Hello Steemates!
ဤ ပိုစ့်သည် ကျွန်တော်၏ ပထမဆုံး ပိုစ့်ဖြစ်ပါသည်။
ကျွန်တော်၏အမည်မှာlifebost ဖြစ်ပါသည်။ ကျွန်တော်သည် ဆင်းရဲသော အသိုင်းအ၀ိုင်းတွင် လူဖြစ်လာခဲ့ပြီး ကျွန်တော့်ဘ၀ ခရီးကြမ်းကို ဖြတ်လျှောက်နေရပါသည်။ ကျွန်တော်သည် ကျောင်းပညာကို လမ်းဆုံးသည်အထိ မသင်ယူခဲ့ရပေ၊ မိဘ၏ မိသားစု မပြေလည်မှုကြောင်း လမ်းတ၀က်တွင် ကျောင်းထွက်ခဲ့ရပါသည်။ ကျွန်တော်တို့မှာ ညီမစ်ကို မောင်နှစ် ၄ ယောက်ရှိရာ ကျွန်တော်သည် တတိယမြောက် ဖြစ်ပါသည်။
ကျွန်တော်သည် အပ်ခြုပ်စက်ပြုပြင်သင်တန်းကို တက်ရောက်ခဲ့ပြီး အထည်ခြုပ်စက်ရုံတစ်ခုတွင် ဆားဗစ်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုခဲ့ပါသည်။
ကျွန်တော့်ချစ်သူနှင့် လက်ထပ်ခဲ့ပြီး သားလေးတယောက်ရလာချိန်မှာ ကျွန်တော့်၏ ဆားဗစ်အလုပ်ဖြင့် မိသားစုဖုံလုံမှုမရှိတော့ပေ။ ထို့ကြောင်း ကားမောင်းပညာကိုသင်ယူပြီး Taxi မောင်းကာ မိသားစုစားဝတ်နေရေးကို ဖြေရှင်းပေးနေပါသည်။
ကျွန်တော်နှင့်အလုပ်တူ သူငယ်ချင်းအာကာ၏တိုက်တွန်းမှုကြောင့် steemit ကိုလေ့လာဖြစ်ခဲ့ပါသည်။ steemit platform ပေါ်တွင် မိမိ၏အတွေ့အကြုံ သဘောထားမှတ်ချက်များကို လွတ်လပ်စွာချပြခွင့်ရသောကြောင့် နှစ်သက်ပါသည်။ သို့သော်လည်း အလုပ်တဖက်နှင့်မိသားစုအရေးကို ဦးစားပေးလုပ်နေရသောကြောင့် နေ့တိုင်းပိုစ့်တင်နိုင်မည်ကား မဟုတ်ပါ။ ကျွန်တော်ထက်အယင် ရောက်နှင့်နေပြီးသော စီနီယာ အကို အမများကိုလည်း ကျွန်တော်ကို လက်တွဲခေါ်ဆောင်သွားကြပါလို့ တောင်းဆိုပါသည်။ အတတ်နိုင်ဆုံး ကြိုးစားပြီး ပိုစ့်များတင်သွားပါမည်။
Steemit သည် ကျွန်တော်တို့၏ အနာဂတ်ကို ထွန်းလင်းတောက်ပလာအောင် စွမ်းဆောင်နိုင်လိမ့်မည်ဟု ယုံကြည်မိပါသည်။
ဤမျှဖြင့် ကျွန်တော့်၏စာကို နိဂုံးချုပ်အပ်ပါသည်။
