ိကောလင်းမြို့
ကျွန်တော့်ရဲ့ ဇာတိမြို့
စစ်ကိုင်းတိုင်း အထက်ပိုင်း အေးချမ်းသာယာတဲ့ မြို့လေး
ရိုးသား ပွင့်လင်းပြီး သဘောကောင်းတဲ့ ချစ်စရာ ဒေသခံတွေနဲ့ နေချင်စဖွယ်မြို့လေး
လည်ပတ်စရာ နာမည်ကြီးတဲ့ နေရာ တွေရှိတဲ့ မြို့လေး
ကောလင်းမြို့တဲ့
ဒီမြို့မှာ ကျွန်တော် နေတယ် ။
ကောလင်းမြို့နယ်မှာ ချစ်စရာ လည်ပတ်စရာ နေရာတွေ ရှိပါတယ်။
ကျွန်တော်တို့မြို့ဟာဆိုရင်
မန္တလေး မြစ်ကြီးနား မီးရထားလမ်းဘေး တွင်ရှိသောကြောင့် မီးရထားလေးစီးပြီး လာလည်လို့ရပါတယ်။
ပြီးတော့ ရွှေဘို မြစ်ကြီးနား ပြည်ထောင်စုလမ်းမ ကြီးမှ ကားစီးပြီး လာမယ် ဆိုလည်း ရောက်ပါတယ်။ ကားနှင့် အလည် အပတ်လာ မည် ဆိုရင် ကျောက်တန်း လမ်းဆုံ ကနေ မြို့ကိုရောက်ဖို့ မိနစ် ၄၀ လောက် စီးရ အုံးမှာပါ။မြို့ မရောက်ခင် လမ်းတစ်ဝက်မှာပဲ မြို့ရဲ့ ကျက်သရေဆောင် တောင်မော် ရွာ ရှိ စေတီ ပုထိုး များကို ဝင်ရောက် ဖူးမျှော် နိုင်ပါသေးတယ်။
အရှေ့ မှာ ရွှေမင်းဝံတောင်းရိုးနှင့် တောင်ရိုးကျော်ပြီးသော် ထီးချိုင့်မြို့နယ် ဧရာဝတီမြစ် နှင့် ထီးချိုင့်မြို့ကို ရောက်ပါမယ်။
အနောက်မြောက် ဘက်မှာတော့ ပင်လယ်ဘူး မြို့နယ် ရှိပါတယ်။
တောင်ဘက်တွင်တော့ ကန့်ဘလူ မြို့နယ် ရှိပါတယ်။
မြောက်အရပ်မှာတော့ နာမည်ကြီး ဝန်းသို စော်ဘွားကြီး ဦးအောင်မြတ် ရဲ့ ဝန်းသို မြို့ တို့ ရှိပါတယ်။
နွေဦး ရာသီ တပေါင်းလ ရောက်နေပေမယ့် ခုထိ အနွေးထည် ဝတ်ထားရဆဲ နေ့ရက်တွေပါ။
နံနက်ခင်း ဈေးဆိုရင် တိုးမပေါက်အောင် စည်ကားလွန်းတဲ့ဈေးလေး ။
ဈေးတွင်းထဲမှာ ဈေးဝယ်နေတဲ့ အပျိုချောချောလေးတွေ နဲ့ ဈေးဝယ်ရတာပျော်စရာကောင်းပါတယ်။
လတ်လတ်ဆတ်ဆတ် သစ်သီး ဝလံ ဟင်းသီးဟင်းရွှက်တွေ ပေါများပြီး
ဈေးလဲ ချိုသာလှပါတယ်။
စိမ်းစိုတဲ့ သစ်တောတွေနဲ့ အေးချမ်းပြီးနေချင်စဖွယ် မြို့လေးပါ။
လှပတဲ့ အပျိုချော လူပျိုချော တွေ ပေါတဲ့ မြို့လေး ။
လာလည်ပါအုံးလို့ ကျွန်တော်တို့ မြို့ လေးကို ဖိတ်ခေါ်ပါတယ်။
ဒီအချိန်လာမယ် ဆိုရင်တော့ ထန်းရည် နဲ့ ကြွက်ကြော် ရာသီစာလေး ဧည့်ခံရမှာပေါ့ဗျာ။
လာလည်မယ်ဆို ကြိုပြောနော် လာကြိုမှာပေါ့ဗျာ။