရခြင်ပါ ။
တိတ်တိတ်ဆိတ်ဆိတ် လေးနဲ့နေချင်တယ်ဆိုရင် ကျွန်တော်တို့ရွာကို
လာနေလှည့်ပါလို့ ဖိတ်ခေါ်ပါရစေ ဒါက ကျော်ငြာဝင်တာပါ 😝😝😝 ။
ဆက်ရန်>>>>