ပိန်းနှဲသီး အပိုင်း (၄ )
Hello , all steemit member.
ပိန်းန္နဲသီး စားရင်း ပိန်းန္နဲသီး အကြောင်း နှင့် စားသုံးနည်း အသုံးပြုနည်း များ အား ရေးသား post တင် ပါသည်
ဒီနေ့ အတွက် ပိန်းနှဲသီး အတွင်းဆံ (ဝါ ) အကြောင်း ရေးသားပါမည်
ပိန်းနှဲသီးသည် ရင့်မှည့်ပြီ ဆိုပါက ရနံ့မှာ မွှေးကြိုင်၍ အလွန်ချိုအီသော အရသာ ရှိပါသည်
ပိန်းနှဲသီး အတွင်းမှ အဆံလေးများကို တစ်လုံး နှစ်လုံး တစ်ခု နှစ်ခု စသည်ဖြင့် ရေတွက် ခြင်းမပြုဘဲ တစ်ဝါ နှစ်ဝါ စသည်ဖြင့် ရေတွက် ခေါ်ဝေါ် ကြပါသည်
ပိန်းနှဲသီး အမျိုး အစားများ ကွဲပြားသလို အထဲမှ ပိန်းနှဲသီး ဝါ လေးများ၏ အရွယ်အစား ပုံပန်းသဏ္ဌန်သည်လည်း မတူညီ ကွဲပြားပါသည်
ပိန်းနှဲသီး ဝါများသည် အဝိုင်း အရှည် စသည်ဖြင့် လည်းရှိပါသည်
မရင့်မှည်မှီ အပင်မှ ခူးဆွတ်မိပါက အသီးမှည့်လာအောင် သတ်ရိုက်ထားရပါသည်
သတ်ရိုက်သည် ဆိုရာဝယ် ပိန်းနှဲသီး အညှာ အား ဝါးခြမ်း ( သို့ )သစ်သားဖြင့် ထိုးစိုက်ထား ခြင်း ဖြစ်ပါသည်
ပိန်းနှဲသီး ကို သတ်ရိုက်ပြီး ၂ ရက် မှ ၃ရက်ခန့်ကြာပါက ပိန်းနှဲသီး သည် အနံ့များမွှေးလာပြီး ခွဲ စားလို့ ရပြီ ဖြစ်ပါသည်
ပိန်းနှဲသီး အဆံ (ဝါ ) များသည် ပိန်းနှဲသီး အလုံးအတွင်းရှိ အလယ်အူတိုင် ပတ်လည်တွင် စီလျက် တည်ရှိပါသည်
ပိန်းနှဲသီး ၏ အူတိုင်တွင်အစေးများ ထွက်ရှိသည် အတွက် ပိန်းနှဲသီး ခွဲမည်ဆိုပါက အသုံးပြုမည့် ဓား လက်တို့ တွင် ဆီ ဆွတ်၍ ကိုင်တွယ် အသုံးပြု ရကါသညါ
သို့မှသာ ပိန်းနှဲသီး အစေးများ ကေကျံ ခြင်း မှ ကင်းဝေးစေ မှာ ဖြစ်ပါသည်