ဂွေးသီးငပိတစ်ချက် (အပိုင်း- ၃)
Hello , all steemit member.
ဒီနေ့ ရာသီစာ ဂွေးသီးငပိတစ်ချက်လေး ပြုလုပ်စားသောက်ရင်း post တင်လ်ုက်ပါသည်
ပါဝင်ပစ္စည်းများ
- ဂွေးနုနု အလုံး ၂၅ လုံး
- ငါးပိတစ် ၂၀ ကျပ်သား
- ခရမ်စချဉ်သီး ၂ လုံး
- ကြက်သွန်နီ ၃ လုံး
- ကြက်သွန်ဖြူ ၃ မွှာ
- ငရုတ်သီးစိမ်း ၁၀ တောင့်
- ဆီ ၅ ကျပ်သား
- နန္နင်းမှုန့် အနည်းငယ်
- အရသာမှုန့် အနည်းငယ်
ပြုလုပ်နည်း
အရင်ဆုံး ဂွေးသီးနုနုလေးများအား ရေ လ္ဘက်ရည် ပုဂံ တစ်လုံးစာထည့်ပြုပ်ပါ ရေခမ်းပါက
အအေးခံပြီး ဂွေးသီး၏အပေါ်ခွံ များအား ဖယ်ပစ်ပါ ခြေထားပါ
ငါးပိတစ်အား ဆားများကုန်သည်ထိ ရေစင်အောင်ဆေးကြော၍ လိုသလိုအုးူံလေးများ တုံးပါ
ငရုတ်သီးစီမ်းတောင့်များအား ရေစင်အောင်ဆေးကြော၍ အညှာခြွေထားပါ
ခရမ်ူချဉ်သီး ကြက်သွန်နီ ကြက်သွန်ဖြူ များအား လှီး ထောင်း၍ ဆီသတ် ကာ ဟင်းအနှစ် လုပ်ပါ
ဟင်းအနှစ် ဆီပြန်ပါက ငပိတစ် နှင့် ချေထားသော ဂွေးသီးများ ထည့် အရသာမှုန့် ထည့် မွှေပါ
ရေအနည်းငယ်ထည့် ငပိတစ် နူးရုံ ရေထည့်ပြီး အဖုံး အုပ်ထားပါ
ရေခမ်းပြီး ဆီပြန်လားပါက အပေါ်မှငရုတ်သီးစိမ်းနောင့်လေးများအုပ် ၍ ပြင်ဆင် စားသောက်နိုင်ပြီ ဖြစ်ပါသည်
ယခုလို မိုးဦးပေါက်ရာသီ တွင်
ဂွေးသီးငပိတစ်ချက်
ဆူးပုတ်ရွက် ဟင်းချို လေးကတော့ အလိုက်ဖက်ဆုံး ဟင်းလျာအတွဲလေး ဖြစ်ပါတော့သည်