" ဆိတ်သား " ကို အသုံးပြု လျက် စားသောက်ဖွယ်ရာ
များ ပြင်ဆင် ပြုလုပ်နည်းများ ( အပိုင်း -၆ )
ဆိတ်သားခြောက်ပြုလုပ်နည်း
&
ဆိတ်သားခြောက်ဖုတ်ဆီဆမ်း
Hello , all my steemit member.
ကျမ ရဲ့ steemit မှ မိတ်ဆွေ သူငယ်ချင်းများ အားလုံး
မင်္ဂလာ ပါ ရှင့်
ကျမ ရဲ့ Steemit member များ နှင့် friend များအားလုံး
အတွက် ရေးသား post တင်ပေးမယ့်
အကြောင်းအရာ ကတော့ " ဆိတ်သား " ကို အသုံးပြု ၍
စားသောက် ဖွယ်ရာ များကို ပြင်ဆင် ချက်ပြုပ် နည်း
အမျိုးမျိုး ရှိသည့် အနက် ဒီနေ့ ချက်ပြုပ် ပြင်ဆင် မျှဝေပေး
မှာကတော့
" ဆိတ်သားခြောက်ပြုလုပ်နည် & ဆိတ်သားခြောက်ဖုတ်ဆီ
ဆမ်း" ပြင်ဆင် ပြု လုပ်နည်းအကြောင်း ဖြစ်ပါတယ်
" ဆိတ်သား " ကို ဟင်းလျာ အဖြစ် ဖြင့် ချက်ပြုပ် ပြင်ဆင်
စားသောက်ကြသလို သရေ စာ အနေ နဲ့ လည်း စား
သောက် ကြပါတယ်
ဆိတ်သား ကိုပုံစံ အမျိုးမျိုး တို့ ဖြင့်ချက်ပြုပ် ပြင်ဆင်
စားသောက် ကြရာတွင်
ဆိတ်သားချက် ဆိတ်သားနှပ် ဆိတ်သားပြုပ်ကြော်
ဆိတ်ကလီစာ ချက် ဆိတ်ပုဆိုးကြမ်း အရည်သောက်
ဆိတ်ပုဆိုးကြမ်း အသုပ် ဆိတ်ဦး နှောက်ကြော်
ဆိတ် ဖိုက်တင်ဘောကြော် ဆိတ်ခြေထောက်စွပ်ပြုပ်
ဆိတ်သားအကြွတ်ကြော် ဆိတ်သားမွ ကြော်
ဆိတ်ရိုးကုဘားပဲဟင်း ဆိတ်သားခြောက်ဆီဆမ်း
ဆိတ်သားထောင်းကြော် ဆိတ်သားကင် ဆိတ်ဦးနှောက်
ကြော် ဆိတ်စဉ်းကော ကြော်/ချက် ဆတ်သားသုပ်
ဆိတ်သား အာလူးဆီပြန် ဆိတ်ရိုးကုလားပဲ ချက်
ဆိတ်သား ဒန်ပေါက် ဆိတ်နားရွက်သုပ် ဆိတ်နံရိုးစွပ်ပြုပ်
ဆိတ်သားလုံးကြော် ဆိတ်သားလုံးဆီပြန်ဟင်း
ဆိတ်သားခြောက်ငပိချက် ဆိတ်သားထောင်းသုပ်
စသည် ဖြင့် ဟင်းလျာ အဖြစ် ထမင်းနှင့် တွဲဖက်စားသောက် ကြ ပါတယ်
ဆိတ်သားကို ဆိတ်သားကီးမား ဆိတ်သားပလာတာ
ဆိတ်သားပတ်ခ် ဆိတ်သား စမူဆာ စသည့်မုန့်ပဲ သရေ
စာများ တွင် လည်း ထည့်သွင်း ပြုလုပ် စားသောက်ကြပါတယ်
" ဆိတ်သားခြောက် " ကို ပြု လုပ်ရာတွင် ဆိတ်သားအစိုများ
အား နေရောင်အောက်တွင် ထား၍ အခြောက်ခံခြင်း နှင့်
