Don't be discouraged. It's often the last key that
opens the look .
ဇွဲမလျော့ပါနဲ့ မကြာခဏဆိုသလိုပင် နောက်ဆုံးအဆင့်ကျမှ
သော့ကပွင့်တတ်ပါတယ် ။
ကျနော်ဖတ်ဖူးတဲ့ ဆောင်ပါးလေးထဲက အဖေတစ်ယောက်ဟာ
သူ၏သားကို စိတ်ခွန်အားပေးတဲ့စကားလေးကို အရမ်းသဘောကျလို့ပါ
မိတ်ဆွေများကို ပြန်လည်ကာ မျှဝေပေးလိုတာကြောင့် အခုလိုဖော်ပြပေးလိုက်ပါတယ် ။
ကျနော်သဘောကျသလို မိတ်ဆွေများလဲ သဘောကျမယ်ထင်ပါတယ်
"သား လူဆိုတာ တစ်ခါနောက်ဆုတ်မိပြီဆိုရင် ပြန်တက်ဖို့ဆိုတာ ဝေးသွား
တတ်တယ် တစ်နည်းပြောရရင် နောက်ဆုတ်တာ အကျင့်ပါသွားတတ်တယ် အခက်ခဲနည်းနည်းတွေ့တာနဲ့ နောက်ဆုတ်တာမျိုးပေါ့ နည်းနည်းပြန်ကြိုးစားကြည့်ပါအုံးသားတဲ့ "
ကျနော်တို့ကြိုးစားသမျှတွေ အရာမထင် မအောင်မြင်တာမျိုး
ကိုယ်ကြိုးစားသလောက် ထိုက်တန်တဲ့အောင်မြင်မူမရတာမျိုး
အဲ့လိုအချိန်မျိုးတွေနဲ့တွေ့ကြုံလာတဲ့အခါစိတ်ဓာတ်တွေကျတတ်ပါတယ်။
ကျနော်တို့ ဗုဒ္ဓမြတ်စွာဘုရားက ဟောကြားခဲ့တာလေး တစ်ခုရှိတယ်
စိတ်နဲ့ပတ်သက်တာ ။ အဲ့ဒါကဘာလဲ ဆိုရင်
"စိတ္တေန နိယတေ လောကော " အဓိပ္ပါယ်ကတော့
အရာရာတိုင်းမှာ စိတ်က ဦးဆောင်တယ်လို့ မိန့်တော်မူခဲ့တယ် ။
ကိုယ့်ဘဝကို မြင့်သထက်မြင့် တိုးသထက်တိုးတက်အောင်
နိမ့်ကျနေရင် တိုးတက်အောင် လို့ကျနော်တို့ရဲ့စိတ်ကပဲ ဦးဆောင်တာပါ ။
"ယူဇနာထောင်ချီဝေးသော ခရီးကို ခြေတစ်လှမ်းမှစ ရ၏ "
အောင်မြင်မူ ပန်းတိုင်ကို အရောက်လမ်းဖို့ဆိုရင် ကြိုးစားချင်စိတ်
အောင်မြင်ချင်တဲ့စိတ်လေး ပထမဆုံး လျှောက်လှမ်းဖို့ စိတ်ကူးလေးရှိဖို့လို
အပ်ပါတယ် ။
ြိကိုးစားတိုင်းအောင်မြင်ကြပါစေ ။