မင်္ဂလာပါ ချစ်မိတ်ဆွေအပေါင်းတို့။ အပြစ် ကို မိတ်ဆွေတို့ ဘယ်လိုမြင်ကြသလဲဗျ၊ နည်းနည်းဆွေးနွေးကြည်ရ့အောင်။ အပြစ်လုပ်ထားတဲ့သူတစ်ယောက်မှာ ပြုပြင်ပိုင်ခွင့်တော့ ရှိရပါမယ်။ မသိလို့ မှားခဲ့တာဖြစ်ဖြစ် ၊သိလို့ မှားခဲ့တာဖြစ်ဖြစ် အပြစ်တစ်ခုကို ကျူးလွန်းမိရင်တော့ အပြစ်က အပြစ်ပါဘဲ။ အပြစ်ရဲ့အတိမ်အနက်ပေါ်မူတည်ပြီး ပြစ်ဒဏ်အတိမ်အနက်တွေ ရှိပါတယ်။ ပြစ်ဒဏ် ကျခံ ပြီးရင်တော့ သူဟာ သာမန်လူလို လောကကြီးမှာ ရပ်တည်လို့ ရပါတယ်။
ခွင့်လွှတ်တာတွေ သဘောထားကြီးတာတွေ လောလောဆယ် ကျွန်တော် မပြောချင်သေးပါဘူး။ နောက်ဆုံး အကျိုးရလာဒ်ရဘို့ ဘယ်လိုချဉ်ကပ်မလဲဘဲ ကျွန်တော်တွေးနေမိတယ်။
တစ်ခါတလေမှာ ပညတ်ဆိုတဲ့စကားလုံးတွေက ဖြည်ရတာတော်တော်ခက်တယ်။ ညင်သာဘို့ လိုသလို အများလက်ခံဘို့လည်းလိုတယ်။ အပြစ် နဲ့ပက်သက်ပြီး သတိရတာလေး တွေရှိတယ်။ နည်းနည်း ပြောပါရစေ။
မင်းရဲကျော်စွာ ရဲ့နောက်ဆုံးတိုက်ပွဲ မှာ ရာဇာဓိရာဇ်ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတယ်။ ပြီးတော့ ကျဆုံးလိုက်ရတဲ့ ဖြစ်ရပ်အပေါ် ဘုရင်မင်းခေါင်ဟာ သူ့အင်းဝတပ်ကို လုံးဝမကျေနပ်ဘူး။ မင်းတို့က ငါ့သားကို ရန်သူလက်ထဲမှာ ထားခဲ့လေခြင်းဆိုပြီး ပြန်လာတဲ့တပ်ခေါင်းဆောင် အားလုံးနီးပါးကို သေဒဏ်ပေးတာ။ သူတို့ရဲ့ဆွေးမျိုးတွေကောဆိုတော့ သေဒဏ်ပေးခံရတဲ့စာရင်းဟာ ဘယ်လောက်များလည်း ဆိုတာ စဉ်းစားတာကြည့်ပေတော့။ ထိုအချိန်မှာ ဘုရင်မင်းခေါင်ကို ဘယ်သူမှမပြောရဲပါဘူး။ သားသောကနဲ့ပူဆွေးနေတဲ့အချိန်ဆိုတော့ ဘယ်သူမှလည်း အထွန့်မတက်ရဲဘူး။ ဖမ်းထားတာကလည်း လူပေါင်းကမနည်းဘူး။ ဆရာတော်တွေနဲ့ တိုင်ပင်ပြီး ဘုရင်ကိုလျှောက်တင်တယ်။ သတ်လိုက်ရင် အင်းဝတပ်မှာ စစ်အင်အားလျော့နည်းစေမှာကတစ်ကြောင်း၊ သတ်မယ့်တူတူ သူတို့ကို ဟံသာဝတီကို ပြန်တိုက်ခိုက်စေသင့်ကြောင်း ၊ သေဒဏ်ကလွတ်ရင် သူတို့လည်း ဒီတိုက်ပွဲကို ရွပ်ရွပ်ချွန်ချွန်တိုက်မယ်ဆိုတာ ယုံကြည်ကြောင်း၊စသဖြင့် ဝိုင်းလျှောက်တင်ကြတော့ ဘုရင်မင်းခေါင်လည်း နှစ်ခြိုက်တော်မူတယ်တဲ့။ သေဒဏ်ပေးထားတဲ့တပ်သားတွေကို ပြန်တိုက်ခိုင်းတာ အောင်မြင်မှုတွေများစွာရလိုက်ပါတယ်။ ဒီဖြစ်စဉ်မှာ ဘာကိုသင်ခန်းစာရလိုက်သလဲဆိုတော့ ဆုံးရှုံးမယ့်စွမ်းအင်ကို အကောင်းဆုံးအသုံးပြုသွားတာဖြစ်ပါတယ်။
ကျွန်တော် ဘာကိုဆိုလိုချင်တာ ဆရာများနှင့် မိတ်ဆွေတို့လည်း သဘောပေါက်မှာပါ။ ထိုကိစ္စနဲ့ပက်သက်ပြီးလည်း ကိုဟင် က လာမယ့် တနင်္ဂနွေ ည၈း၀၀မှာ အစည်းအဝေး ခေါ်ထားပါတယ်။ အစည်းအဝေး မတိုင်ခင် မိတ်ဆွေတို့ကို ကျွန်တော့်သဘောထားတင်ပြထားတာပါ။ ဘယ်လောက်အတိုင်းအတာထိ ပြန်လက်ခံမလဲဆိုတာကို ထိုနေ့ အစည်းအဝေးက ဆုံးဖြတ်မှာပါ။ ထိုကြောင့် ထိုနေ့ အစည်းအဝေးကို မဖြစ်မနေ တက်ရောက်စေချင်ပါတယ်။ MSCကြီး ပြန်လည်နိုးထလာဘို့ အချိန်တန်ပါပြီ။ ရှေ့ဆက်ရမယ့် အနာဂတ်planတွေအတွက် တိုင်ပင်စဉ်းစားဆုံးဖြတ်မှာ ဖြစ်တဲ့အတွက် အစည်းအဝေး ကိုလာရောက်ကြပါလို့ မေတ္တာရပ်ခံပါတယ်။ နေသာသလိုနေရင် နေသာသလိုဖြစ်သလို ပုံမှန်ဘဲဆိုရင် ပုံမှန်ဘဲ ဖြစ်နေမှာပါ။ ပြောင်းလဲမှုကို လုပ်သင့်ရင် လုပ်ရမှာပါ။ မိတ်ဆွေတို့ ဖြစ်စေချင်တဲ့ အကြောင်းအရာတွေ၊ အကြံပေးချင်တာတွေကို note မှာ ကြိုရေးထားပါ။ အစည်းအဝေး ကြ တန်းချပြလို့ ရတာပေါ့။ ကြိုရေးထားတော့ ကိုယ်ပြောချင်တာကို အေးအေးဆေးဆေး နားဝင်အောင်တင်ပြလို့ ရတာပေါ့။ အစည်းအဝေးမှာကြ လူများတော့ ပြောဖို့ ကျန်မှာဆိုးလို့ပါ။ တစ်ချိန်ကရဲဘော်ရဲဘက် ချစ်ညီအစ်ကိုမောင်နှမတွေ ပြန်ဆုံခွင့်ရဘို့ မိတ်ဆွေတို့ အပေါ် မူတည်ပါတယ်လို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။
ရှူးး! လက်မထောင်တာလေး နော်။