မီးအပူရှိန် ကိုသုံး၍ အခြောက်ခံ ခြင်း ဟူ၍ ၂မျိုး ရှိပါတယ်
" ဆိတ်သားခြောက်" ပြုလုပ် ရာတွင် မီးမြိုက် ကျပ်တိုက်၍
အခြောက် ခံခြင်း ထက် နေအပူရှိန်ပြင်းပြင်း တွင်ထား
၍ အခြောက်ခံ ခြင်းက ပို၍ တာရှည် အထားခံကာ
မီးဘေး အန္တရာယ် မှလည်း ကင်းဝေးစေပါတယ်
ဈေးများတွင် ရောင်းချသော အသားခြောက်များကတော့
နေပူတွင်ထား၍ အခြောက်ခံခြင်း ထက် မီးအပူရှိန် ကို
အသုံးပြု ၍ အနည်းငယ် အပေါ်ရေ တင်း ပြီး သွေ့ သွား
စေရန် သာ ပြုလုပ်၍ ရောင်းချကြတာ များပါတယ်
ဈေးသည်များအတွက်လည်း အသားခြောက်သွေ့ သွားပါက
အလေးချိန် လျော့ ကြသွားသည့် အတွက် တွက်ခြေကိုက်
စေရန် ခပ်ဖန့် ဖန့် အသားများကို သာဝယ်ယူ ရရှိစေနိုင်မှာ
ဖြစ်ပါတယ်
ဆိတ်သားစစ်စစ် ကိုလည်းမရရှိနိုင်ပါ
ထို့ကြောင့် ဆိတ်သား အစို များအား ဝယ်ယူ၍ ကိုယ်တိုင်
အခြောက် လှမ်းပါက ဆိတ်သားအစစ် ကို စားသောက်
ရမည့် အပြင် ဘေးဥပါဒ် ကင်းပြီး နေ့ဘို့ ညစာ အလွယ်
တစ်ကူ ချက်ပြုပ် ကြော် လှော် အရံသင့် ဆောင်ထား
ရမည့် ဟင်းတစ်ခွက် ရရှိစေမှာပါ
" ဆိတ်သားခြောက် "သည် တာရှည် အထားခံ သည့်
အစားအစာ ဖြစ်ပါသည်
ရက်ရှည် လများ သီမ်းဆည်း သိုလှောင်ထား နိုင် သည့်
အတွက် အသားစိုများ ဝယ်ယူ ရရှိရန် မလွယ်ကူသည့်
ဒေသများ နှင့် မအားလပ်သည့် အိမ်ရှင်မများ အတွက်
လည်း ဟင်းတစ်ခွက်ရှိရန် အရံသင့် ဆောင်ထားကြတဲ့
အစားအစာ တစ်မျိုး ဘဲ ဖြစ်ပါတယ်
" ဆိတ်သားခြောက်" ကို ဟင်းချက်၍တစ်မျိုး ကြော်၍တစ်မျိုး
ကင်၍တစ်မျိုး အမျိုးမျိုး ပြု လုပ်စားသောက် ကြပါတယ်
ဆိတ်သား အစို ၁ ပိဿာ ကို အခြောက် လှမ်းမည် ဆိုပါက
အသား တွင် အစိုဓာတ် ခပ်ဖန့် ဖန့် ကျန်သည့် အနေထား
တွင် အလေးချိန် ၃၀ ကျပ်သားခန့် တင်မှာ ဖြစ်ပါတယ်
အသားတွင် အစိုဓာတ် မရှိ ခြောက်သွေ့ သည့် အနေထား
တွင် အလေးချိန် ၂၅ ကျပ်သားခန့် တင်မှာဖြစ်ပါတယ်
ဆိတ်သားအခြောက်လှမ်းနည်း
ပါဝင်ပစ္စည်းများ
1- ဆိတ်သား -၁ ပိဿာ
2- သံပုရာသီး -၂လုံး
