Hello „ all my friends.
#Beans noodle soup
The food I cook today is beans noodle soup.

Bitter gourd is eaten as a snack and as a side dish
It is easy to cook and cheap to buy and almost everywhere.




** Ingredients
- Chicken / chicken ribs
- Onion
- Garlic
- Ginger
- Beans noodle
- Dried mushroom
- Dried flowers
- Turtle
- pepper
- Chili peppers
- Reed-mace
- Fish sauce
- Turmeric
- Chicken powder
- Oil
- Salt
- Coriander
- Lemon
- Dry chilli powder
Are required.
** How to make

-Boil the chicken and chicken ribs.
- When the chicken is tender, grate the meat, remove the bones and make a bone broth.
-Soak the bean noodle in water
-Soak dried mushrooms and peas in water
-Cut the fabric - Teach red onion
- Peel a squash, grate it and squeeze the garlic
- In a large saucepan, sauté the chicken, ginger, garlic and turmeric powder.
- When the garlic is fragrant, add the chicken stock
- When the water boils, add soaked mushrooms, dried flowers, onions and reed-mace.

When the ingredients are soft, add salt and chicken powder and sauce to taste.

When preparing the dish, you can eat it with pepper powder, chilli powder, coriander and lemon.

Quail eggs „ egg and fried fish are also added.

#ကြာဇံဟင်းခါး
ဒီနေ့ ကျမ ချက်ပြုတ်စားသောက်သည့် အစားအသောက်ကတော့ ကြာဆံဟင်းခါး ဖြစ်ပါသည်
ကြာဆံဟင်းခါး ကို သရေစာအဖြစ်ရော ဟင်းအဖြစ်ပါ စားသုံးကြပါသည်
ချက်ပြုတ်ရ လွယ်ကူပြီး ဝယ်စားပါက ဈေးသက်သာပြီး နေရာတိုင်း နီးပါးရရှိနိုင်သော အစားအစာ ဖြစ်ပါသည်
**ပါဝင်ပစ္စည်းများ
-ပဲကြာဇံ
-ကြက်သား/ကြက်ရိုး
-ကြက်သွန်နီ
-ကြက်သွန်ဖြူ
-ဂျင်း
-ပဲပြား
-မှိုခြောက်
-ပန်းခြောက်
-ပဲလိပ်
-ငရုတ်ကောင်း
-ငရုတ်သီး အရောင်တင်
-ပိတ်စွယ်
-ငံပြာရည်
-နနွင်း
-ကြက်သားမှုန့်
-ဆီ
-ဆား
-နံနံပင်
-သံပုရာသီး
-ငရုတ်သီးလှော်မှုန့်
တို့ လိုအပ်ပါသည်
ငုံးဥ ကြက်ဥ တို့ကိုလည်း ထည့်စားပါက စားကောင်းပါသည်
**ပြုလုပ်ပုံ
- ကြက်သား ကြက်ရိုးများအားပြုတ်ထားပါ
- ကြက်သားများ နူးလာပါက အသားများကို အရိုးနွင်ပြီး အရိူးများကို ဖယ်ကာ အရိုးပြုတ်ရည် ပြုလုပ်ထားပါ
- ပဲကြာဇံများအား ရေစိမ်ထားပါ
- မှိုခြောက် ပန်းခြောက် ပဲလိမ်များအား ရေစိမ်ထားပါ
- ပိတ်စွယ်များအားလှီးထားပါ
- ကြက်သွတ်နီ အခွံသင်ထားပါ
- ကြက်သွန်ဖြူ ဂျင်း တို့အား အခွံသင် ထောင်းထားပါ
- ချက်မည့်အိုးတွင် ကြက်သား ဂျင်း ကြက်သွန်ဖြူ တို့ကို နနွင်းမှုန့် အရောင်တင်မှုန့်တို့ထည့်ပြီး ဆီသတ်ပါ
- ကြက်သွန်ဖြူ ဆီကျက် အနံ့မွှေးလာကါက ကြက်ရိုးပြုတ်ရည်များထည့်ပါ
- ရေဆူလာပါက ရေစိမ်ထားသော မှိုခြောက် ပန်းခြောက် ကြက်သွန်နီ ပိတ်စွယ် ကြာဆံ တို့ ထည့်ပါ
-ထည့်ထားသည်များနူးလာပါက အရသာအတွက် ဆား ကြက်သားမှုန် ငံပြာရည် တို့ထည့်ပါ
ဟင်းပွဲ ပြင်ဆင်ရာတွင်တော့ ကြာဇံဟင်းခါး တွင် ငရုတ်သီးလှော်မှုန့် ငရုတ်ကောင်းမှုန့် နံနံပင် သံပရာသီး တို့ နှင့်တွဲဖက်၍ စားသုံးနိုင်ပါသည်
ငုံးဥ ကြက်ဥ ငါးဖယ် ကြော် တို့လည်း ထည့်စားကြပါသည်