Images Credit - Original Source
အလှအပကြိုက်တဲ့ ပျိုမေလေးတွေအတွက် နေ့ရက်တိုင်းကို အလှမပျက်ဘဲ ဖြတ်သန်းနိုင်ဖို့ဆိုရင် မရှိမဖြစ် လိုအပ်တဲ့အရာလေးတွေ ရှိလာပါတယ်။ စတိုင်လ်ကျပြီး လှပတဲ့ မိန်းကလေးတစ်ယောက် ဖြစ်ဖို့အတွက် ဘယ်အချိန်မှာပဲဖြစ်ဖြစ် လိုအပ်တဲ့ အရာလေးတွေကတော့ …
Images Credit - Original Source
ဆီစုပ်စက္ကူ
မိန်းကလေးတွေအတွက် စိတ်ညစ်စရာတစ်ခုကတော့ အဆီပြန်တာပါပဲ။ မိတ်ကပ်လိမ်းပြီး အပြင်တွေသွားလာတဲ့အခါ မျက်နှာကအဆီတ၀င်းဝင်း ဖြစ်နေရင် စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ အဆီပြန်လို့ဆိုပြီး အပေါ်က တို့ပတ်တွေ၊ ပေါင်ဒါတွေနဲ့ ထပ်ဖို့မယ်ဆိုရင်လည်း မိတ်ကပ်သားထူထူကြီးနဲ့ ပြာနှမ်းနှမ်းကြီး ဖြစ်တတ်ပါတယ်။ ဒါကြောင့် အိမ်ကလိမ်းထားတဲ့ မိတ်ကပ်ပုံစံအတိုင်း တာရှည်ခံ လှပချင်တယ်ဆိုရင်တော့ ဆီစုပ်စက္ကူလေးတွေကို အမြဲတမ်း ဆောင်သွားသင့်ပါတယ်။ အဆီပြန်တဲ့နေရာတွေကို ဆီစုပ်စက္ကူလေးနဲ့ တို့သုတ်ပေးရုံနဲ့ အမြဲလှနေတဲ့မျက်နှာလေးကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။
ခေါင်းစည်းကြိုးနဲ့ ကလစ်
ရာသီဥတုပူတဲ့အခါ၊ ဒါမှမဟုတ် စိတ်ရှုပ်လာတဲ့အခါမျိုးတွေမှာ ဆံပင်တွေကို ချထားတာထက် ကလစ်နဲ့ပင့်တင်ထားတာမျိုး၊ ခေါင်းစည်းကြိုးနဲ့ စည်းထားတာမျိုးတွေက ပိုပြီးနေရထိုင်ရ သက်သာစေပါတယ်။ ဒါလေးတွေက အရေးမပါဘူးလို့ ထင်ရပေမယ့် လိုအပ်လာတဲ့အခါမျိုးမှာ ကိုယ့်ဆီမှာအဆင်သင့်မရှိခဲ့ရင် ဘယ်လောက်ဒုက္ခများရလည်းဆိုတာ မိန်းကလေးတွေပဲ နားလည်နိုင်ပါလိမ့်မယ်။ ဒါကြောင့် အမြဲတမ်း စတိုင်လ်မပျက်ဘဲ လှနေချင်တဲ့ မိန်းကလေးတစ်ယောက် ဆိုရင် ခေါင်းစည်းကြိုးနဲ့ ကလစ်ကိုလည်း အမြဲဆောင်ထားသင့်ပါတယ်နော်။
Images Credit - Original Source
နေကာမျက်မှန်
နေကာမျက်မှန်ဟာ စတိုင်လ်ကျဖို့ ကူညီပေးသလို နေရှိန်တဲ့ဒဏ်ကနေ ကာကွယ်ပေးပါတယ်။ အထူးသဖြင့် အမြဲအပြင်ထွက်နေရတဲ့ မိန်းကလေးတွေအနေနဲ့ နေကာမျက်မှန်ကို မဖြစ်မနေ ဆောင်ထားသင့်ပါတယ်။ ကိုယ့်မျက်နှာနဲ့ လိုက်ဖက်တဲ့ နေကာမျက်မှန်ဟာ ၀တ်ဆင်ထားတဲ့ ဖက်ရှင်ကိုပါ ပြီးပြည့်စုံသွားအောင် ဖြည့်စွက်ပေးနိုင်ပါတယ်။
