Steemit ညီအစ်ကိုမောင်နှမများအားလုံး မင်္ဂလာပါ။ steemဈေးတွေကကျ၊စာရေးတဲ့သူလည်းမရှိ၊ proမှာတောင်မတင်ကြတော့တာ တွေ့ရမြင်ရတာစိတ်မကောင်းဖြစ်မိတယ်။ Groupတွေမှာလည်း active မဖြစ်ကြတော့ဘူး။ ဘာတတ်နိုင်မှာလဲ မဟော်ရေ ၊အကျိုးအမြတ်နည်းရင် ဒီလိုဘဲ ဖြစ်မှာဘဲလို့ မိတ်ဆွေတို့ ပြောကောင်းပြောပါလိမ့်မယ်။ ဟုတ်ပြီ မိတ်ဆွေတို့ ပြောသလိုဘဲ အကျိုးအမြတ်နည်းပါးရင် များအောင် ဖန်တီးရမှာပေါ့ဗျာ။
အလုပ်တစ်ခုလုပ်ပြီး အကျိုးမရှိရင် မဟုတ်သေးဘူးလေ။ အချိန်ကုန်သလို အထိုက်အလျောက်ငွေကြေးလည်းကုန်တာ ဘာမှဖြစ်မလာရင် လူတိုင်းစိတ်ပျက်ကြမှာဘဲ။ နောက်ပြီး ရေရှည်စီမံကိန်းကို ရေတိုအကျိုးခံစားခွင့်နဲ့ ပိုင်းဖြတ်နေကြတာဟာ မဟာအမှားဘဲ။ ဒါပေမယ့် သူ့ဆုံးဖြတ်ချက်ကို ကိုယ်က သွားထိန်းချုပ်လို့မရဘူးလေ။ သူစဉ်းစားချင်သလို စဉ်းစားမယ် သူ ဆုံးဖြတ်ချင်သလိုဆုံးဖြတ်မှာဘဲ။ တစ်ခုဘဲ ကျွန်တော်တို့ လုပ်လို့ရတယ်။ သူတို့လိုချင်တဲ့ အကျိုးအမြတ်ကို များများရနိုင်မယ့် Trade တွေကို ဖန်တီးဘို့ဘဲ ရှိတယ်။ activeဖြစ်ကြပါ၊ မထွက်ကြပါနဲ့ ၊စာတွေရေးကြပါလို့ ၊စိတ်ရှည်သည်းခံပြီး ဆက်လုပ်ကြပါ၊ လို့ ပြောစရာမလိုအောင် ကျွန်တော်တို့ စီစဉ်ရတော့မယ်။ ဒီအတိုင်းသွားရင်တော့ Group တွေမှာ sl တောင် ကျန်မလားမသိ။ ခေတ္တဆိုတာလက်ခံပါတယ်၊ ဒါပေမယ့် တို့လူတွေက ခေတ္တလေးကို မကျော်လွှားနိုင်တာကခက်တယ်။ ဒါများမဟော်ရယ် မလုပ်နိုင်တဲ့သူထွက်သွားတာ ဝမ်းနည်းစရာမရှိပါဘူးလို့ ပြောရင်တော့ ကျွန်တော်လက်မခံဘူး။မကျော်လွှားနိုင်ရင် ကျော်လွှားနိုင်အောင် သင်ပေးရမှာ ဖြစ်သလို မလုပ်နိုင်ရင် လုပ်နိုင်အောင် စီစဉ်ရမှာ လို့ ကျွန်တော်မြင်တယ်။ လစာကောင်းကောင်းပေးထားတဲ့ကုမ္ပဏီတွေမှာ ဝန်ထမ်းတွေဟာ ထွက်ပါဆိုတာတောင် မထွက်ပါဘူး။ အဓိက ကလစာကောင်းကောင်းပေးနိုင်မယ့် နည်းလမ်းတွေကို ရှာနိုင်သမျှရှာရမယ် ၊အကောင်အထည်ဖော်လို့ရမယ့်အရာမှန်သမျှချက်ချင်းအကောင်အထည်ဖော်ရမယ်။ planအသစ်တွေ အခြေအနေ အချိန်အခါကြည့်ပြီး ဆွဲသင့်ရင် ဆွဲရမယ်လို့ ကျွန်တော်မြင်တယ်။