3-ဆား -အနည်းငယ်
4- နန္နင်းမှုန့် - အနည်းငယ်
5-ယမ်းစိမ်းမှုန့် -အနည်းငယ်
တို့ လိုအပ်ပါတယ်
ပြုလုပ်နည်း အဆင့်ဆင့်
ပထမ ဆုံး ဆိတ်သား တွင် အကြောများ အကျိအချွဲ များ ပါ ပါက ဒါးဖြင့် လှီးထုပ် ဖယ်ရှား ထားပါ
အသားတွင် အကြောများပါပါက လှီးထုပ်ဖယ်ရှားပါ
ထို့နောက် ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ
ဆိတ်သား ပေါ် သို့ သံပုရာသီး အားအရည် များညစ်ထဲ့
၍ သံပုရာ အရည်များ အသားထဲဝင်အောင် ဆုပ်နယ်ပေးပါ
ရေစစ်ထားသော ဆိတ်သားအား ဓားထက်ထက် ဖြင့်
အမြှောင်း လိုက် လုံးပတ် ၁လက်မ ခန့် ရှိ အသားမြှောင်း
အရှည် များဖြစ်အောင် လှီးပါ
လှီးထားသော အသားမြှောင်းမျာ ကို ပုဂံတစ်ခု တွင်ထည့်
ဆား နန္နင်းမှုန့် ယမ်းစိမ်း မှုန့် တို့ထည့်ကာ လက်ဖြင့်
အသားထဲ စိမ့်ဝင်အောင် ဆုပ်နယ်ပေးပါ
နေရောင်ပြင်းပါက အသားများသည် တစ်ရက် ဖြင့် ခြောက်
သွေ့ သွားမှာဖြစ်သည့် အတွက် ယမ်းစိမ်းမှုန့် မထည့် လည်း
ရ၍ နေ အပူရှိန် နည်းသည့် အချိန် နှင့် မီး အပူ ရှိန် တွင်
ကျပ်တိုက်မည် ဆိုပါက ယမ်းစိမ်း မှုန့် အနည်းငယ် ထည့်ရန်
လိုအပ်ပါမည် ယမ်းစိမ်းမှုန့် သည် အသားများ ပုတ်သိုမသွား
စေရန် ဖြစ်ပါသည်
ဆိတ်သား အမြှောင်းမျာအား ကင်တံ ( သို့ ) တံစို့  တစ်ခု တွင်
အသားမြှောင်း တစ်ခု နဲ့ တစ်ခု အနည်းငယ် ခွာကာ
ထိုးထည့်ပါ
ထိုနောက် တံစို့ ၏ဘေး တစ်ဖက် တစ်ချက် တို့ တွင် ကြိုး
ချည် ပြီး နေရောင်ပြင်းပြင်း ပူသောနေရာတွင် ချိတ် ( သို့)
ဝါးလုံး ရှည် တွင် ချိတ်၍ ၁ရက်မှ ၃ရက် ကြာသည်အထိ
နေလှန်း ပါ
ဆိတ်သားများခြောက်သွေ့သွားပါက စိတ်ကြိုက်
ကြော် ဖုတ် ပြုပ် ချက် လိုသလို သိမ်းဆည်း စားသောက်
နိုင်ပြီ ဖြစ်ပါတယ်
ဆိတ်သားခြောက်ဖုတ်ဆီဆမ်း
ပါဝင်ပစ္စည်းများ
1- ဆိတ်သားခြောက် - ၅ကျပ်သား
2-အရသာမှုန့် အနည်းငယ်
3-ဆီ- အနည်းငယ်
4- သံပုရာသီး - ၁ခြမ်း
ပြုလုပ်နည်း
မီးသွေးမီးဖို / Hot plate အသုံးပြု၍ ပြင်ဆင် ပြု လုပ်နိုင်
ပါသည်
