" ဆိတ်သား " ကို အသုံးပြု လျက် စားသောက်ဖွယ်ရာ
များ ပြင်ဆင် ပြုလုပ်နည်းများ ( အပိုင်း -၄ )
ဆိတ် Fighting-ball ကြော်
Hello , all my steemit member.
ကျမ ရဲ့ steemit မှ မိတ်ဆွေ သူငယ်ချင်းများ အားလုံး
မင်္ဂလာ ပါ ရှင့်
ကျမ ရဲ့ Steemit member များ နှင့် friend များအားလုံး
အတွက် ရေးသား post တင်ပေးမယ့်
အကြောင်းအရာ ကတော့ " ဆိတ်သား " ကို အသုံးပြု ၍
စားသောက် ဖွယ်ရာ များကို ပြင်ဆင် ချက်ပြုပ် နည်း
အမျိုးမျိုး ရှိသည့် အနက် ဒီနေ့ ချက်ပြုပ် ပြင်ဆင် မျှဝေပေး
မှာကတော့
" ဆိတ် Fighting-ball ကြော်" ပြုပ်နည်းအကြောင်း
ကိုရေးသား မှာဖြစ်ပါတယ်
" ဆိတ်သား " ကို ဟင်းလျာ အဖြစ် ဖြင့် ချက်ပြုပ် ပြင်ဆင်
စားသောက်ကြသလို သရေ စာ အနေ နဲ့ လည်း စား
သောက် ကြပါတယ်
ဆိတ်သား ကိုပုံစံ အမျိုးမျိုး တို့ ဖြင့်ချက်ပြုပ် ပြင်ဆင်
စားသောက် ကြရာတွင်
ဆိတ်သားချက် ဆိတ်သားနှပ် ဆိတ်သားပြုပ်ကြော်
ဆိတ်ကလီစာ ချက် ဆိတ်ပုဆိုးကြမ်း အရည်သောက်
ဆိတ်ပုဆိုးကြမ်း အသုပ် ဆိတ်ဦး နှောက်ကြော်
ဆိတ် ဖိုက်တင်ဘောကြော် ဆိတ်ခြေထောက်စွပ်ပြုပ်
ဆိတ်သားအကြွတ်ကြော် ဆိတ်သားမွ ကြော်
ဆိတ်ရိုးကုဘားပဲဟင်း ဆိတ်သားခြောက်ဆီဆမ်း
ဆိတ်သားထောင်းကြော် ဆိတ်သားကင် ဆိတ်ဦးနှောက်
ကြော် ဆိတ်စဉ်းကော ကြော်/ချက် ဆတ်သားသုပ်
ဆိတ်သား အာလူးဆီပြန် ဆိတ်ရိုးကုလားပဲ ချက်
ဆိတ်သား ဒန်ပေါက် ဆိတ်နားရွက်သုပ် ဆိတ်နံရိုးစွပ်ပြုပ်
ဆိတ်သားလုံးကြော် ဆိတ်သားလုံးဆီပြန်ဟင်း
ဆိတ်သားခြောက်ငပိချက် ဆိတ်သားထောင်းသုပ်
စသည် ဖြင့် ဟင်းလျာ အဖြစ် ထမင်းနှင့် တွဲဖက်စားသောက် ကြ ပါတယ်
" ဆိတ် Fighting-ball " ဟာ အားရှိ စေပါတယ်
နာမကျန်းဖြစ်ပြီး အစားအသောက်ပျက်နေသော နာလန်ထ လူမမာ များ အား ဆိတ် Fighting-ball စားသောက်ပေးခြင်း
ဖြင့် အားများပြန်လည်ပြည့်ကာ ကျန်းမာလာစေ ပါတယ်
ကလေးငယ် များအား " ဆိတ် Fighting-ball " ကြွေးပေး ခြင်း
ဖြင့် သူငယ်နာ ကင်းစင်စေပါတယ်
" ဆိတ် Fighting-ball "အမျိုသား များအတွက် အထူးကောင်မွန် စေတယ်လို့လည်း ဆိုကြပါတယ်
ကျမ တို့ မြို့ မှာတော့ "ဆိတ် Fighting-ball " ကို အလွယ်
တကူ ဝယ်ယူ ရရှိ နိုင်ပါတယ်
ယခု လက်ရှိ ကျမ ဝယ်ယူ ရရှိသည့်ဈေးနူန်းများကတော
ဆိတ် Fighting-ball -၁လုံး = ၅၀၀/ ၁၀၀၀ /၁၅၀၀ / ၂၀၀၀MMK
( ကြီး / သေး /လတ် )
ဆိတ်ခြေထောက် -၁ချောင်း = ၃၀၀ / ၅၀၀ /၇၀၀
ဆိတ်သား အသားကောင်း - ၁ပိဿာ =၁၅၀၀၀MMK
( တစ်တုံးထဲ အသား)
ဆိတ်သားရောရာ -၁ပိဿာ =၁၂၀၀၀ MMK
ဆိတ်ကလီစာ - ၁ပိဿာ =၁၀၀၀၀ MMK
