ရွှေဈေး (အပိုင်း -၃)
Hello , all steemit member.
ယနေ့ရွှေဈေး ကတော့ မြန်မာကျပ်ငွေ
(အကယ်ဒမီ မီးလင်း)
1218000 (Buy)
1218500 (Sell)
ှိကမ္ဘာ့ရွှေဈေး ကတော့
1499.00
လက်ရှိငွေလဲနှုန်း
Current X-rate
1510 - 1512
ဖြစ်ပါသည်
ကျမငယ်စဉ် ကတည်းက ရွှေနှင့် ပတ်သက်၍ လူကြီး များပြောတတ်သဖြင့် ကြားနေကျ ကြားနေကျ စကား ကတော့
ရွှေကို ဝယ်ယူ စုဆောင်းထားပြီး နောက် မရှိ ဝမ်းစာ ရှိက တန်ဆာ ဟူသည့် စကားဖြစ်ပါသည်
ကျမကတော့ အင်မတန်မှန်သည့် စကားဟု ယူဆမိပါသည်
ကျမ၏ သက်တမ်းတစ်လျောက် တွင် အဖိုးအဖွား အဖေ အမေ များသည် လက်ထဲငွေသားများ ပိုလျှံလာသည်နှင့် ရွှေကို ဝယ်နိုင်သမျှဝယ်ယူ စုဆောင်းထားလေ့ ရှိပါသည်
ထိုရွှေများဖြင့်ကိုပင် ထုခွဲရောင်းချလျက် အချိန်တန်ပါက တိုက်အိမ်ခြံမြေ များ ဝယ်ယူခြင်း
အရေးကြုံပါက ကျန်းမာရေးအတွက် အသက်လုရန်အခြေအနေမျိုး ကြုံလာပါက ထိုရွှေများကိုပင် ရောင်းချပြီး သုံးစွဲခဲ့သည် ကိုမြင်တွေ့ခဲ့ရပါသည်