💖 သူ့  အတွက်မို့သာ 💖
မာနလား ရှိတာပေါ့
သူ့အတွက်မို့သာ
မထားသင့်ဘူးဆိုပြီး ခဝါချပစ်ခဲ့တာ
အတ္တလား ရှိတာပေါ့
သူ့အတွက်မို့သာ
အရာရာအလျော့ပေး ဆက်ဆံခဲ့တာ
သံသယလား ရှိတာပေါ့
သူ့အတွက်မို့သာ
ဘာမှမပြောဘဲ ယုံကြည်ပေးခဲ့တာ
ဥပေက္ခာလား ရှိတာပေါ့
သူ့အတွက်မို့သာ
လျစ်လျူမရှုနိုင်ဘဲ အရင်စခေါ်ခဲ့တာ
နှလုံးသားဆိုတာ
ပြိုင်ပွဲကျင်းပနေတာမှ မဟုတ်တာလေ
အနိုင်ယူဖို့မလိုသလို
အရှုံးပေးဖို့လည်း မလိုအပ်ပါဘူး
မျှမျှတတနဲ့စီမံတတ်ရင်
အရာရာတိုင်းလှပနေမှာပါ
ပိုချစ်တတ်တဲ့သူတိုင်းမှာ
မျက်ရည်တွေနဲ့
အထီးကျန်ညတွေ ရှိတယ်ဆိုတာ
သူသိစေချင်
သည်းခံတိုင်းလည်း
ရောင့်တတ်မသွားပါနဲ့
ခွင့်လွှတ်တိုင်းလည်း
အရင်လိုပဲဆက်မလုပ်နဲ့
နားလည်ပေးတိုင်းလည်း
အခွင့်ကောင်းမယူနဲ့
ခံစားရသူသာ အသိဆုံးမို့
တိတ်ဆိတ်နေခဲ့တဲ့နေ့ရက်တွေမှာ
တစ်စုံတစ်ယောက်အတွက်
နာကျင်စရာတွေ
ရီဝေစွာငေးကြည့်နေတဲ့
မျက်ဝန်းတစ်စုံရဲ့ နောက်ကွယ်မှာ
အလိုက်သိခဲ့တဲ့ အမှန်တရားတစ်ချို့
ပြုံးပြနေတဲ့
နှုတ်ခမ်းတစ်စုံရဲ့နောက်ကွယ်မှာ
ဆွံ့အနေတဲ့စကားလုံးပေါင်းများစွာ
ဟာသလို့အထင်ခံရတဲ့
လူတစ်ယောက်ရဲ့
ဟန်ဆောင်မှုကင်းတဲ့
ပေးဆပ်ခြင်းတွေ
မညီမညာဖြစ်နေတဲ့
မျဉ်းကြောင်းလေးကို
တည့်မတ်ချင်တော့လည်း
ခဲဖျက်နဲ့ပြန်ဖျက်ပြီး ပြင်ခဲ့ရတာပေါ့
ဘဝနှစ်ခုပေါင်းစပ်ဖို့
လိုနေတာဖြည့်
ပိုနေတာပြင်ပြီး ဂရုတစိုက်လေး
💖 သူ့  အတွက်မို့သာ 💖
## Present By
I am Waiting Upvote From
Smt75