မင်္ဂလာပါ ချစ်မိတ်ဆွေအပေါင်းတို့။
ကျောင်းသားဘဝတုန်းက ဖဲရိုက်ခဲ့တဲ့အဖြစ်လေးကိုသတိရမိတယ်။ ညအိပ်ရင် မျက်စိထဲမှာ ဖဲချပ်တွေဘဲမြင်နေမိတယ်။ တစ်ချို့ဆို အသံထွက်ပြီးတောင် ယောင်တတ်ကြတယ်။ ဖဲမကောင်းဘူးထင်ပါတယ် ချွန်းချွန်း ထောက်ထောက် လွတ်လွတ်တွေကော ဆဲသံတွေကော ထယောင်တာတွေတွေ့ဖူးတယ်။ မနက်ရောက်ရင် သူငယ်ချင်းတွေပြောပြီးရယ်ကြတာပေါ့ဗျာ။
"မျက်လုံးထဲမှာ ဖဲချပ်တွေဘဲ မြင်နေမိတယ်တဲ့။"
တစ်ချိန်တုန်းက COC game ကို တော်တော်ဆော့ခဲ့ဖူးတယ်။ အဲ့ဒီတုန်းက လူငယ်မှန်သမျှ မဆော့သလောက်ပါဘဲ။ အလုပ်ထဲရောက်တာနဲ့ မင်းတပ်ဘယ်လို၊ဘယ်အကောင်တွေ မြှင့်ပြီး ပြီလား ၊ဘယ်အချိန် warတိုက်မယ်နဲ့ ထိုအကြောင်းတွေဘဲပြောဖြစ်ကြတယ်။ ညညဆိုထပြီးတိုက်ရတာအမော။ မိတ်ဆွေတစ်ယောက်က နည်းတစ်ခုသင်ပေးတယ် ။အကြံဉာဏ်ပေးတယ်။ ည ၂ နာရီထပြီး သွေးတို့ ငွေတို့ရှာရင် ပိုရတယ်လို့ပြောတော့ ကိုယ်ကupgrade မြှင့်ချင်နေတာလေ။ ဘယ်ပြောကောင်းမလဲ ည၂နာရီဆို အာာချာမတွေtrainပြီး ရှာတာပေါ့။ သူပြောတာလည်း နည်းလမ်းကျသလိုပါဘဲ ၊ထိုအချိန်က တပ်တွေအိပ်နေတော့ သိုလှောင်ကန်ထဲမှာ အများကြီး ဖြစ်နေတာတဲ့။ ဆိုလိုချင်တာက အဲဒီတုန်းကလည်း COC မှ COC ဖြစ်နေတာကို ပြောချင်တာပါ။
"မျက်လုံးထဲမှာ COCအကောင်တွေဘဲ မြင်နေမိတယ်။"
ကျွန်တော့်ရဲ့ ခရေဇီ ဘောလုံးအသင်းက မန်ယူဗျ။ အခုနောက်ပိုင်းမှမကြည့်တော့တာ။ အားပေးလာတာ ဖာဂူဆန် လက်ထက်တစ်လျှောက်ဆိုပါတော့။ ချိန်ပီယံလိဒ် ဗိုလ်ဆွဲတဲ့ 1999မတိုင်ခင် ကတည်းကပါ။ ဘက်ခမ်း၊ ကိုးလ်၊ဒွိုက်ယောက်၊ ပေါ့စခိုး၊ နစ်ကီဘတ်၊ ရွိုင်ကိန်း ၊အီဗရာ၊ဘားသက်၊စတဲ့သူတို့ခေတ်ကတည်းက ဆိုပါတော့။ ဘောလုံးပွဲ ပြီးလို့နောက်နေ့ မနက်မှာ ဘောလုံးအကြောင်း မန်ယူအကြောင်းဘဲ ပြောဖြစ်ကြတယ်။ တစ်ခါတလေ ချန်ပီယံလိဒ်စောင့်ကြည့်ဘို့ ခဏမှေးနေရင် အိပ်မက်ထဲမှာ ဘောလုံးပွဲ ကြည့်နေတာ ခဏခဏ။ဂိုးလို့ ထထအော်မိတာ လည်းအကြိမ်ကြိမ်။ထိုအချိန်တုန်းက
"မျက်လုံးထဲမှာ ဂိုးတွေသွင်းနေတာဘဲ မြင်နေမိတယ်။"
တစ်ချိန်တုန်းက ဖြစ်ခဲ့တာလေးတွေကို ပြောကြည့်တာပါ။ အထိအတွေ့များတာကို ပြန်မြင်ယောင်တဲ့သဘောပေါ့။ အိပ်မက်ထဲထိ အတွင်းအာရုံထဲထိ ထိုပုံရိပ်တွေက လွှမ်းမိုးစေပါတယ်။ ယခု ကျွန်တော့် အမြင်အာရုံထဲမှာ ဘာတွေဘဲမြင်နေသလဲဆိုတာ မိတ်ဆွေတို့ သိချင်ရင် ပြောပြမယ်။
ရှူးး! "မျက်လုံးထဲမှာ MSC သမားတွေ ထေ့လုံးငေါ့လုံးတွေနဲ့ ရန်ဖြစ်နေတာဘဲ မြင်နေမိတယ်။"
MSC-228