မီးအပူရှိန် မျှင်းမျှင်းပေါ် တွင်
ဆိတ်သားခြောက်များ အကင်ဇကာ တွင်ဆီထည့်လျှက်
မီးနှင့် တိုက်ရိုက် မထိစေဘဲ သင့်တော်သော အကွာအဝေး
မှ မီးကင်ပေးပါ မကြာခဏ တစ်ဖက်ဆီ လှည့်၍ အကျက်ညီ
စေရန် ကင်ပေးပါ
ဆိတ်သားခြောက် များဖွေးတက်လာပြီး အရောင်ပြောင်ကာ
အနံ့ မွေးကြိုင်လာပါက
ဆိတ်သားခြောက်ဖုတ်များအားအကင်ဇကာမှ ထုပ်ပြီး
စဥ့်နီတုန်း ပေါ် တွင် အသာအယာ ထုပေးပါ
ထုထားသော ဆိတ်သားခြောက်ဖုတ် များကို ပုဂံ တစ်ခု
တွင် လိုသလို ဖဲ့ ထည့် ပြီး အပေါ် မှ အရသာမှုန့် ဖြူး
ဆီ ဆမ်း ပြီး စားသောက် သုံးဆောင်နိုင်ပြီ ဖြစ်ပါသည်
အချဉ်ကြိုက် သူများကတော့ သံပုရာသီးလေးညှစ်ထည့်
သုံးဆောင်ပါ
" ဆိတ်သားခြောက်ဖုတ်ဆီဆမ်း " နှင့်အတူ ထမင်းဆီဆမ်း
မြေပဲဆံကြော် လေး နဲ့ စားလိုက်ရရင်ဖြင့် ခံတွင်းမြိန်စေမှာ
ဖြစ်ပါတယ်
"ဆိတ်သားခြောက်ဖုတ်ဆီဆမ်း " အား ထမင်းနှင့် တွဲဖက်၍
ဟင်းလျာ အနေနဲ့ သုံးဆောင် စားသောက်ကြသလို
ရေနွေးကြမ်း သောက် ရင်း အမြည်း အနေနဲ့ လည်း
သုံးဆောင်ကြပါတယ် ရှင့်
ထန်းရည်ကြိုက်သူများ Beer ကြိုက်သူများ အတွက်လည်း
အမြည်း အဖြစ် သုံးဆောင်၍ ရမရ တော့ မသိပါ
ဆိတ်သားနှင့်ပတ်သက်သော ဟင်းလျာများ အားချက်ပြုပ်
ပြင်ဆင်ရာတွင် ကျမ ပြုလုပ်စားသောက်ဖူးသော နည်းလမ်းများကိုသာ ပြုလုပ် ပြင်ဆင် post တင်ရေးသားမှာ ဖြစ်သည့်
အတွက် ချက်ပြုပ်နည်း မတူညီမှုများ ကွဲလွဲ မှု့ များ ရှိပါကလည်း
နားလည် ပေးကြရန် အထူးမေတ္တာ ရပ်ခံ ပါတယ်
( မှတ်ချက် - ကျမ အသုံးပြု ပြင်ဆင်ချက် ပြုပ် ရာတွင်
အသုံးပြု သောပါဝင် ပစ္စည်းမျာ သည် အိမ်တိုင်း မိးဖို ချောင်
တိုင်း တို့ တွင် အလွယ် တစ်ကူ ဝယ် ယူ ရရှိစေသော
ပစ္စည်း များ ဖြင့်သာ ပြင်ဆင် ပြုလုပ် သွားခြင်းဖြစ်ပါသည် )
Steemit မှ သူငယ်ချင်းမိတ်ဆွေ များ အားလုံး လည်း
လွယ်ကူ အဆင်ပြေ အရသာ ရှိစွာ ပြင်ဆင် ချက်ပြုပ်
စားသောက်ကြပါလို့
Steemit မှ fri များ အားလုံး ကျန်းမာ ချမ်းသာ ကြပါစေ
MSC-070