Hello „ all my friends.
ဝက်သားနီချက်
ဒီနေ့အတွက် post ကတော့
အစားတစ်လိုင်း မမ ရဲ့ ယနေ့ဟင်းလျာ ကတော့
ဝက်သားနီ ချက်ဘဲ ဖြစ်ပါတယ်
မမ ကတော့ ဝက်သားနှပ် ဝက်သားချက် စားရတာ ရိုးအီလာပြီဆိုရင် ဝင်သားကို အရောင်ရဲရဲလေးနဲ့ ချိူချိူအီအီ အရသာလည်းထွက်တဲ့ ဝက်သားနီချက် စားဖြစ်ပါတယ်
ဝက်သားနီ ချက်တော့မယ် ဆိုရင်
ရေးစင်အောင်ဆေးထားတဲ့ ဝက်သားကို ဆားအရသာမှုန့်တို့နယ်ပြီး အနည်းဆုံး 15 မိနစ်ခန့် နှပ်ထားရပါမယ်
ဝက်သားနီချက်ရဲ့ အဓီက ချိူချိူ နီနီ ဖြစ်တောကတော့
အိုးပူလာလျင် ဆီအရင်မထည့်ဘဲ သကြား ဟင်းစားဇွန်း၁ ဇွန်းခန့်ကို အရင် အရောင်ပြောင်းရဲလာသည်အထိ လှော်ရမှာဖြစ်ပါတယ်
သကြားကြေးညိုုရောင် ရမှ ဆီ အနည်းငယ် ထည့် နှပ်ထားတဲ့ ဝက်သားထည့်မွှေပေးရမှာပါ
အဲ့ဒေါ့မှ ဝက်သားလေးတေရဲ့ အရောင်ဟာ ရဲရဲတောက်ပြီ အရောင်လှမှာ ဖြစ်ပါတယ်
အနှစ်ကြိုက်သူတေကတော့ ကြက်သွန် နီ ဖြူ ဂျင်း စတာတွေကို ရေမထည့်ခင် ဝက်သားနီနဲ့ ရောလုံးမွှေပေးပြီး အနှစ်ကျမှ ရေထည့် ဝက်သားနူးရင် ရပါပြီ
မမ ရဲ့ ယနေ့ ဟင်းလျာကတော့ ဝက်သားနီချက် ချဥ်ပေါင်ဟင်းရည် ငရုတ်သီးငပိထောင်း လေးဘဲ ဖြစ်ပါတယ်

Thanks „ for all.