ဆိတ်ဝမ်းတွင်းသား -၁ပိဿာ =၁၀၀၀၀ MMK
စသည်ဖြင့် ဝယ်ယူ ရရှိပါတယ်
" ဆိတ် Fighting-ball ကြော် " သည် ချက်ပြုပ်ရာတွင်
မြန်ဆန် သည့် အပြင် ပြုလုပ်ရ လွယ်ကူ ပါတယ်
ဆိတ် Fighting-ball ကြော်
ပါဝင်ပစ္စည်းများ
1- ဆိတ် Fighting-ball -၁လုံး
2-ဗင်နီဂါ ဟင်းစားဇွန်း -၁ဇွန်
3-ကြက်သွန်ဖြူ - ၃မွာ
4- ဂျင်း - ၁တက်
5- သံပုရာသီး -၁လုံး
6-ဆီ -အနည်းငယ်
7-ဆား -အနည်းငယ်
8- နန္နင်းမှုန့် - အနည်းငယ်
9-အရသာမှုန့် - အနည်းငယ်
10-မဆလာ - အနည်းငယ်
တို့ လိုအပ်ပါတယ်
ပြုလုပ်နည်း အဆင့်ဆင့်
" ဆိတ် Fighting-ball အားရေစင်အောင်
အထပ်ထပ်ဆေးပါ
အပေါ် ယံ တွင် အကျိ အချွဲ များကပ်နေပါကလည်း
ဖယ်ရှားပေးပါ
ဆိတ် Fighting-ball ပေါ် သို့ ဗင်နီဂါ အရည်
များလောင်းထည့် ပြီး ပွတိသတ်ဆေးကြောပါ
ထို့နောက် ရေစင်အောင်ဆေး ရေစစ်ထားပါ
ရေစစ်ထားသော ဆိတ် Fighting-ball အား လေးစိပ်စိပ်
ထားပါ
ဆိတ် Fighting-ball အတုံးများပေါ်သို့ သံပုရာသီး
အရည်ညှစ်ထည့် ဆား အရသာမှုန့် နန္နင်းမှုန့်တို့ ထည့်
ဂျင်း အရေ ညှစ်ထည့် ပြီး နယ်ပေးပါ
ဂျင်း ကြက်သွန်ဖြူ များအား အခွံ သင်ထားပါ
အခွံသင်ထားသော ဂျင်း ကြက်သွန်ြဖူ များအား
ငရုတ်ဆုံ တွင် ကြေညက် ထောင်းထားပါ
ထို့နောက်
ဒယ်အိုးတွင် ဆီထည့် ဆီပူလာပါက ထောင်းထားသော
ဂျင်း ကြက်သွန်ဖြူ ထည့် ကြော်
ဂျင်း ကြက်သွန်ြဖူ များ အနံ့မွှေး ပြီး ကြွတ်လာပါက
ပုဂံ တစ်ခု တွင် ဆီစစ်၍ ဆယ်ထားပါ
လက်ကျန်ဆီ တွင် ဆိတ် Fighting-ball အား ထည့် ကြော်
အထက်အောက်လှန် မွှေပေးပါ
ရေစပ်စပ် ထည့် အဖုံးအုပ်ထားပါ
ဆိပြန်လာပါ ဆယ်ယူထားသော ဂျင်း ကြက်သွန်ဖြူ ကြော်
များ မဆလာ အပေါ်မှ အုပ်ကာ ပြင်ဆင် တည်ခင်း
စားသောက်နိုင်ပြီ ဖြစ်ပါတယ်
ဆိတ်သားနှင့်ပတ်သက်သော ဟင်းလျာများ အားချက်ပြုပ်
ပြင်ဆင်ရာတွင် ကျမ ပြုလုပ်စားသောက်ဖူးသော နည်းလမ်းများကိုသာ ပြုလုပ် ပြင်ဆင် post တင်ရေးသားမှာ ဖြစ်သည့်
အတွက် ချက်ပြုပ်နည်း မတူညီမှုများ ကွဲလွဲ မှု့ များ ရှိပါကလည်း
နားလည် ပေးကြရန် အထူးမေတ္တာ ရပ်ခံ ပါတယ်
( မှတ်ချက် - ကျမ အသုံးပြု ပြင်ဆင်ချက် ပြုပ် ရာတွင်
အသုံးပြု သောပါဝင် ပစ္စည်းမျာ သည် အိမ်တိုင်း မိးဖို ချောင်
တိုင်း တို့ တွင် အလွယ် တစ်ကူ ဝယ် ယူ ရရှိစေသော
ပစ္စည်း များ ဖြင့်သာ ပြင်ဆင် ပြုလုပ် သွားခြင်းဖြစ်ပါသည် )
Steemit မှ သူငယ်ချင်းမိတ်ဆွေ များ အားလုံး လည်း
လွယ်ကူ အဆင်ပြေ အရသာ ရှိစွာ ပြင်ဆင် ချက်ပြုပ်
စားသောက်ကြပါလို့
Steemit မှ fri များ အားလုံး ကျန်းမာ ချမ်းသာ ကြပါစေ
MSC-070