ရွှေကြက်ယက် ရွှေကြက်ကျ ဘုရားရဲ့ ကဆုန်ညောင်ရေသွန်းပွဲ တော်
Hello ,
မင်္ဂလာပါ
မန္တလေး အမရပူရမြို့နယ် ရွှေကြက်ယက်ကျေးရွာအုပ်စု ရှိ
တန်ခိုးကြီး ရွှေကြက်ယက်ရွှေကြက်ကျ ဆုတောင်းပြည့်
ဘုရားနှစ်ဆူမှာ နှစ်စဉ် ကျင်းပနေကျဖြစ်တဲ့ ကဆုန်ညောင်ရေသွန်းပွဲတော်ကြီးကို ကဆုန်လပြည့်နေ့မတိုင်မှီ နေ့ နှင့် ကဆုန်လပြည့်နေ့များမှာ နှစ်စှု နှစ်တိုင်း စည်ကားစွာကျင်းပ ပြုလုပ်ခဲ့ပါတယ်
ကဆုန်ညောင်ရေသွန်းပွဲတော်တွေထဲမှာ အစည်ကားဆုံးနဲ့ထူးထူးခြားခြားကျင်းပတဲ့ပွဲတော်တစ်ခုဖြစ်ပြီး ကျေးရွာ ၁၅ ရွာ မှ
ဒေသခံတွေဟာ အစုအဖွဲ့အလိုက် ရွှေကြက်ယက်ဆုတောင်းပြည့်မြတ်စွာဘုရား ၏အနောက်ဘက်က မဟာဗောဓိပင်ညောင်ပင်ကိုညောင် ရေသွန်းလောင်းကြတာလည်းဖြစ်ပါတယ်
ထူးခြားသည်ကတော့ ညောင်ရေသွန်းရန်အတွက် ရွာများမျ
လူကြီး လူငယ် ဟူသမျှတို့သည်ဝန်းအဖွဲ့များ ဓမ္စစင်္ကြာ အဖွဲ့များ လူငယ်လူရွယ် အဖွဲ့များမ တူညီဝတ်စုံများဝတ်ကာ
အတီးအမှုတ် အကအခုန်များဖြင့်
ညောင်ရေအိုးများသယ်ဆောင်လျက် ရွာစဉ်တစ်လျောက်
လှည့်လည်ပီးသကာဗောဓိ ညောင်ပင် ရှိရာသို့ သွားရောက်
ပြီး ညောင်ရေသွန်းလေားင်းကြပါတယ်
စီတန်းလှည့်လည်ပွဲ ကို ကဆုန်လပြည့် မတိုင်မှီ အဖိတ်နေ့
တွင်စည်ကားစွာ ကျင်းပလေ့ ရှိကြပါတယါ
Steemit မှ မိတ်ဆွေ များအား ထူးခြားလှသည့် ရွှေကြက်ယက်
ရွှေကြက်ကျ ဘုရား တွင် ကျင်းပသည့် ညောင်ရေသွန်းပွဲတော်
ကို တသ်ခါတစ်ခေါက် လာရောက် ကြစေရန် post တင်ရေးသား ဖိတ်ခေါ် လိုက်ရပါတယ်
🌼🍀