နောက်တစ်ခုတင်ပြချင်တာက voteတဲ့system။ ကျွန်တော်တို့မသိတဲ့ ကျွန်တော်တို့ မလုပ်ရသေးတဲ့ နည်းများရှိမလားလို့ပါ။ တစ်ခြားနိုင်ငံတွေမှာ တက္ကသိုလ်တို့ အလုပ်ရုံတို့ အဖွဲ့အစည်းများတဲ့ အသင်းအဖွဲ့တွေမှာ Member အကန့်အသတ်မရှိဘဲ လုပ်နေကြတာ အားလုံးလည်းအသိပါ။ သူတို့ communityမှာ votingကို ဘယ်လိုစီမံသလဲဆိုတာ ဆရာတွေစုံစမ်းပေးပါလို့တောင်းဆိုချင်တယ်။ သူတို့မှာလဲ နိုင်ငံခြားအကူအညီ၊ပြည်တွင်းအကူအညီ အကန့်အသတ်တော့ရှိမှာဘဲ။ဒါကိုသူတို့ဘယ်လိုဖြေရှင်းလဲဆိုတာ သိချင်မိတယ်။ နောက်ပြီး power မညီတာကို ဘယ်လိုထိန်းပြီး votingလုပ်နေကြလဲဆိုတာတွေကောပေါ့။ အနှစ်ချုပ်ပြောရရင် သူတို့နည်းတွေကို အတုခိုးသင့်ခိုးရမှာဘဲ။ နိုင်ငံအတိုင်းအတာနဲ့အစိုးရကခွင့်ပြုချက်မရတောင် အခုလိုမျိုး onlineကဘဲ လွတ်လပ်စွာ ကျယ်ပြန့်စွာလုပ်လို့ရအောင်နည်းရှာရမှာဘဲလေ။ကျွန်တော်တို့မှာ proဆိုတဲ့နိုင်ငံခြားအကူအညီရတာသိပ်ကောင်းပါတယ်။ အဖွဲ့တိုးချဲ့တဲ့နေရာမှာ proဆိုတာနဲ့သွားငြိပြန်ရော။ သူ့မှာက limitရှိတယ်လေ။ဒါကြောင့် အင်ဒို မလေး ကိုရီးယားတို့မှာ voting ကို ဘယ်လိုsysteemနဲ့သွားနေလဲဆိုတာ ပိုသိချင်တာ။ နောက်ပြီး proဆိုတာကလည်း အချိန်မရွေးရပ်တန့်သွားနိုင်တယ်လေ။ ကိုဟင်နဲ့ဆရာတွေက ရပ်တန့်ထားတာကို Complainတက်တာမဟုတ်ဘူးနော်။ ဒီအခက်အခဲကို ဘယ်လိုကျော်လွှားမလဲ ဘယ်နိုင်ငံကို အတုယူမလဲဆိုတာကိုဆွေးနွေးခြင်းပါ။
crd.org.source
နောက်တစ်ခု ကျွန်တော်မရှင်းတာလေး မေးပါရစေ။ သိတဲ့ဆရာတွေကို ရှင်းပြပေးပါလို့တောင်းဆိုပါရစေ။အခုကျွန်တော်မေးမယ့်မေးခွန်းက တကယ်မသိလို့မေးတာပါ။နောက်ပြီး အဖွဲ့အစည်းအတွက်မေးတာပါ။ ဘာလဲဆိုတော့ 15 spကို ၅၀၀နဲ့ဝယ်လို့ရတာကို ဘာကြောင့်မဝယ်ကြတာလဲ။ ဝယ်ခွင့်မရှိတာလား။ proကြောင့် လူတစ်ယောက်ကို တစ်acountဘဲခွင့်ပြုတာလား။ MSCမှာ တစ်ဦးက တစ်ခုဘဲအသုံးပြုရမယ်လို့တော့ သိတယ်။ ဘာကြောင့်ဆိုတာတော့ သဲသဲကွဲကွဲမသိဘူး။ PRO ကြောင့်လားဆိုတာတော့ သိချင်တယ်။အခုလူအင်အားနဲ့ Spသောင်းကျော်သိန်းကျော်ကိုဖန်တီးလို့ရတဲ့အခွင့်အရေးရှိတာကို ဒီအချက်ကြောင့် လက်လွှတ်လိုက်မှာလား။ကျွန်တော်ဆွေးနွေးတာတွေ အားနည်းချက်ရှိချင်ရှိမယ်၊ အကောင်းဆုံးလမ်းကိုလုပ်ကိုင်ဘို့ အစဆွဲထုတ်ပြခြင်းသာဖြစ်ပါတယ်။ ကျွန်တော်ရဲ့အကြံပြုချက် မှားတယ်ဆိုရင်လည်း အသုံးမပြုနဲ့ပေါ့။ ကျွန်တော်ပြောဆိုခြင်းက အကြံပြုချက်သဘောပါဘဲ။MSC ကောင်းကျိုးအတွက် အမြဲစဉ်းစားနေရင်း နိဂုံးချုပ်လိုက်ပါတယ်။