ပရစ်ဖူး
Hello , all steemit member.
မြန်မာတို့၏ ဆယ့်နှစ်လရာသီ စက်ဝန်းထဲမှ တပို့တွဲလရာသီ ချိန်ခါသို့ ရောက်ရှိလို့နေပါ သည်
ရာသီဥတု အနေနဲ့ကတော့ ဆောင်းအကုန်စမို့ အအေးတော့
နည်းနည်းပေါ့စပြုလာပါပြီ
သစ်ပင် သစ်ကိုင်းများဟာလည်း ရွက်ဟောင်းများကြွေ ရွက်သစ်များဝေလို့
ပရစ်ဖူးလေတွေ လည်း အဖူးအခက် လေးများထွက်ပေါ်လာကြပါပြီ
အိမ်ခြံဝင်း အတွင်းမှာ ရှိကြတဲ့ တမာပင် ဒန့်ဒလွန်ပင် ပျဉ်းတော်သိမ်ပင် အစရှိသော အပင်တို့၌လည်း ပရစ်ဖူးလေးလေးတွေ ဝေနေလျှက်ရှိနေပါသည်
တမာတွေလည်း ဖူးနေပြီ
ကုက္ကိုလ်တွေလည်း ဖူးနေပြီ
စိန်ပန်းတွေလည်း ဖူးနေပြီ
ပေါက်ပန်းတွေလည်း ပွင့်ကုန်ပြီ
လက်ပံတွေလည်း ပွင့်ကုန်ပြီ
ဆောင်းအကုန် နွေအကူး မို့ ပင်ယံထက်မှာ ပရစ်ဖူးလေးများက တွေ့ မြင်ရသူ ကို အားသစ်များ ဖြစ်ပေါ်စေပါတော့ သည်