နေရောင်ကာခရင်မ်
မိန်းကလေးတိုင်းအတွက် မဖြစ်မနေ လိုအပ်တဲ့အရာတွေထဲမှာ နေရောင်ကာ ခရင်မ်ကောင်းကောင်းလည်း ပါဝင်ပါတယ်။ အိုဇုန်းလွှာပါးလာပြီး လေထုထဲမှာ ခရမ်းလွန်ရောင်ခြည်တွေ များလာတာနဲ့အမျှ UV A နဲ့ UV B တို့ဟာ အချိန်တိုင်း အသားအရေပေါ်ကို ကျရောက်ပြီး ထိခိုက်စေနိုင်ပါတယ်။ အဲဒီ့နေရောင်ခြည်တွေဟာ မှန်ပြတင်းကိုတောင် ဖောက်ဝင်နိုင်စွမ်းရှိလို့ အသားအရေပေါ် ကျရောက်တဲ့အခါ တင်းတိပ်၊ အမည်းစက်စတာတွေကို ဖြစ်စေနိုင်ပါတယ်။ အမည်းစက်တွေဟာ ရှိရင်းစွဲအသက်ထက် ပိုပြီးအိုမင်းရင့်ရော်စေတာကြောင့် မိန်းကလေးတိုင်း ကြောက်လန့်ကြတဲ့ အိပ်မက်ဆိုးတွေလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုအိပ်မက်ဆိုးတွေက ကာကွယ်ချင်တယ်ဆိုရင် နေရောင်ကာခရင်မ် ကောင်းကောင်းကို နေ့စဉ်နေ့တိုင်း လိမ်းပေးသင့်ပါတယ်။ ဈေးကွက်ထဲမှာ မိန်းကလေးအများစု သုံးစွဲနေကြတဲ့ နေရောင်ကာခရင်မ်ကတော့ Pond’s White Beauty SPF ခရင်မ်ပဲ ဖြစ်ပါတယ်။ သူ့မှာ Vitamin B3 plus ပါဝင်လို့ ပျက်စီးပြီးသား အသားအရေကို ပြန်လည် ကောင်းမွန်စေကာ မျက်နှာလေးကို ပိုမိုဖြူစင်ဝင်းပစေပြီး သဘာဝအတိုင်း ပန်းနုရောင်လေး သန်းနေစေပါတယ်။ ဒါ့အပြင် UV A နဲ့ UV B နှစ်မျိုးလုံးကနေ ကာကွယ်ပေးနိုင်ပြီး SPF 30 ပါဝင်တဲ့ခရင်မ်နဲ့ SPF 50 ခရင်မ်ဆိုပြီး နှစ်မျိုး ရရှိနိုင်ပါတယ်။ SPF 30 ဟာ နေရောင်ထဲမှာ ငါးနာရီကြာ ကာကွယ်ပေးနိုင်ပြီး SPF 50 ကတော့ နေရောင်ထဲမှာ ရှစ်နာရီကြာ ကာကွယ်ပေးနိုင်တာကြောင့် ပျိုမေတို့ နှစ်သက်တဲ့ အမျိုးအစားကို ရွေးချယ်နိုင်ပါတယ်။
Images Credit - Original Source
ဒါလေးတွေကတော့ အမြဲတမ်း လှနေချင်တဲ့ ပျိုမေတို့အတွက် မရှိမဖြစ်လိုအပ်တဲ့အရာလေးတွေ ဖြစ်ပါတယ်။ အားလုံးပဲ အချိန်တိုင်း လှပပျိုမျစ်နိုင်ကြပါစေလို့ ဆုမွန်တောင်းပေးလိုက်ပါတယ်