အဖော်မွန်ကောင်းရဲ ့ အဓိပ္ပါယ်ကို လိုရှင်းတိုရှင်းနဲ့ အရှင်းဆုံးပြောရမယ်ဆိုရင်တော့ ကျွန်မခင်ပွန်း ကျွန်မနဲ့ စချစ်ကြိုက်စဉ်အခါက ပြောခဲ့တဲ့စကားကို ငွါးယူရမွာပဲ။ တဘဝစာရည်စူးခဲ့တဲ့သူနဲ့ လက်တွဲမမြဲခဲ့တာ ငါမှားခဲ့လို့များလားလို့ သံသယနဲ့ စိုးရိမ်စိတ် ကျွန်မမှာရှိခဲ့ဖူးတယ်။ ဒါကြောင့် ကျွန်မခင်ပွန်းဖြစ်လာမယ့်သူ့ကို ကျွန်မက ငါ့မှာဘာတွေပြင်စရာရှိနေသလဲ ၊ ငါ့မှာနင်မကြိုက်တဲ့အချက်တွေရှိနေရင်ပြောနော်။ ငါပြင်ပါ့မယ်လို့ ရည်းစားဘဝမှာ ဆိုခဲ့တုန်းက JUST BE YOURSELF လို့ သူဆိုခဲ့ဖူးတယ်။ ဆိုလိုတာကေတာ့ နင့်ပုံစံအတိုင်းနင်နေပါ လို့ အလွယ်ဘာသာပြန်ရမယ်ထင်တယ်။